menu

Sunday 12 February 2012

ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစ၍ ဓာတ်ဆီဈေး တစ်ဂါလန် ကျပ် ၂၀၀ ထပ်မံ တိုးမြှင့်ရောင်းချ၊ တစ်လကျော် ကာလအတွင်း ဓာတ်ဆီရောင်းဈေး တစ်ဂါလန် ကျပ် ၁၀၅၀ ဈေးမြင့်တက်




7209 ပုဂ္ဂလိက စက်သုံးဆီဆိုင် တစ်ဆိုင်တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တစ်ဂါလန်လျှင် ကျပ် ၃၅၅၀ ဖြင့် စတင်ရောင်းချစဉ်
ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စကာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များ မှ ဓာတ်ဆီရောင်းဈေးမှာ တစ်ဂါလန် ကျပ် ၂၀၀ ထပ်မံ မြင့်တက်သွားကြောင်း သတင်းရရှိပါသည်။
‘‘ကျွန်တော်တို့ ဌာနကနေပြန် တစ်ဆင့်ဝယ်ရတဲ့ဈေး မြင့်တက်သွားလို့ပါ။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကစပြီး ကျပ် ၂၀၀ တက်သွားလို့ အရင်တစ်ဂါလန် ကျပ် ၃၃၅၀ နဲ့ ရောင်းနေတာကနေ အခု ကျပ် ၃၅၅၀ နဲ့ရောင်းရတာပါ’’ဟု ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင် မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။


ယခင်က ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များတွင် ဓာတ်ဆီတစ်ဂါလန် ဆိုင်ထုတ်ဈေးမှာ ကျပ် ၂၅၀၀ ဖြစ်ပြီး ယင်းမှတစ်ဆင့် တစ်ဂါလန် ကျပ် ၃၃၅၀ သို့ လည်းကောင်း ယခုအခါ ကျပ် ၃၅၅၀ သို့ လည်းကောင်း . . .
ယခင်က ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များတွင် ဓာတ်ဆီတစ်ဂါလန် ဆိုင်ထုတ်ဈေးမှာ ကျပ် ၂၅၀၀ ဖြစ်ပြီး ယင်းမှတစ်ဆင့် တစ်ဂါလန် ကျပ် ၃၃၅၀ သို့ လည်းကောင်း ယခုအခါ ကျပ် ၃၅၅၀ သို့ လည်းကောင်း ဈေးမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
‘‘အရင် တစ်ဂါလန်ကျပ်၂၅၀၀ ကနေ လွန်ခဲ့တဲ့လက ကျပ် ၃၃၅၀ ဖြစ်သွားတယ်။ အခုကျပ် ၃၅၅၀ ဆိုတော့ တစ်လကျော်အတွင်းမှာပဲ ဓာတ်ဆီက တစ်ဂါလန်ကျပ် ၁၀၅၀ တက်သွားတဲ့သဘောပေါ့။ တစ်လအတွင်း တစ်ဂါလန်ကျပ် ၁၀၅၀ တက်တယ်ဆိုတဲ့ အားကသေးတော့ မသေးဘူး။ ဓာတ်ဆီမှ မဟုတ်ပါဘူး။ အောက်တိန်းပဲဖြစ်ဖြစ် ဒီဇယ်ဆီပဲဖြစ်ဖြစ် ရောင်းတဲ့ဆိုင်တွေအနေနဲ့ တစ်ကယ်တင်သွင်းတဲ့ ကုန်ကျ စရိတ်ပေါ်မှာ မျှမျှတတရှိဖို့ အရေးကြီးတယ်။ ပြည်ပဈေးကျတဲ့အခါ အမြင့်ဈေးနဲ့ ၀ယ်ထားတာ မကုန်သေးလို့၊ ပြည်ပဈေးတက်တော့ နေ့ချင်း ညချင်း လိုက်တက်ပစ်တဲ့ပုံစံမျိုး မလုပ်ဖို့တော့ လိုပါတယ်။ ဆီကလည်း မှန်မှန်ကန်ကန်၊ ဈေးကလည်း မှန်မှန်ကန်ကန်ဖြစ်ဖို့ အဓိကပါပဲ။ ဓာတ်ဆီကို အောက်တိန်းထဲ ရောရောင်းတာမျိုး မလုပ်ရင်ပြီးတာပဲ။ အောက်တိန်းဆိုလည်း အရည်အသွေးရှိရှိ အောက်တိန်း တကယ်သွင်းကြဖို့လည်း လိုတယ်’’ဟု ကားလုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis