menu

Wednesday 11 April 2012

ဦးခင်ညွန့်နှင့် Bangkok Post အင်တာဗျူး အဓိအချက်နှစ်ချက် ငြင်းဆို


ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ဦးခင်ညွန့်နှင့် Bangkok Post အင်တာဗျူး မမှန်ကန်ကြောင်း ရှင်းလင်းရာတွင် ဗိုလ်မှူးဟောင်း ဦးဝင်းမောင်မောင်က ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသော သတင်းနှင့် ပတ်သက်ပြီး အဓိကအချက်နှစ်ချက် ငြင်းဆိုလိုကြောင်းဖြင့်ပြောဆိုသည်။
၎င်း၏ ပြောဆိုချက်တွင် `ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့က Bangkok Post ရဲ့ Cover Story တစ်ခုပါခဲ့တဲ့တာလေး ရှိပါတယ်။ ဒီဟာလေးကို ကျွန်တော်တို့ လူကြီးမင်းများမှ တစ်ဆင့်ပေါ့မီဒီယာတွေကို သတင်းအမှန်လေး ပြန်ပြီး သိသွားအောင် ကျွန်တော်တို့ ရှင်းလင်းတင်ပြချင်တာဖြစ်ပါတယ်။ ဒီအထဲမှာတော့ အဓိကအချက်နှစ်ချက် ငြင်းဆို ချင်ပါတယ်။
ပထမတစ်ချက်ကတော့ Bangkok Post သတင်းထောက်နဲ့ နေအိမ်အကျယ်ချုပ်ကနေ ပြန်လည်လွတ်မြောက် လာတဲ့ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်နဲ့ တွေ့ဆုံခြင်း ရှိမရှိဆိုတဲ့အပိုင်းပါ။ ဦးခင်ညွန့်အနေနဲ့ ဇန်လ၀ါရီလ ၁၃ ရက်နေ့က စပြီးတော့မှ နေအိမ် အကျယ်ချုပ်ကနေလွတ်မြောက်ခဲ့ပါတယ်။ လွတ်မြောက်တဲ့အချိန်က စပြီးတော့မှ ပဲ ဒီမှာရှိနေတဲ့ စာနယ်ဇင်းဆရာများလည်း အများစုပါဝင်မှာပါ။ ကျွန်တော်တို့ သူ့နေအိမ်မှာသွားပြီ မီဒီယာတွေ့ဆုံ ပွဲလေးတစ်ခု လုပ်ခဲ့ပါတယ်။

လုပ်ခဲ့တဲ့အချိန်မှာ နိုင်ငံရေးလုပ်ဖို့ရည်ရွယ်ချက်မရှိဘူး။ ပြည်တွင်းမီဒီယာတွေကနေတစ်ဆင့် ပြောသင့်ပြောထိုက် တဲ့ဟာလေးတွေ နိုင်ငံတော်အတွက် အကျိုးဖြစ်စေမယ့်ဟာလေးတွေ တင်ပြချင်တဲ့ဟာလေးတွေရှိရင် ပြောချင် တယ်ဆိုပြီးတော့မှ ပြောသွားပါတယ်။ အဲဒီမူအတိုင်းပဲ ဦးခင်ညွှန့်အနေနဲ့ ပြည်ပမီဒီယာနဲ့လုံးဝတွေ့ဆုံခဲ့ခြင်း မရှိဘူးဆိုတာတော့ ပထမအချက်အနေနဲ့ တင်ပြချင်ပါတယ်။ ဒါကြောင့်မို့ Bangkok Post မှာပါတဲ့ ဦးခင်ညွန့် နဲ့တွေဆုံခဲ့တယ်ဆိုတာ မဟုတ်ဘူးဆိုတာ။ တစ်ဆက်တည်းမှာပဲ လွှင့်ခဲ့တဲ့သတင်းတွေမှာ ပြည်ပမှာ ရောက်နေ တဲ့ လူပုဂ္ဂိုလ်တစ်ယောက်နဲ့ဆက်သွယ်ပြီးတော့မှ ဘီဘီစီက လွှင့်ထုတ်သွားတာတွေ၊ ပြည်ပအသံလွှင့်ဌာနတွေ နဲ့ တကယ်တန်း ဆက်စပ်မှုမရှိခဲ့ပါဘူး။ အဲဒီမှာ သတင်းတွေက ၀န်ကြီးချုပ်ဟောင်းဦးခင်ညွန့်နဲ့ တွေ့ဆုံတဲ့သဘော မျိုးရေးထားတာတွေ့ရပါတယ်။ ဒါဟာ တကယ်တန်းကျတော့ ဘာမှ တွေ့ဆုံမှုမရှိပါဘူး။ ဧပြီ တစ်ရက်နေ့ဟာ ကြားဖြတ်ရွေးကောက်ပွဲ မဲပေးတဲ့နေ့ပဲဖြစ်ပါတယ်။ ဘယ်သတင်းဌာနနဲ့မှတွေ့ဆုံမှုမရှိခဲ့ဘူးဆိုတာကို ငြင်းဆို ချင်ပါတယ်။´ ဟုထည့်သွင်းပြောဆိုသည်။

ဒုတိယအချက်အနေဖြင့် ပြောဆိုရာတွင် `ဒုတိယအချက်ကတော့ ဒီပဲယင်းအရေးအခင်းနဲ့ပတ်သက်ပြီးတော့မှ ပြောသွားတဲ့ကိစ္စလေးပေါ့။ ဒါလေးနဲ့ ပတ်သက်ပြီးတော့လည်း တွေ့ဆုံတဲ့ပွဲမှာ ကံအားလျှော်စွာပေါ့လေ။ ဒီပဲယင်းကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုသွားခြင်း မရှိဘူးဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီမှာအထောက်အထား အခိုင်အမာရှိပါတယ်။ ဒီပဲယင်းအရေးကိစ္စ နဲ့ ပတ်သက်ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီပဲယင်း ကိစ္စမှာ ဖြစ်ခဲ့တဲ့ ကိစ္စကို ဒီတွေ့ဆုံပွဲမှာ ပြောဆိုခြင်း လုံးဝမရှိခဲ့ဘူးဆိုတာလေး စာနယ်ဇင်းဆရာများကို အသိပေးတင်ပြလိုပါတယ်ခင်ဗျ။ ဒီဖြစ်စဉ်လေးတွေကတော့ နောက်ကြောင်းလေးတွေတော့ နည်းနည်းလေးလှန်မှလည်း အဆင်ပြေမှာပါ။ ကျွန်တော်တို့ ဘယ်လိုဘယ်လို တွေ့ဆုံခဲ့ကြတယ်ဆိုတာလေး။ ဒါလေးလည်းကျွန်တော် ဆက်နွယ်ပြီးတော့ လူကြီးမင်းများကိုလည်း တင်ပြချင် ပါတယ်။
ကျွန်တော်တပ်မတော်ကနေ အနားယူပြီးတဲ့နောက်ပိုင်းမှာ ၀ါသနာပါတဲ့မီဒီယာလုပ်ငန်းကို လုပ်ခဲ့ပါတယ်။ ဂျာနယ်လေးတစ်စောင် ကျွန်တော်ဦးစီးပြီး ထုတ်နေတယ်။ မီဒီယာမှာလည်း ကျွန်တော်မြန်မာ့အသံမှာ လုပ်ခဲ့တယ်ဆိုတော့ မီဒီယာထဲမှာ ထဲထဲဝင်ဝင်လေးတွေရှိနေတယ်။ မီဒီယာကို ကျွန်တော် တပ်မတော်သား ဘ၀မှာကတည်းက ၀ါသနာပါခဲ့တယ်။ ဒါကြောင့်မို့ မီဒီယာထဲမှာ ကျွန်တော်ဆက်ပြီး လုပ်နေခြင်း ဖြစ်ပါတယ်။ တစ်ဖက်ကလည်း မိသားစုရဲ့ စားဝတ်နေရေး လုပ်ငန်းတစ်ခု မဖြစ်မနေလုပ်ရမယ့်အနေအထား ရှိပါတယ်။ အဲဒါကြောင့် ကုမ္ပဏီတစ်ခုမှာ ကျွန်တော် အလုပ်လုပ်နေပါတယ်။ ကျွန်တော်နယ်ခဏခဏ သွားရပါတယ်။ အဘဦးခင်ညွန့်တို့ပြန်လွတ်လာတဲ့ ဇန်န၀ါရီ ၁၃ ရက်နေ့မှာ ကျွန်တော်နယ်မြို့လေးတစ်ခုမှာ ရောက်နေပါတယ်။ ကျွန်တော်မရှိလိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီနေ့ည အင်တာနက်သတင်းတွေမှာ တောက်လျှောက် ကြည့်နေရပါတယ်။ လွတ်လာပြီလို့သိရတယ်။ ကျွန်တော် သက်ဆိုင်ရာ လူကြီးတွေကို တင်ပြပြီးတော့မှ သွားပြီး တော့ ကူညီစောင့်ရှောက်ခွင့် ။ ကျွန်တော်တို့နဲ့ တပ်မတော်ထဲမှာ နှစ်ပေါင်းများစွာ အကြီးအကဲတစ်ယောက်ဖြစ် တဲ့အတွက်ကြောင့်မို့ သွားရောက်ကူညီချင်ပါတယ်ဆိုပြီးတော့ လူကြီးတွေကို တင်ပြတဲ့အခါမှာ ခွင့်ပြုချက် ရပါတယ်။ ၁၅ ရက်နေ့မှာ ကျွန်တော်ပြန်လာပါတယ်။ ကျွန်တော်တို့ ဂျာနယ်လေးကိုလည်း ဆက်ပြီးတော့ လုပ်နေတယ်။ လုပ်နေတဲ့အချိန်မှာပဲ မီဒီယာတွေနဲ့ ပတ်သက်ပြီးအဘဦခင်ညွန့်ဟာ ခုနှစ်ကျော်ကာလ အဆက်ပြတ်သွားပါတယ်။ သူနေအိမ်အကျယ်ချုပ်ကျနေတဲ့ အတောအတွင်းပေါ့လေ။ ဒီအတွက်ကြောင့် သတင်းပိုင်းဆိုင်ရာလေးတွေ တချို့ကိစ္စလေးတွေကြတော့ လိုအပ်တာလေးတွေရှိပါတယ်။ သိသင့်သိထိုက်တာလေးတွေ ပြောပြထားဖို့ လိုအပ်တယ်လို့ ကျွန်တော်ဟာ ကျွန်တော်ခံယူတာပေါ့လေ။ ဒါကြောင့်မို့လို့ ကျွန်တော်အနားမှာ ရှိနေတဲ့အချိန် လေးမှာ ကျွန်တော်သွားနေခဲ့တယ်။ အဲဒီတော့ အဘဦးခင်ညွန့်ကလည်း ၁၃ရက်နေ့က ကျွန်တော်တောင်မမီလိုက်ပါဘူး။ သတင်းစာသမားတွေ ဂျာနယ်တွေမှာ ပါပြီးသားဖြစ်တဲ့အတွက် သိပြီးသားဖြစ်မှာပါ။ ဒီမှာလည်း ညီကိုမောင် နှမတွေတော်တော်များများ အဲဒီမှာလည်း ပါခဲ့ကြမှာပါ။ အဲဒီမှာ ပြည်တွင်းမီဒီယာနဲ့ပဲ တွေ့မယ်လို့ပြောခဲ့ပါတယ်။ အဲဒီအတိုင်းပဲ ယနေ့အချိန်ထိပေါ့ ၃ လ တိတိပြည့်သွားပြီ ဖြစ်ပါတယ်။ ၃ လအတွင်းမှာပြည်ပမီဒီယာတွေနဲ့ ဘာမှတွေ့ဆုံခဲ့ခြင်းမရှိပါဘူး။ သေသေချာချာ တိတိကျဖြစ်အောင်လို့လည်း အပြန်ပြန်အလှန်လှန် စစ်ပါတယ်။´ ဟု ပြောဆိုပါသည်။
Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis