menu

Friday 4 May 2012

ရေအားလျှပ်စစ်(မြင့်သန်းကျော်)

ရန်ကုန်မြို့တော်ကို မီးအလှည့်ကျပေး လိုက်တော့မြို့တော်ကြီးမှာ လှုပ်လှုပ်ရှားရှားတွေအများကြီးဖြစ်ကြရပါတယ်။ ယနေ့ကမ္ဘာမှာ လျှပ်စစ်ဟာ အရာရာနဲ့ပတ်သက်နေပြီလို့ ပြောရမတတ်ပါပဲ။
မီးဖြတ်တာ ကမ္ဘာနဲ့ အဆက် ဖြတ်ခံရတာပါပဲ။
နောက်ဆက်တွဲက စက်ရုံတွေ ဒီဇယ်ဈေးမြင့်နေတဲ့အချိန်မှာ မီးစက်တွေနဲ့ စက်တွေ လည်ပတ်ရတော့ ထုတ်လုပ်ရေးစရိတ်တွေ တက်မယ်။
လျှပ်စစ်နဲ့ပတ်သက်သမျှ လုပ်ငန်းတွေမှာ အပိုကုန်ကျစရိတ်တွေ ရှိလာပါတယ်။
ဒါတွေကို ထုတ်လုပ်သူတွေနဲ့ ၀န်ဆောင် မှုပေးတဲ့ လုပ်ငန်းရှင်တွေက ခဏတာ စိုက်ထုတ်ကျခံရပေမယ့် နောက်ဆုံးမှာ တော့ သုံးစွဲသူတွေဟာ တန်ဖိုးကြီးကျခံ သုံးစွဲရတော့တာပါပဲ။
ဒါဟာ မြန်မာနိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံးနေရာ တစ်ခုရဲ့ နစ်နာမှု ပါပဲ။

နောက်အကျိုးဆက်က အဲဒီဒေသနဲ့ စီးပွားရေးဆက်နွှယ်မှုတွေ ရှိနေရတဲ့ တစ်ပြည်လုံးနဲ့ ဆက်သွယ်မှုပါ။
မြန်မာပြည်ရဲ့ အဓိကစီးပွားရေးမြို့တော် များကို စီးပွားရေးအထောက် အကူပြုတဲ့ လျှပ်စစ်ကို လုံလောက်အောင်မပေးနိုင် တာဟာ တစ်ပြည်လုံးကို တိုးတက်မှုမရှိ စေတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်လာပါ လိမ့်မယ်။
စက်မှုဇုန်တွေ ဘယ်မှာပဲရှိပါ စေ၊ အလုံးအရင်းလိုက်က ရန်ကုန်တိုင်း ထဲမှာဖြစ်နေတော့ ရန်ကုန်ဧရိယာ မီးမမှန်တာနဲ့ ငွေကြေး ဖောင်းပွမှုတွေ ကို မလွဲမသွေရင်ဆိုင်ရပါလိမ့်မယ်။
ကုန်ဈေးနှုန်းတွေ မြင့်တက်လာ ပါမယ်။ ရေဖိုး၊ တယ်လီဖုန်း ပြောခ၊ ကားရပ်နားခ၊ လမ်းတံတားဖြတ်သန်းခ၊ ဘီးခွန်၊ လျှပ်စစ်မီတာခ၊ နိုင်ငံတော်ရဲ့ မီးရထားခ အကောက်ခွန်ကင်းလွတ် ခွင့်ရ Company ရဲ့ ယာဉ်စီးခ၊ အသီးသီးတွေရဲ့အခ ဈေးနှုန်းအမျိုး မျိုး ကလည်းမသက်မသာရှိနေစဉ်မှာ မြန်မာပြည်ရဲ့ လူနေထူထပ်ဆုံးနေရာ ရန်ကုန်မြို့တော်ကြီးမှာ စည်ပင်သာယာ ကသူသတ်မှတ် ထားတဲ့ သူတို့ရောင်းတဲ့ အမှိုက်အိတ်နဲ့မှ အမှိုက်သိမ်းမယ့် အခြေအနေဖြစ်လာပြန်တယ်။
ရေးချင်တာက အခွန်အတုပ် ကြီးလေးခြင်းကိုပါ။
ခုလို မီးမမှန်လို့ဖြစ်လာမယ့် ကုန်ဈေးနှုန်းကြီးမြင့် လာတာကလည်း နူရာဝဲစွဲ လဲရာသူခိုးထောင်း ဖြစ်လာ ပြန်ပါပြီ။
ဆိုးတာက ကုန်ဈေးနှုန်းတွေဟာ တက်ပြီးရင် ပြန်မကျတော့ ပြည်သူတွေ မှ ခါးစည်းခံရုံမှအပ တခြားမရှိတော့ ဘူးပေါ့။
ပြည်သူဟာ ၀န်ထမ်းဖြစ်နေ ရင် လာဘ်စားဖို့ဘက်ကို ကျိန်းသေ ဦးတည်လာနိုင်ပြီပေါ့။
လျှပ်စစ်နဲ့ နိုင်ငံရေးဘက် ခဏ ရေးပါရစေ။
ရုရှားပြည်ကြီးမှာ ၁၉၁၇ အောက်တို ဘာလမှာ လီနင်ခေါင်းဆောင်တဲ့ တော်လှန်ရေးသမားတွေ ဇာဘုရင် နန်းတော်ကို တစ်ဟုန်ထိုး ၀င်ရောက် တိုက်ခိုက်ပြီး ဇာဘုရင်မိသားစုကို အဆုံး စီရင်ကာ ပစ္စည်းမဲ့အာဏာရှင်ဝါဒအဖြစ် ကွန်မြူနစ်အာဏာရှင်စနစ်ကို တည် ထောင်ခဲ့ပါတယ်။
လီနင်ဟာ ရုရှားနိုင်ငံကြီးကို လျှပ်စစ် ဓာတ်အား ဖူလုံရေးမူဝါဒချမှတ်ပြီး ရေ အားလျှပ်စစ်တွေ အလျှံပယ်ရအောင် ကြံဆောင်ခဲ့ ပါတယ်။
သူ့နောက်ဆက်ခံ တဲ့ အာဏာရှင်အသီးသီးဟာ လျှပ်စစ် ဓာတ်အားရရှိရေး ဆက်လက်ဆောင် ရွက်တဲ့အတွက် ကွန်မြူနစ်စနစ် ရုရှား ဟာ လျှပ်စစ်နဲ့ပတ်သက်ရင် အဆင်ပြေ ခဲ့ပြီး အကျိုးဆက်က လျှပ်စစ်ကြောင့် အသေးစားစက်မှုလုပ်ငန်းများ ဖြစ်ပေါ် လာလို့ အထိုက်အလျောက်တိုးတက်လာ ခဲ့ပါတယ်။
လျှပ်စစ်လုံလောက်မှုနဲ့ စက် ပစ္စည်းတွေ၊ စစ်လက်နက်ပစ္စည်းတွေ၊ လေယာဉ်တွေထုတ်ရင်း အင်အားရှိလာ တဲ့နောက်ပိုင်း ကမ္ဘာ စစ်ကြီးနှစ်ခုမှာ သူ့ရဲ့အင်ပါယာကို တဖြည်းဖြည်းချဲ့ထွင် နိုင်ခဲ့တာ ဆိုဗီယက်ယူနီယံအဖြစ်ထိ အရှိန်အ၀ါထွန်းတောက်ခဲ့ပါတယ်။
အထိုက်အလျောက်တိုးတက်မှုရှိရာက စစ်ရှုံးဂျာမနီကို မဟာမိတ်တွေနဲ့ အပြိုင် ၀င်သိမ်းရင်း ဂျာမန်ပညာရှင်တွေကိုရ သွားပြီး ကမ္ဘာရဲ့ ပထမဆုံးဂြိုဟ်တု၊ ပထမ ဆုံးလူလိုက်ပါတဲ့ ဂြိုဟ်တုတွေ အသီးသီး လွှတ်တင်နိုင်သည်အထိ အောင်မြင်ခဲ့ တာဟာ လျှပ်စစ်မီး လုံလောက်မှုကပံ့ပိုး ပေးလိုက်တဲ့ အသေးစားကနေ အကြီး စားစက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးသွားတယ် ဆိုတဲ့ ဥပမာပါ။
နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးတိုး တက်ရေးအတွက် မောင်းနှင်မှုအဓိက စွမ်းအားတွေထဲမှာ လျှပ်စစ်စွမ်းအင်ဟာ အရေးပါတဲ့နေရာမှာ ပါဝင် ပါတယ်။
အုပ်စိုးမှုမှုတစ်ခုဖြစ်တဲ့ ကွန်မြူနစ်စနစ် နိုင်ငံဟာ လျှပ်စစ်ဖူလုံမှု ကျေးဇူးကြောင့် စစ်လက်နက်ပစ္စည်းမျိုးစုံထုတ်ပြီး ကမ္ဘာ ရဲ့ လက်နက် တင်ပို့မှု ထိပ်တန်းနိုင်ငံ တစ်နိုင်ငံဖြစ်လာပေမယ့် အုပ်ချုပ်မှုမှာ ဒီမိုကရေစီကျင့်စဉ် မကျင့်သုံးနိုင်တဲ့ အတွက် ဒီမိုကရေစီဝါဒ အသားကျနေ တဲ့ အမေရိကန်ကို မယှဉ်နိုင်ခဲ့ပါ။
ဒါ ကြောင့် ရုရှားအာဏာရှင်တစ်ယောက် က အမေရိကန်ကို အမီလိုက်ရေး ကြွေးကြော်လှုံ့ဆော်စဉ်က အမေရိကန် ကိုမီရင် ဘာလုပ်ပေးမလဲမေးတော့ မီရင် ကျော်တက်မယ် ဖြေတယ်ပေါ့။
မေးတဲ့ လူက ကွန်မြူနစ်စနစ်ကို နာကြည်းလွန်း လို့ မီရင်တော့ ကျွန်တော် ဆင်းနေခဲ့မယ်တဲ့လေ။ သရော်စာတစ်ခုပါ။
၁၉၉၀ ခုနှစ်မှာ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသည် ထိ စနစ်ဆိုးကြီးတစ်ခု နှစ်ပေါင်း ၇၀ ကျော် ရပ်တည်နိုင်ခဲ့တာ လျှပ်စစ်ဓာတ်အား လုံလောက်ခြင်းရဲ့ အကျိုးကြောင့် စက်မှု ဖွံ့ဖြိုးခြင်းတွေက ကျားကန်ပေးထားလို့ ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးမြို့ကြီး တွေမှာ လျှပ်စစ်စွမ်းအင်မလုံလောက်ရင် ကုန်ဈေးနှုန်းတွေတက်ပြီး ငွေကြေး ဖောင်းပွမှု ကြီးထွားလာပါမယ်။
တစ်နှစ် နဲ့ပြီးမယ့်ကိစ္စတော့မဟုတ်ပါ။ ရေရှည် ခံစားနေကြရမှာပါ။
မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဟာ ရေအား လျှပ်စစ်သာ အဓိကအသုံးပြုပါတယ်။
ရေအားလျှပ်စစ်အတွက် ရေကာတာ တွေကို တည်ဆောက်ရာမှာ သတ်မှတ်တဲ့ ရေလှောင်တမံကို မတည်ဆောက်မီမှာ ရေစီးအား တွေကို အသေအချာလေ့လာ စိစစ်ပြီးမှ တည်ဆောက်တာပါ။
နွေရာသီ အတွက် လိုအပ်တဲ့ ရေပမာဏလှောင် ထားနိုင်ဖို့ကိုပါ တွက်ချက်ရပါတယ်။ ရေစီးဝင်မှု အနည်းဆုံးပမာဏအပေါ် အခြေခံပြီး ပုံစံပြုရတာပါ။ ရေအား လျှပ်စစ်ဟာ ရပ်ထားရင် အပျက်များပါ တယ်။
နွေရာသီတိုင်းစက်တွေ လျော့ လည်တယ်ဆိုတာမရှိရအောင် ပုံစံ Design မှာပါပြီး ဖြစ်ရပါတယ်။
ခုလို ဖြစ်လာတဲ့ အကြောင်းထဲက ဖြစ်နိုင်တာ တစ်ချက်က ရေလှောင်တမံကို မူလ သတ်မှတ်တဲ့ အမြင့်ပေ ရောက်သည်ထိ မဆောက်လို့ ဖြစ်နိုင်ပါတယ်။
ဆည်ကြီး တွေဟာ ကြီးရင်ကြီးသလောက် အမြင့် ပေ လျော့ရင် အကျိုးမဲ့တတ်ပါတယ်။
သတ်မှတ်တဲ့ အမြင့်ပေထိ တည် ဆောက်ခြင်းဟုတ် မဟုတ်ပြန်ပြီး လေ့လာဆန်းစစ်သင့်ပါတယ်။
ပေါင်း လောင်းရေကာတာဆိုရင် သတ်မှတ် အမြင့်ထိ မတည်ဆောက်လိုက်ရဘဲ ရေအားလျှပ်စစ်ကို ထုတ်လိုက်တယ်ဆို တဲ့ သတင်းကြားဖူးခဲ့ပါတယ်။
ရေအား လျှပ်စစ်ထုတ်တဲ့ ရေကာတာကြီးတွေရဲ့ ရေကာတာအမြင့်တွေကို မူရင်းပုံစံ Design အတိုင်း ဖြစ်မဖြစ် ပြန်လည်လေ့ လာဆန်းစစ်ပြီး အဖြေရှာသင့်ပါတယ်။
တကယ်လို့ သတ်မှတ်အမြင့်ပေထက် လျှော့ဆောက်ထားရင် ဧရိယာကြီးလွန်း တဲ့ ရေကာတာတွေမှာ တည်ဆောက်တဲ့ စရိတ်ငွေ တွေဟာ သိန်းထောင်သောင်း ချီတဲ့ လေလွင့်မှုကြီးတွေပါပဲ။
မူလသတ် မှတ်ပြီး Design ပုံစံပါအမြင့်ပေထက် လျှော့ဆောက်ထားပြီး မူလသတ်မှတ်ငွေ ကျခံသုံးစွဲပြီးဖြစ်နေရင်တော့ ကြီးမား လွန်းတဲ့ လွဲမှားမှုကြီးတစ်ခုပါပဲ။
လတ်တလောမှာလည်း တည်ဆောက် ဆဲ၊ တည်ဆောက်ဖို့လျာထားဆဲ ရေအား လျှပ်စစ်စီမံကိန်းကြီးတွေ ရှိပါတယ်။
ဆောက်တဲ့ ရေအားလျှပ်စစ်တွေကို အိမ်နီးချင်းနိုင်ငံကို ရောင်းစားဖို့ ရည်ရွယ်တာမျိုးတွေလည်း ပြန်စဉ်းစား ပေးစေချင်ပါတယ်။
ရေအားလျှပ်စစ် စီမံကိန်းကြီးတွေမှာ ရေလှောင်တမံတွေကို မူလသတ်မှတ်တဲ့ စံချိန်စံညွှန်းအတိုင်းအတာ ရေကာတာ သတ်မှတ်တဲ့ အမြင့်အထိရောက်အောင် တည်ဆောက်ပေးပါမှ အောင်မြင်တဲ့ ရေအားလျှပ်စစ်လုပ်ငန်းကြီးတွေ ရေရှည် တည်တံ့နိုင်မယ် ထင်မိကြောင်းပါ ခင်ဗျား။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis