menu

Tuesday 8 May 2012

ပို၍ သမာသမတ်ကျမည့် စာစစ်ဆော့ဖ်ဝဲ တီထွင်ဖေါ်ထုတ်

တက္ကသိုလ်နှင့် အထက်တန်းကျောင်းသားများ၏ အက်ဆေးရေးသားမှုကို ကျူတာများနှင့် ဆရာများက စစ်ဆေးရသည်။ သို့သော် ဆရာနေရာကို ကွန်ပျူတာများဖြင့် များမကြာမီနှစ်များအတွင်း အစားထိုးတော့မည် ဖြစ်ကြောင်း သိရပါသည်။
သုတေသနအဖွဲ့တစ်ခုက လူသားများကဲ့သို့ အက်ဆေးရမှတ်များကို စစ်ဆေးပေးနိုင်မည့် ဆော့ဖ်ဝဲဒီဇိုင်းကို ရှာဖွေဖန်တီး ထားပြီဖြစ်သည်။

အိုဟိုင်းအိုတက္ကသိုလ်က ပါမောက္ခ Mark Shermis ဦးဆောင်သော အဖွဲ့က စစ်ဆေးပြီးသား အက်ဆေး အပုဒ်ရေ ၁၆၀၀၀ (တစ်သောင်းခြောက်ထောင်) ကို နောက်ဆုံးပေါ် ဆော့ဖ်ဝဲဖြင့် စစ်ဆေးကြည့်ရာတွင် တကယ့်လူသားများ စစ်ဆေးသည့်နီးပါး မှန်ကန် တိကျမှုရှိကြောင်း တင်ပြခဲ့သည်။
“ဒီနည်းပညာကတော့ ဆရာတွေအနေနဲ့ အက်ဆေး ပုဒ်ရေများများကို လေ့ကျင့်ပေးနိုင်မယ်။ ကျောင်းသားတွေရဲ့ အက်ဆေး ရေးသားမှု တိုးတက် လာစေဖို့ အိမ်စာ များများပေးလို့ရပြီ။” Shermis က ပြောပြခဲ့သည်။

ဆော့ဖ်ဝဲနှင့် နည်းပညာကို ၂ နှစ် ၃ နှစ်အတွင်း တကမ္ဘာလုံးသို့ ပြန့်နှံ့နိုင်မည်ဟု မျှော်လင့်ထားသည်။
ရေးသားထားသည့်စာ၏ သဒ္ဒါ Grammar နှင့် structure ၀ါကျတည်ဆောက်မှုပုံစံအပြင် အဓိပ္ပါယ်နှင့် အကြောင်းအရာကိုပါ စစ်ဆေးပေးမည့် ဆော့ဖ်ဝဲကို တီထွင်နိုင်မည်ဟုလည်း သိရပါသည်။
အချို့သောပညာရှင်များက ကွန်ပျူတာဖြင့် စာအရေးအသား စစ်ဆေးမှုမှာ လူသားနီးပါး ထပ်တူဖြစ်ကြောင်းကို ထောက်ခံကြ သော်လည်း အချို့ပညာရှင်များကမူ ပညာရေးနှင့် စာစစ်ပြဿနာ ပိုတက်လာဖွယ်ရာ ရှိနေသည်ဟု ယူဆထားကြပါသည်။
မြန်မာပြည်မှာလည်း ၁၀ တန်းနှင့် တက္ကသိုလ် စာမေးပွဲများ၏ ရမှတ်ကို လူနှင့် မစစ်တော့ဘဲ သမာသမတ် ပိုရှိမည့် နောက်ဆုံးပေါ် ကွန်ပျူတာနည်းပညာဖြင့် အစားထိုး စာစစ်ဆေး ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံစာစစ်အဖွဲ့ကို ကျနော်တို့အားလုံး ၀ိုင်းဝန်း အကြံပြုသင့်ပါသလား။
မြတ်ပန်းရှင်
မောက္ခပညာရေးနည်းပညာသတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis