menu

Wednesday 11 April 2012

လောကကို အလှဆင်နိုင်သူ(တင့်ခိုင်)



Photo

ရင်းနှီးကျွမ်းဝင်သူ မိတ်ဆွေ များကို ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ပတ်သက်၍“ခင်ဗျားတို့ သားသမီးတွေကို အနာဂတ်မှာ ဘယ်လိုလူမျိုးတွေဖြစ် စေချင်သလဲ” ဟု မေးလိုက်တိုင်း သူတို့ကတလွဲဖြေကြသည်။ ဆရာ ၀န်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာ ပညာရှင်၊ စီးပွားရေးပညာရှင် စသဖြင့်ပြောကြသည်။ သူတို့ဆန္ဒတွင် သားသမီးများ ၏ အနာဂတ်ကို ငွေကြေး၊ ဂုဏ်ပကာသနပေတံဖြင့် တိုင်းတာပြီးပြောကြသည်။ အဆိုးဆုံးမှာ သူတို့၏ ဖြစ်စေချင်သောဆန္ဒကိုသာအဓိကထားပြီး  သားသမီးများ၏ ဆန္ဒ၊ ၀ါသနာတို့ကို မျက်ကွယ်ပြုလိုက်ခြင်းပင်ဖြစ်သည်။
ကျွန်တော် သူတို့ကို မေး သည်က အသက်မွေးဝမ်းကျောင်းကိစ္စမဟုတ်။ စိတ်အနေ၊ စိတ် စရိုက်ကို မေးလိုက်ခြင်းသာဖြစ် သည်။ ငွေကြေးအရာမှာ ကျိကျိတက်ချမ်းသာ သူဖြစ်လာရုံမျှနှင့် ရာထူးဌာနန္တရ ကြီးကြီးမားမား ရလာရုံမျှနှင့် လူဖြစ်ကြပြီလား။
ဒါမှမဟုတ် မိတ္တဗလဋီကာကို အရည်ကျိုသောက်၊ စကားကို ပန်းအိုးထိုးသလို ထိုးပြီး လှလှပပ ပြောတတ်ရုံနှင့် လူဖြစ်ကြပြီလား။ အမုန်းကိုဖုံးကွယ်ထားနိုင်သော အပြုံးပိုင်ရှင်မျိုး၊ သံတမန်စကား နှင့်ပြောကြားတတ်သော်လည်း စကားနောက် တရားမပါဘဲ ကတိဖျက် တရားပျက်သူမျိုးဟု ဆိုပါလျှင် ကျွန်တော်တို့ မည်သို့စဉ်းစားကြပါမည်နည်း။
ကျွန်တော်ကတော့ ကျွန်တော့်ကလေး လေးယောက်ကို လူသားတစ်ဦး၏ ဘ၀အစစ်အမှန်ကို ခံစားနားလည်သောသူတစ်ဦး ဖြစ်လာနိုင်ရေးကိုသာ ဦးတည်ထိန်း ကျောင်းသည်။ ယခုအခါ ဘွဲ့ရ၊ ပညာတတ် အရွယ်ရောက် နေပြီဖြစ်ကြသော ကျွန်တော့်သား သမီးများကိုကြည့်ပြီး သူတို့တစ် တွေက ကျွန်တော် ပြုစုပျိုးထောင်မှု တော်၍ ကလေးတွေ ဤသို့ဖြစ် လာကြသည်ဟု ထင်မှတ်ယုံကြည် နေကြသည်။ မဟုတ်။ ကျွန်တော် သူတို့ထက် သာနေသည်က ကျွန် တော့်ကလေးများ၏ စိတ်ခံစားမှု ကိုငယ်စဉ်ကတည်းကပင် အလေးထား၊ လေးစားမြင်ယောင်ဖြစ်သည်။ သူတို့တစ်တွေ၏ တစ်နေ့ တာဘ၀ ရပ်တည်လှုပ်ရှားမှုများကို သူတို့ကိုယ်တိုင် ပျော်ပျော်ရွှင်ရွှင် ပေါ့
ပေါ့ပါးပါး ဖြတ်သန်းသွားနိုင်အောင်ကျွန်တော်တို့က ကူညီသည်။
ကျောင်းမှအပြန် သားသမီးတစ်ယောက်ယောက်မျက်နှာမကောင်းဖြစ်နေပါလျှင်ပင် ကျွန်တော်မမြင်၊ မတွေ့ရသော မျက်ကွယ်မှ သူတို့လေးတွေ၏ ဘ၀တစ်ခြမ်းကို ကျွန်
တော်စုံစမ်းသည်။ ဂရုတစိုက်၊ အလေးအနက်ထားလေ့လာသည်။ ကျောင်း၌ “ဘာဖြစ်ခဲ့သလဲ” ဟူသည်ကိုစုံစမ်းသည်။ လိုအပ်လျှင်ဆရာမနှင့် တိုင်ပင်သည်။ အခန်း
ပြောင်းသည်။ အပေါင်းအသင်းသစ်ကို ဖန်တီးပေးသည်။ ထိုမျှ သားသမီးများအတွက် ကျွန်တော်တို့က အချိန်ပေးပြုလုပ်သည်။ ကျွန်တော်တို့ ဇနီးမောင်နှံသည် သားသမီးလေးယောက် စလုံးကို ရဲဘော်၊ ရဲဘက်သဖွယ် ပေါင်းသင်းဆက်ဆံသည်။ ခိုင်မာ သော၊ ရင်းနှီးပွင့်လင်းသော၊ နွေး ထွေးအေးမြသော ဆက်ဆံရေးကို တည်ဆောက်ရယူသည်။ ကျွန် တော်တို့ ပြောသည်ထက် သူတို့ကို ပြောခွင့်ပြုသည်။ သူတို့၏ စကားကို နားထောင်သည်။ အမိန့်ပေးဆက်ဆံမှုကျွန်တော်တို့တွင် မရှိပေ။
ဒါဖြင့် အရာရာ ခွင့်ပြုထား သော ကလေး၊ အလိုလိုက်ခြင်းခံ ထားရသောကလေး   (Privileged Child)   အဖြစ် ထိန်းကျောင်းကြီး ပြင်းလာစေသလား။ မဟုတ်ပါ။ တောင်းဆိုသမျှကို ခွင့်ပြုတတ် သော မိဘအုပ်ထိန်းသူအမျိုးအ စားတွင် ကျွန်တော်တို့ မပါပါ။ ကျွန်တော်တို့က ကလေးကို သူ မတောင်းဆိုမီကပင် ပေးသင့်ပေး ထိုက်သည်များကို ပေးထားခဲ့ပါ၏။ ဆိုပါစို့။ ကျောင်းက ပြန်လာ သောကလေးကို အိမ်စာပါလာ သော်လျှင်မှ ဆနရှိနေလျှင် ဆော့ ခွင့်၊ ကစားခွင့်ပေးသည်။ ကလေးကို ကလေးဘ၀လေး ရစေချင် သည်။ လူကြီးဘ၀ရောက်တော့မှ ကလေးဘ၀ကို ပြန်ရချင်၍ ရနိုင် မည်မဟုတ်။ ယုံချင်ယုံပါ။ ကျွန် တော့်ကလေး လေးယောက်စလုံး ယခုအဆင့်သို့ ရောက်လာသော် လည်း ကျွန်တော်သည် ရှစ်တန်း ရောက်ပါမှ ကျူရှင်နှစ်ဘာသာယူ ခွင့်ပြုသည်။ ဒါတောင် နာမည် ကြီး“၀ိုင်း”မဟုတ်။ ကျောင်းသား သုံးလေးဆယ်ရောသင်ရသော ၀င်ငွေနည်းမိဘများသာ ထားနိုင် သောကျူရှင်မျိုးဖြစ်သည်။ ဆရာ ၀န်ဖြစ်သော သမီးငယ် နန်းအိမ် ရိပ်ကိုပင် Guide ခေါ်မပေးခဲ့ပါ။ သမီးငယ်သည် ကျောင်း ၂နှစ်နား ပြီး ကျူရှင်ပြ၊    Guide    လုပ်၊ ငွေစု ပြီးမှ ဆရာဝန်ဖြစ်အောင် သူ့ဘာ သာသူ ကြိုးစားခဲ့သူ ဖြစ်သည်။ ကျွန်တော်ပေးနိုင်သည်က စိတ်ခွန်အားသာဖြစ်သည်။
ဆိုလိုသည်မှာ သူတို့တစ်တွေက သူတို့ကလေးတွေ၏ အနာဂတ်ကို ငွေကြေးနှင့်တိုင်းတာတွက်ချက်သည်။ အထူးကုဆရာဝန်ကြီးဖြစ်လာလျှင်  တစ်လငွေဘယ်လောက် ရမည်။ အင်ဂျင်နီယာကြီးဖြစ်လာလျှင် တစ်နှစ် ငွေဘယ်လောက်ရမည်။ အနာဂတ် သူတို့လျှောက်လှမ်းရမည့်ဘ၀ကိုငွေနှင့်တိုင်းတာသည်။ ကျွန်တော်ကတော့ သူတို့လို တစ်ခါဖူးကမှ တွေးမကြည့်ခဲ့ဖူးပါ။ ကျွန်တော့် ကလေးလေးယောက်ကို “စိတ်ယဉ်ကျေးသူ”အဖြစ် ပြုစုပျိုးထောင်သည်။ လူ့လောကတွင် ထောင့်တစ်ထောင့်တစ်နေရာမှ အသုံးဝင်၊ အရာရောက်သူ လူသားတစ်ဦးဖြစ်စေချင်သည်။ ဆရာဝန်မလေးကို ကျန်းမာရေး စောင့်ရှောက်မှုအလွန်လိုအပ်နေသော မြန်မာနိုင်ငံကျေးလက်တွင် ဖိနပ်မပါ ဆရာဝန်မလေးတစ်ယောက်အဖြစ် မြင်ချင်သည်။ သူလုပ်မည် မလုပ်မည်ကို ကျွန်တော်မသိ။ အရွယ်ရောက်ပြီးကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရပ်တည်ခွင့်ပေးခဲ့ပြီးသော သမီးငယ်၏ ဆန္ဒသာအဓိကဖြစ်သည်။ ငွေကြေးအရာမှာ ထားစရာမရှိလောက်အောင် ဖြစ်နေသော်လည်း လူ့လောကကိုဘာတစ်ခုမှ အထောက်အကူမပြုနိုင်ဘဲ အမှိုက်တစ်စဖြစ်နေသူမျိုး၊ ရာထူးကြီးပြီး လူ့အဖွဲ့အစည်းကိုဖျက်ဆီးနေသူမျိုး မဖြစ်စေလိုပါ။ ကျွန်တော်ကစိတ်အနေ စိတ်စရိုက်ကောင်းပြီးကိုယ်လွတ်မရုန်းသူဖြစ်လာရန် ကိုသာဦးတည်သည်။ ဖြစ်နိုင်ပါက ကျွန်တော့် သားသမီး လေးယောက်သည် မြန်မာ့လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် လိုအပ်နေသော လူသားကလေးများ ဖြစ်နေစေချင်
သည်။ ပလက်တီနမ် တစ်ပိဿာလောက်ကို ကိုယ်ပေါ်တွင် အလေးခံသယ်ယူနေသည့် ဤကမ္ဘာကြီးက ညည်းညည်းညူညူ ထားရသည့် ဆန်ကုန်မြေလေး တစ်
ယောက်မဖြစ်လာအောင်တော့ ကျွန်တော် အထူးဂရုစိုက်သည်။
နိဂုံးပြုဆိုပါမည်။ ၂၁ ရာစု နည်းပညာခေတ်တွင် နည်းပညာ အသစ်များ ဖွံ့ထွားရှင်သန်လာ နေပါ၏။ ပညာရှင်များလည်း စက္ကန့်နှင့်အမျှ  ပေါက်ဖွားလာနေပါ၏။ ထိုနည်းပညာသစ်များ၊ ထို ပညာရှင်များဖြင့် ဤကမ္ဘာကြီး ငြိမ်းချမ်းလှပလာအောင် ပြုလုပ် ပေးခြင်းကိုသာ ကျွန်တော်မျှော် လင့်သည်။ ထိုနည်းပညာအသစ် များဖြင့် ပညာရှင်များကိုယ်တိုင် အနာဂတ်ကို ဖျက်ဆီးပစ်လိုက် သည်မျိုးကိုမူ ကျွန်တော် မလိုလား ပါ။ မဟာဂန္ဓာရုံဆရာတော်ဘုရားအရှင်ဇနကာဘိဝံသကမူ သူ၏စည်းကမ်း ချက် ၁၀ ချက်အနက် စိတ်ကောင်းရှိမှုကို ပထမဟု သတ် မှတ်ပြဋ္ဌာန်းပေးခဲ့သည်။ စိတ်ယဉ် ကျေးပါမှ ဤလောကကြီးကို ငြိမ်းချမ်းသာယာမှုကို သယ်ဆောင် လာနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ အစစ်အမှန်ကို ပြော ပြရန်လိုမည်မထင်ပါ။ ဗွက်ပေါက် နေသော အနေအထားကြားမှ လှပသောအနာဂတ်တစ်ခုကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားရာ၌ ပညာရှင်များ၊ နည်းပညာ အသစ်များ၊ အခြားခြားသော လို အပ်ချက်များ အမှန်တကယ်လို အပ်နေပါသည်။ ထို့ထက်လိုနေသည်မှာ “စိတ်ယဉ် ကျေး”မှုပင်ဖြစ် ပါသည်။ စိတ်ယဉ်ကျေးသူသာ ဤလောကကို အလှဆင်နိုင်သူ ဖြစ်ပါလိမ့်မည်။         ။
7Day News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis