menu

Sunday 18 March 2012

လိင်ပြောင်းထားသည့် လေယာဉ်မယ်များ အလုပ်ခွင်ဝင်



လိင်ပြောင်းထားသော ထိုင်းလေကြောင်းမှ လေယာဉ်မယ်များ။
ဘန်ကောက် - လေယာဉ်ပျံသန်းမှု အစီအစဉ် ဂျီတီ ၂၁၀ အပေါ်မှာ သပ်ရပ်သည့် ၀တ်စုံဝတ်ဆင်၍ မျက်နှာကို မိတ်ကပ်ခြယ်သထားပြီး ဆံကေသာကို အပေါ်သို့ပင့်ကာ သိမ်းထားသည့် မျူးသည် အခြား လေယာဉ်မယ်များနှင့် မခြားတူနေပါသည်။
သို့သော်လည်း မျူးမှာ ကောင်းကင်၌ ပျံသန်းနေကြ သည့် လေယာဉ် များပေါ်တွင် တာဝန် ထမ်းနေကြသည့် လက်တစ်ဆုပ်မျှသာ ရှိသော လိင်ပြောင်းထားသူ ထိုင်း လေယာဉ်မယ်များတွင် တစ်ဦးအပါ အ၀င် ဖြစ်သည်။
ထိုင်းနိုင်ငံ၌ အခြေစိုက်သည့်ပေါ်ခါ PC Air လေကြောင်းသည် လိင်ပြောင်း ထားသည့် လေယာဉ်ပေါ်ဝန်ထမ်းလေး ဦးတို့ကို လူသိများသည့် လူသစ်ခေါ် သည့် အစီအစဉ်ဖြင့် ငှားရမ်းခဲ့ရာတွင် ဤလုပ်ရပ်သည် ညီမျှမှုကိုဦးတည်နေ ခြင်းလော (သို့) အမြတ်ထုတ်နေခြင်း လောဟူသည့် ထင်မြင်ချက်များ ပေါ် ထွက်လာခဲ့သည်။

မျူးဟု ချစ်စနိုးအခေါ်ခံရသည့် အမည်ရင်း ဖန်တာခန်ဆရင်ဂန်သည် လေယာဉ်၏ ပထမခရီးစဉ်ဖြစ်သည့် ဘန်ကောက်မှ ဟောင်ကောင်သို့ သောကြာနေ့၌ လိုက်ပါမည်ဖြစ်ပြီး သူ သည် အရည်အချင်းပြနိုင်သည့် အလုပ် မျိုးကို ကြိုက်နှစ်သက်ပြီး လုပ်ငန်းခွင်၌ လှပသော ၀တ်စုံများဝတ်ဆင်ရသည်ကို သဘောကျကြောင်း ပြောသည်။
အသက် ၂၅ နှစ် ရှိပြီဖြစ်သည့် မျူး ၏ အပြောအရ သူ့အိပ်မက်တကယ်ဖြစ် လာပြီး အမျိုးသမီးအဖြစ်လိင်ပြောင်း ထားသူများအတွက် အနာဂတ်တွင် ကောင်းမွန်သည့် အလုပ်အကိုင်ရရှိလာ မှာဖြစ်သည်ဟု ဆိုသည်။
သူတို့၏ သေသပ်သည့် အနက်ဝတ်စုံ များနှင့် တောက်ပသည့် လိမ္မော်ရောင် ပ၀ါများကို ဆင်မြန်းလျက် မျူးနှင့် လုပ် ဖော်ကိုင်ဖက် များသည် လေယာဉ်ပေါ် သို့ တက်ရောက်လာကြသည့် ခရီးသည် များကို နေရာထိုင်ခင်းပြသပေးခြင်း၊ အသက်ဘေးအန္တရာယ် ကာကွယ်သည့် နည်းများ ပြသပေးခြင်းနှင့် ကော်ဖီခွက် များ လိုက်လံဖြည့်ပေးခြင်းတို့ကို ပြုလုပ် ပေးနေကြသည်မှာ လေယာဉ်ခရီးစဉ် ပေါ်၌ပါသည့် အခြားလေယာဉ်မယ်များ နှင့် ကွာခြားမှုမရှိသည်ကို တွေ့ရသည်။
PC Air လေကြောင်း၏ ကြော်ငြာကို တွေ့ခဲ့သည့် အချို့ခရီးသည်လိင်ပြောင်း ထားသည့် လေယာဉ်ဝန်ထမ်းများနှင့် အတူ တွဲဓာတ်ပုံရိုက်ခွင့်တောင်းခဲ့ကြပြီး ဓာတ်ပုံများအတူ ရိုက်ခဲ့ကြသော်လည်း လေယာဉ်မယ်များ၏ ထူးခြားမှုကို အချို့ ခရီးသည်များ သိကြပုံမရပေ။
ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုတစ်ခုမှာ လိင်ကိစ္စနှင့် ပတ်သက်လာလျှင် ပတ်ဝန်း ကျင်နှင့် အသားကျရန် လုပ်ရိုးလုပ်စဉ် ရှိသော်လည်း လူမှုအသိုင်းအ၀ိုင်း၏ ပို၍ ရှေးရိုးဆန်သည့် အပိုင်းက ဤအဖြစ်မျိုး ကို လက်ခံခြင်းမပြုနိုင်သည့်အတွက် အချို့မိသားစုများသည် သူ၏ကလေး များကို 'ပြန်လည်သင်ကြားမှု'ခံယူရန် ဘုန်းကြီးကျောင်းများသို့ ပို့ကြပြီး လိင် ပြောင်းထားသူမှာလည်း နေရာအတော် များများတွင် အလုပ်ရရှိရေးတွင် အခက် အခဲများနှင့် ရင်ဆိုင်ကြရသည်။
အသက် ၂၄ နှစ် အရွယ်ရှိ လိင်ပြောင်း ထားသူ ချာရာသီစာနတ်မယ်ကလည်း သူ၏ စိတ်ထဲတွင် လေယာဉ်မယ် လုပ်ရန် အမြဲတစေရှိနေခဲ့သော်လည်း အခွင့်အလမ်းမပေါ်ခဲ့ကြောင်း၊ ယခုမှ သာ သူ့ကဲ့သို့လိင်ပြောင်းထားသူများ အတွက် လေယာဉ်မယ် အလုပ်ရရှိနိုင် သည့် အခွင့်အလမ်းရှိလာကြောင်း ပြောပြသည်။
PC Air လေကြောင်း၏ ပဏာမခြေ လှမ်းကို အချို့ပြုပြင်ပြောင်းလဲရေးဝါဒီ တို့က လက်ခံရာတွင် လေကြောင်း၏ ကြိုးပမ်းမှုများသည် လိင်ပြောင်းထားသူ များအတွက် ပုံမှန်အလုပ်ကို လုပ်စေနိုင် ကြောင်း ပြောသည်။
ယခင်က ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသည် အချို့အနောက်တိုင်း အတွေးအခေါ်များက လိင်ပြောင်းထား သူများသည် 'စိတ်ပိုင်းဆိုင်ရာချို့တဲ့' သူ များဟူသော အတွေးအခေါ်တို့ဖြင့် လွှမ်းမိုးခြင်းခံခဲ့ရကြောင်း ဟောင်ကောင် တက္ကသိုလ်မှ စိတ်ပညာ ပါရဂူနှင့် လိင်ပိုင်းဆိုင်ရာ အထူးကုပညာရှင် ဆမ်ဝင်းတားက ပြောခဲ့သည်။
အလုပ်အကိုင်ရရှိရေး၌ အခွင့် အလမ်းနည်းသောကြောင့် လိင်ပြောင်း ထားသည့် ထိုင်းလူမျိုးများ ငွေကြေးရရှိ ရန် လိင်အလုပ်များသို့ ရောက်လာသည့် အရေအတွက်များလာကြောင်း ၀င်းတားက ပြောသည်။
မျူးကဲ့သို့ လိင်ပြောင်းထားသူများ ကို ဥပဒေအရ အမျိုးသမီးဖြစ်သည်ဟု သတ်မှတ်ထားခြင်း မရှိသောကြောင့် လေယာဉ်ဆိုက် ရောက်မည့် နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဂိတ်များသို့ PC Air လေကြောင်းက ကြိုတင်အကြောင်းထား မှုများ ပြုလုပ်ထားရသည်။
PC Air လေကြောင်းပိုင်ရှင် အသက် ၄၈ နှစ် အရွယ်ရှိ ပီတာချန်းကလည်း လိင်ပြောင်းထားသည့် လေယာဉ်မယ် များ အသုံးပြုသည့် 'ရှေ့ဆောင်လမ်းပြ' တစ်ဦးအဖြစ် ဂုဏ်ယူလျက်ရှိသလို၊ မျူး ကဲ့သို့ လိင်ပြောင်းလေယာဉ်မယ်က လည်း သူလိုအမျိုးသမီးများ PC Air လေကြောင်း၏ ခြေရာကိုလိုက်ပြီးနင်းရုံ တင်မကဘဲ ၀န်ကြီးချုပ်ပင် အနာဂတ် တွင်ဖြစ်လာနိုင်ကြောင်း သူ၏ မျှော်လင့် ချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis