| လယ်မြေတွေမှာ စိုက်ပျိုးခဲ့ကြတဲ့ စပါးသီးနှံတွေကိုတောင် မရိတ်သိမ်းနိုင်ဘဲ အားလုံးကို စွန့်ခွာချန်ထားခဲ့ ကြရပါတယ်။ ဒီနှစ်တော့ ၀မ်းစာမပြောနဲ့၊ စိုက်ပျိုးဖို့ မျိုးတောင်မရှိသေးပါဘူး။ တကယ်လို့သာ ဒီနှစ်မှာပါ စိုက်ကြပျိုးကြဖို့ မပြင်ဆင်နိုင်ခဲ့ဘူးဆိုရင် နောက်နှစ်အတွက် ၀မ်းစာဆိုတာ ဘယ်မှာလဲလို့ မေးကြရတော့မှာပါ |
Friday, 4 May 2012
တစ်နှစ်ပြည့်တော့မည်
Subscribe to:
Post Comments (Atom)
မိုးကြိုမိုးလေးတွေ တဖွဲဖွဲရွာစပြုတဲ့ မေလဆန်းကို ချဉ်းနင်း
ဝင်ရောက်လာခဲ့ပါပြီ။ ရာသီစက်ဝန်းက တစ်ပတ်လည်လုပြီ။ မနှစ်က ဇွန်လ။ မိုးတွေ
တစ်ပြိုက်ပြိုက်ရွာတုန်း အိမ်ငယ်လေးတွေကို စွန့်လို့ တိမ်းရှောင်သူတွေ
တိမ်းရှောင်ကြရတယ်။ ကချင်တောင်တန်းတွေပေါ်မှာ မိုးစက်တွေကြား ကူကယ်ရာ
လက်တွေရှိမယ်လို့ မျှော်လင့်ရတဲ့ နေရာတွေဆီ စွန့်ခွာကြရတယ်။ အဲဒီတုန်းကတော့
ဒါဟာ မကြာပါဘူးလို့ အားလုံးက ထင်ခဲ့ကြပါတယ်။ မကြာခင်
အိမ်ပြန်နိုင်မှာပဲလို့ ထင်ခဲ့ကြပါတယ်။ အခုတော့ သူတို့မျှော်လင့်ခဲ့ကြတဲ့
အိမ်အပြန်လမ်း ဝေးခဲ့တာဟာ ရှေ့လာမယ့် ဇွန်လဆိုရင် တစ်နှစ်ပြည့်တော့မှာပါ။
ကချင်ပြည်နယ်တွင်းမှာ တပ်မတော်နဲ့ ကေအိုင်အေအဖွဲ့အကြား
တိုက်ပွဲဖြစ်ပွားမှုတွေဟာ ၂၀၁၁ ခုနှစ် ဇွန်လကစတင်ခဲ့ပါတယ်။ စပြီးဖြစ်ပွား
ခဲ့တဲ့နေရာက ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်။ နောက်ပိုင်းမှာတော့
မြစ်ကြီးနား၊ ၀ိုင်းမော်အထိပါ သက်ရောက် တော့တာပါ။ အဲဒီအချိန်ကာလက စလို့
နေ့တဓူဝ အေးအေးချမ်းချမ်း နေထိုင်ခဲ့ရာ ကျေးရွာလေးတွေကို ဒေသခံတွေ
စွန့်ခွာခဲ့ရပါတယ်။ ဒေသခံ ကချင်နဲ့ရှမ်းဗမာတိုင်းရင်း သားတွေဟာ
သူတို့နေထိုင်ခဲ့တဲ့ ကျေးရွာကလေးတွေ၊ သူတို့စိုက်စား ပျိုးစားခဲ့တဲ့
တောင်ယာ၊ လယ်ယာ တွေ၊ သူတို့နေပျော်ခဲ့ရာ ပတ်ဝန်းကျင်တွေကို အဝေးမှာ
ချန်ရစ်လို့။ အိမ်မဟုတ်တဲ့ နေရာတွေမှာ ကာလရှည်ကြာ ခိုလှုံလာရပါတယ်။
No comments:
Post a Comment