menu

Friday 4 May 2012

ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို ဒီနှစ်ထဲ သွားရောက်လည်ပတ်ဖို့ ရှိ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အခြေအနေကို ဆွေးနွေးဖို့အတွက် ဂျပန်နိုင်ငံကို ဒီနှစ်ထဲမှာ သွားရောက် လည်ပတ်ဖို့ ရှိတယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းက မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး Takashi Saito နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က… မိမိအနေနဲ့ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ပြီး မြန်မာ့နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေးလိုတဲ့ ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ပ ခရီးစဉ်တွေ စတင်ဖို့ နိုင်ငံကူးလက်မှတ် လျှောက်ထားကြောင်း မြန်မာအစိုးရ အရာရှိတွေကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။

လောလောဆယ် အထိတော့ နိုင်ငံကူးလက်မှတ် ထုတ်မပေးရသေးဘူးလို့ ဆိုပါတယ်။ ဂျပန်နိုင်ငံထုတ် Nikkei သတင်းစာကလည်း
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဂျပန်ခရီးစဉ်ကို သမ္မတဦးသိန်းစိန်က ခွင့်ပြုမယ်လို့ ရေးသားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၅ ခုနှစ် ပတ်ဝန်းကျင်တဝိုက်က ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်မှာ မြန်မာ့သမိုင်းဆိုင်ရာ သုတေသန ဆည်းပူးတုန်းက
နေထိုင်ခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ အတွင်းမှာလည်း ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတွေကို သွားမယ်လို့ ပြီးခဲ့တဲ့လက ပြောဆိုခဲ့ပါတယ်။
RFA - Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis