menu

Sunday 29 January 2012

ဂူးဂဲလ်က ကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒကို ပြင်ဆင်လိုက်သောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ


အင်တာနက် အချက်အလက် ရှာဖွေရေးနှင့် ၀န်ဆောင်မှုကုမ္ပဏီဂူး ဂဲလ်ကသုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များ ထိန်းသိမ်းမှုဆိုင်ရာမူဝါဒကို ပြင်ဆင်လိုက်သောကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
ဂူးဂဲလ်၏၀န်ဆောင်မှုများဖြစ် သော ဂျီမေးလ်၊ ဗီဒီယို၊ လူမှုဆက် ဆံရေးကွန်ရက် Google+ နှင့် အခြားဝန်ဆောင်မှုအားလုံးတွင် သုံးစွဲသူတို့၏ အချက်အလက်များကိုရယူကာ အသုံးချမည့်အပြင် အခြားသူ များထံပါ မလိုလားအပ်သည့် အချက်အလက်များအလွယ်တကူ ပျံ့နှံ့နိုင်သောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
ဥပမာအားဖြင့် ဂူးဂဲလ် Account ဖြင့် ၀န်ဆောင်မှုတစ်ခုခုကို ၀င်ရောက်ထားစဉ် အင်တာနက်တွင် စကိတ်ဘုတ်ပြားအကြောင်း ရှာဖွေသည်ဆိုပါက နောက်တစ်ကြိမ်တွင် Youtube ဗီဒီယိုဝက်ဘ်ဆိုက်သို့ ၀င်လိုက်သည်နှင့် စကိတ်စီးခြင်းနှင့် ဆိုင်သော ဗီဒီယိုများကိုမြင်ရမည်ဖြစ်သလိုဘေးတွင် မြင်ရမည့်ကြော်ငြာမှာလည်း ယင်းနှင့်သက်ဆိုင်သော အရာများဖြစ်နေမည်ဖြစ်သည်။
သို့သော် အရေးကြီးသောကိစ္စ များဖြစ်သည့် မိမိ၏ ဂူးဂဲလ်ပြက္ခဒိန် မှ အရေးပါသော အစည်းအဝေးကဲ့သို့သော ကိစ္စများကိုပါ မှတ်တမ်းတင်ကာ သက်ဆိုင်သည့် ကိစ္စများကို ချိတ်ဆက်ဖော်ပြမှုမျိုးမှာ မလိုအပ်ဘဲ လျို့ဝှက်ထားသည်များ ပေါက်ကြားသလိုဖြစ်စေမည်ဖြစ်သည်။
ယင်းသို့ ပြင်ဆင်မှုအတွက် အမေရိကန်လွှတ်တော်အမတ်များက မေးခွန်းထုတ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေးကော်မရှင်နှင့် သဘောတူညီထားသည်များကို ချိုးဖောက်ရာရောက်နေကြောင်း ထုတ်ပြန်ဝေဖန်ခဲ့ကြသည်။
ဥရောပသမဂ္ဂ တရားရေးကော်မရှင်ကလည်း ဂူးဂဲလ်နှင့်ဖေ့စ်ဘွတ်ခ်ကဲ့သို့သော ၀က်ဘ်ဆိုက်များကို အသုံးပြုသူများ၏ သဘောတူညီချက်မရဘဲ ၎င်းတို့၏အချက်အလက်များကို အသုံးမပြုရေး၊ စည်းမျဉ်းတစ်ရပ်ကို အတည်ပြုကာ ချိုးဖောက်သည့် ကုမ္ပဏီကို တစ်ကြိမ်လျှင် ယူရိုတစ်သန်းအထိ ဒဏ်တပ်နိုင်ရန် ကြိုးပမ်းနေသည်။
Ref: AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis