menu

Wednesday 11 April 2012

ယခင်နှစ်က မဏ္ဍပ်ကြီး ၁၀ ခု အထိရှိခဲ့သော နေပြည်တော် ဟိုတယ်ဇုန်တွင် ယခုနှစ်သင်္ကြန်အတွက် မဏ္ဍပ်လေးခုသာ ဆောက်လုပ်ထား


နေပြည်တော် ဟိုတယ်ဇုန်တွင် ရေကစားမဏ္ဍပ်တစ်ခု တည်ဆောက်နေသည်ကို ဧပြီလ ၉ ရက်နေ့က မြင်တွေ့ရစဉ်
၂၀၁၂ နေပြည်တော်သင်္ကြန်တွင် ယခင်နှစ်ကထက် ရေကစားမဏ္ဍပ်များ လျော့နည်းသွားပြီး လက်ရှိတွင် နေပြည်တော်ဟိုတယ်ဇုန်၌ မဏ္ဍပ်လေးခုခန့်သာရှိကြောင်း သိရှိရသည်။
နေပြည်တော်ဟိုတယ်ဇုန်သည် နေပြည်တော်၏ ရေကစားမဏ္ဍပ် များစုစုစည်းစည်းတည်ရှိသည့်နေ ရာဖြစ်ပြီး ယခုနှစ်တွင်မူရေကစားမဏ္ဍပ် နည်းပါးလာသည့်အတွက် စည်ကားမှုမှာလည်း အထိုက်အလျောက် လျော့နည်းလာဖွယ်ရှိကြောင်း သိရသည်။
နေပြည်တော်တွင် ရေကစား မဏ္ဍပ်များ လျော့နည်းလာသကဲ့သို့ ပျဉ်းမနားမြို့တွင်လည်း ရေကစားမဏ္ဍပ်များ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာကြောင်း သိရသည်။
“ဒီနှစ်သင်္ကြန်ကတော့ အရင် နှစ်လောက် စည်မယ်မထင်ဘူး။ ဟိုတယ်ဇုန်မှာလည်း ကျွန်တော်တို့ ကြားရသလောက်တော့ မဏ္ဍပ်က လေးခုလောက်ပဲရှိတယ်။ အရင်နှစ်တွေတုန်းကတော့ မဏ္ဍပ်က ၁၀ ခု လောက်ရှိတယ်။ ဒီနှစ်တော့ မဏ္ဍပ် လေးခုမှာပဲ စုပြုံ တိုးရမလို ဖြစ်နေတယ်။ ကျွန်တော်တို့ ပျဉ်းမနားမြို့မှာလည်းမဏ္ဍပ်တွေက အရင် လေး၊ငါးနှစ်ကနဲ့ ယှဉ်ရင် သိပ်မရှိတော့ဘူး။ သင်္ကြန်ကားခတွေကတော့ တစ်ရက်ကိုတစ်သိန်းလောက် ပေါက်နေတယ်။ အရင်တုန်းကတော့ ဗိုလ်ချုပ်လမ်းပေါ်ကမဏ္ဍပ်တွေမှာပဲ ရေကစားရင်းပျော်ခဲ့ကြတာ။ ဒီနှစ် တော့ဘာလုပ်ရမှန်းမသိသေးဘူး” ဟု ပျဉ်းမနားမြို့မှ လူငယ်တစ်ဦးက ပြောပြခဲ့သည်။

ယခုလက်ရှိတွင် နေပြည်တော်၌ ရွှေဧည့်သည်၊ ရွှေပြည်တော်၊ ရွိုင်ရယ်ကုမုဒြာနှင့် အေစီအီးမဏ္ဍပ်များသာ တည်ဆောက်နေပြီး ပျဉ်းမနားမြို့တွင်လည်း မဏ္ဍပ်တည်ဆောက်မှုမှာ တစ်ခု၊ နှစ်ခုသာရှိကြောင်း သိရှိရပါသည်။
နေပြည်တော်တွင်ရေကစား မဏ္ဍပ်များလျော့နည်းလာ၍စည်ကားမှု လျော့နည်းနိုင်သော်လည်း ဒေသခံလူငယ်များ နှစ်စဉ်သွားရောက် ရေကစားလေ့ရှိသည့် လှေခွင်းတောင်တွင်မူ ပိုမိုစည်ကားဖွယ်ရှိကြောင်း သိရသည်။
EMG       

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis