menu

Thursday 10 May 2012

ခြောက်နှစ်ကျော် ကင်းကွာခဲ့သော Iron Cross ရှိုးပွဲ မော်လမြိုင်တွင် ဖျော်ဖြေ




e565a e565b
၁၉၉၆ ခုနှစ်နောက်ပိုင်းခြောက် နှစ်ကျော်ကင်းကွာခဲ့သော Iron Cross တေးဂီတအဖွဲ့၏ ဖျော်ဖြေပွဲကို မော်လမြိုင်မြို့ ရွှေတောင်ရပ်(အထက၅) ကျောင်းဝင်းအတွင်း မေလ ၆ ရက် ညပိုင်းတွင် ဖျော်ဖြေခဲ့ရာ ပရိသတ်အားပေးမှု များပြားခဲ့ကြောင်း သတင်း ရရှိပါသည်။
အဆိုပါ ဖျော်ဖြေပွဲတွင် တေးဂီတအဖွဲ့နှင့် အတူ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့က ပရိသတ်နှင့် လိုက်လျောညီထွေစွာ သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။

“၁၉၉၆ ခုနှစ်က တစ်ခါလာဆို ပြီးတော့ အဆက်ပြတ်သွားတာ အခု ၂၀၁၂ ခုနှစ်မှာ IC နဲ့ ပြန်ဆုံတာပါ၊ မူလကြေညာထားတဲ့ မေလ ၅ ရက်၊ လပြည့်နေ့ညနေက မိုးကောင်းနေတော့ ပရိသတ်အားလုံး မေလ ၆ ရက်နေ့ကို ပြန်စောင့်ရပါတယ်။ အဲဒီညက မိုးလေသာတော့ ရပ်ဝေး မုဒုံ၊ ပေါင်၊ ချောင်းဆုံ၊ ဘားအံကပါ ကွင်းပြည့်လာရောက် အားပေးကြပါတယ်။ ဒီပွဲအတွက် ရုံဝင်ခကိုတော့ ၇၀၀၀ ကျပ်သတ်မှတ်ထားပါတယ်၊ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့ အားပါးတရ သီဆိုကြသလို IC ပရိ သတ်တွေကလည်း ဟန်ချက်ညီညီ ကခုန်သီဆိုကြတဲ့အတွက် ပွဲကတော်တော်စည်ကားပါတယ်။ ည ၉း၅၀ လောက်မှာ မမျှော်လင့်ဘဲ  လေးဖြူက မာယာသီချင်းနဲ့နှုတ်ဆက် ပွဲသိမ်းသွားပါတယ်”ဟု အဆိုပါ ဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုခဲ့ သော ပရိသတ်တစ်ဦးက ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis