menu

Thursday 22 March 2012

ရွေးကောက်ပွဲလွတ်လပ်မျှတရမည်ဟု သမ္မတဦးသိန်းစိန်ကတိပြု

အာဆီယံ (၃)နိုင်ငံကို ချစ်ကြည်ရေးခရီး လှည့်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ကမ္ဘောဒီးယား နိုင်ငံကို ရောက်ရှိနေစဉ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက် ပွဲကို လွတ်လပ်မျှတစွာ ကျင်းပပေးမယ်လို့ ကတိပြု ပြောကြားလိုက်ပါတယ်။
ဖနွမ်းပင်မြို့က ၀န်ကြီးချုပ်ရုံးမှာ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန် နဲ့ တွေ့ဆုံဆွေးနွေးရာ မှာ ပြောကြား လိုက်တာဖြစ်ပြီး  ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာမှုရှိအောင်နဲ့ အများက ယုံကြည် လက်ခံ လာအောင် ဘယ်လိုနည်း နဲ့ မဆို လုပ်သွားဖို့ ဆန္ဒရှိတယ်လို့ ပြောတဲ့ အကြောင်း ကမ္ဘောဒီးယား  ပြန်ကြားရေး ၀န်ကြီးက မီဒီယာတွေကို ပြောပါတယ်။
ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး ကီယို့ကန်နာရစ် က မြန်မာ အစိုးရဟာ  အာဆီယံ နိုင်ငံတွေက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ တချို့အပြင်  တရုတ်၊ တောင် ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန်နဲ့  အိန္ဒိယနိုင်ငံတွေ က လေ့လာသူတွေကို လည်း မြန်မာရွေးကောက်ပွဲ ဖြစ်စဉ်ကို စောင့်ကြည့် လေ့လာဖို့ ဖိတ်ခေါ်ထားတယ် လို့ သတင်းထောက်တွေကို ပြောသွားတာပါ။
သမ္မတ ဦးသိန်းစိန်ဟာ ဘုရင် နိုရီုဒွမ်သီဟာမိုနိရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားကို သွားရောက်တာဖြစ်ပြီး  ၀န်ကြီးချုပ် ဟွန်ဆန် အပါအ၀င် အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့နဲ့ အာဆီယံ ထိပ်သီး အစည်းအဝေး ကိစ္စတွေ အပါအ၀င် ဒေသတွင်း အရေးတွေ ဆွေးနွေးခဲ့တယ်လို့ ကမ္ဘောဒီးယား မီဒီယာတွေ မှာ ဖော်ပြပါတယ်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ  လာမယ့် ဧပြီ လ ၃ ရက်နဲ့ ၎ ရက်မှာ အာဆီယံ ထိပ်သီး အစည်းအဝေး ကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပဖို့ ရှိနေတာပါ။
ဝန်ကြီးချုပ်ဟွန်ဆန်ကတော့ မြန်မာသမ္မတရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေး ပိုမို အားကောင်း တိုးမြှင့်ရာရောက်မယ်လို့ ပြောပါတယ်။ သမ္မတဦးသိန်းစိန်ကတော့  မြန်မာရဲ့ အခြေခံကျကျပြောင်းလဲမှုတွေကို  အာဆီယံကနေတဆင့် ပြင်ပကို သတင်းစကားပါးဖို့ ပို အာရုံစိုက်နေတယ်လို့ သည်ဖနွမ်ပင်ပို့စ်သတင်းစာမှာ ရေးပါတယ်။
သမ္မတဦးသိန်းစိန်ဟာ အင်္ဂါနေ့ က ဗီယက်နမ်နိုင်ငံကို သွားရောက်ခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိ လာတာပါ။ ကြာသပတေးနေ့ မှာတော့ လာအိုနိုင်ငံကို ဆက်လက် သွားရောက်ဖို့ ရှိနေပါတယ်။ 
ဒီဗွီဘီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis