menu

Friday 4 May 2012

အိန္ဒိယနိုင်ငံ ပဲ့ထိန်းဒုံးကျည် ပညာရှင်အမျိုးသမီး စံပြဖြစ်


နယူးဒေလီ- အမျိုးသားများသာ နေရာပေးခံရသော အိန္ဒိယနိုင်ငံတွင် ရှေ့ဆောင်လမ်းပြအဖြစ် ကြိုဆိုခံရသည့် တေဆီသောမတ်စ်သည် သူ၏ လုပ်ငန်း စဉ်တစ်ခုတွင် နိုင်ငံ့တာဝန်အား ပဲ့ထိန်း ဒုံးကျည်ပညာရှင်အဖြစ် စွမ်းဆောင် ပြသသွားခဲ့သည်။
သောမတ်စ်သည် တိုက်ချင်းပစ် နျူကလီးယားဒုံးကျည် အဂ္ဂနိ-၅ အတွက် စီမံကိန်း ဒါရိုက်တာဖြစ်သည်။ ယင်းဒုံးပျံသည် အဓိက စစ်ရေးစွမ်းရည် မြှင့်တင်သည့်အနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်က ပစ်လွှတ်ခြင်းဖြစ်သည်။
၎င်းဒုံးပျံသည် ပထမဆုံးအကြိမ်အဖြစ် ပြိုင်ဘက် တရုတ်နိုင်ငံ၏ မြို့များစွာကို ထိခိုက်နိုင်စွမ်းရှိသည်။

ပြည်တွင်းသတင်းမီဒီယာက ဒုံးကျည် အမျိုးသမီး (Missile Woman)အဖြစ် ဂုဏ်ပြုချီးကျူးခံရသည့် ၎င်းသည် အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးသုတေသန နှင့် ဖွံ့ဖြိုးရေးအဖွဲ့ (DRDO) ၏ လျှို့ဝှက်ကမ္ဘာတွင် မျက်နှာစိမ်းတစ်ဦး ဖြစ်လာခဲ့သည်။
သို့သော် တောင်ပိုင်း ကေရာလာ ပြည်နယ်မှ ရိုမန်ကက်သလစ် ဘာသာဝင်သည် သူ၏ အသက်မွေး ၀မ်းကျောင်းမှုအမြင်ကို ပြောင်းလဲခဲ့ပြီး သူ့ဘ၀တစ်လျှောက်လုံး ဓလေ့ကိုလည်း စိန်ခေါ်ခဲ့သည်။
သူသည် နေအိမ်တွင် တိကျသည့် အိမ်ထောင်ရှင်မတစ်ဦးနှင့် မိခင်ဖြစ်ဆဲပါဟု ပြောသည်။
"အိန္ဒိယယဉ်ကျေးမှုအရ အမျိုးသမီး များဟာ အိမ်မှုကိစ္စကိုသာ ထိန်းသိမ်းရမယ်လို့ ကျွန်မတို့နားလည်ထားပါ တယ်။ ဒါပေမယ့် ဒီမှာက စိန်ခေါ်မှု တချို့တော့ရှိတာပေါ့ရှင်"ဟု အသက် ၄၈ နှစ်ရှိ တေဆီက အေအက်ဖ်ပီကို ပြောသည်။
"ဒါပေမယ့် ကျွန်မအမျိုး သမီး မိတ်ဆွေအားလုံးဟာ ကျွန်မလိုပဲ ဒီအလုပ်မျိုးတွေကို လုပ်နေပါပြီ"ဟု ဆက်ပြောခဲ့သည်။
"ဒီအလုပ်ဟာ နည်းနည်းတော့ ခက်တယ်ရှင့်။ ဒါပေမယ့် အိမ်မှုကိစ္စနဲ့ အလုပ်ကြားမှာ ကျွန်မရဲ့အချိန်ကို ချိန်ဆပြီး ဒါကိုလုပ်နိုင်ခဲ့ ပါတယ်။ ဒါ့ပြင် ဒီ အလုပ်ဟာ ကျွန်မသား ကျောင်းနေစဉ် မှာ အခက်အခဲတော့ ကြုံရပါတယ်"ဟု ၎င်းကပြောသည်။
သို့သော်လည်း သူ၏ အမျိုးသမီး မိတ်ဆွေအားလုံးသည် အထင်ကရ နေရာများတွင် တိုးတက်လာ သည်မဟုတ်ကြပေ။
အဂ္ဂနိသည် အိန္ဒိယနိုင်ငံအတွက် ဂုဏ်သိက္ခာရှိသည့် စီမံကိန်းတစ်ခုပင် ဖြစ်သည်။
ယင်း၏ ကီလိုမီတာ ၅,၀၀၀ (မိုင်ပေါင်း ၃,၁၀၀) ကို ထိမှန်အောင် ပစ်နိုင်သည့် ဒုံးကျည်သည် အမျိုးသား ကာကွယ်ရေးအတွက် အရေးပါ၍ နိုင်ငံ၏ တိုးတက်သည့်စွမ်းရည်ကို ပြသခြင်းပင်ဖြစ်သည်။
အထင်ကရနေရာမှ အခြား အမျိုး သမီးဖြစ်သည့် သမ္မတ ပရာတစ်ဟာ ပါတေးက သိပ္ပံပညာတွင် အသက်မွေး ၀မ်းကျောင်းမှုများကို ရွေးချယ်ရာတွင် အဂ္ဂနိစီမံကိန်းသည် အမျိုးသမီးများကို လှုံ့ဆော်သည်ဟု မျှော်လင့်ရကြောင်း သောမတ်စ်၏ စွမ်းဆောင်မှုဖြစ်သော ဒုံးကျည်စမ်းသပ်မှုပြီးနောက် ဝေဖန် ချက်ပေးသွားခဲ့သည်။
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း ကလည်း သောမတ်စ်သည် ထုံးတမ်း စဉ်လာအရ အမျိုးသားများသာလွှမ်းမိုး သည့်လုပ်ငန်းတွင် သူ၏ စွမ်းရည်ကို ပြသခဲ့သည့် စံပြအမျိုးသမီးတစ်ဦး ဖြစ်သည်ဟု ပြောကြားခဲ့သည်။
သောမတ်စ်သည် DRDO အား ၁၉၈၈ ခုနှစ်တွင် ဆက်သွယ်၍ နောက်ပိုင်း အိန္ဒိယနိုင်ငံ၏သမ္မတ ဖြစ်လာသည့် အမျိုးသားဒုံးကျည်တိုး တက်မှုအစီအစဉ်၏ ဗိသုကာ အေပီဂျေ အက်ဒူကာလမ်၏အောက်တွင် အလုပ် ဆက်လုပ်ခဲ့သည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis