menu

Tuesday 8 May 2012

ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်ရန် အမေရိကန် ပြည်ထောင်စုသို့ နာရေးကူညီမှုအသင်း ဥက္ကဌဦးကျော်သူ ရောက်ရှိ




73112
ပြည်သူ့ဂုဏ်ရည် အသင်းသားများက မေလ ၁ ရက်နေ့က လာရောက်ကြိုဆိုနေစဉ်
နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့သည် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် အမေရိကန် ပြည်ထောင်စုသို့ မေ လ ၁ ရက်နေ့က ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ မေလ ၂၇ ရက်နေ့ တွင် ကျင်းပပြုလုပ်မည် ဖြစ်သောကြောင့် နာရေးကူညီမှု အသင်းဥက္ကဌဦးကျော်သူ နှင့်အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့သည် ယင်းနေ့မတိုင်မီရက်များ၌ မေလ ၅ ရက်နေ့မှစတင်၍ အမေရိကန်ပြည်ထောင်စုရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယခုပြုလုပ်မည့် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲ အခမ်းအနားသည် ပြည်သူ့ဂုဏ်ရည်အသင်းမှ တတိယ အကြိမ်မြောက် ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး နာရေးကူညီမှု အသင်းဥက္ကဌ ဦးကျော်သူမှာ ၂၀၁၀ ပြည့်နှစ် ဧပြီလအတွင်းက အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့တွင် ကျင်းပသည့် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ပထမဦးဆုံးအကြိမ်အဖြစ် ချီးမြှင့်ခံခဲ့ရသည့် ပြည်သူ့ဂုဏ်ရည်ဆုရှင်ဖြစ်ပြီး ယခုနှစ်တွင် ပြုလုပ်မည့် ယင်းအခမ်းအနားသို့ တက်ရောက်ရန် စီစဉ်ထားမှုမှာ ဆုရရှိသူများအား ဂုဏ်ပြုအားပေးရန်သာ ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ဂုဏ်ရည်အသင်းမှ ယခုနှစ်တွင် ပေးအပ်ချီးမြှင့်မည့် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ရှေ့နေဦးဖိုးဖြူ (ခ)ဦးရန်နိုင်အောင်၊ လဖိုင်နော်မိန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သုခ ရိပ်မြုံနှင့် ဒေါ်သန်းမြင့်အောင်တို့ကို ဆန်ခါတင်အဖြစ်ရွေးချယ်ထားပြီး ၎င်းတို့အနက် တစ်ဦးကိုသာ အများပြည်သူဆန္ဒဖြင့် ရွေးချယ်ချီးမြှင့်မည် ဟု သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis