menu

Sunday 29 January 2012

မြန်မာနိုင်ငံသို့ တစ်နှစ်တာ ခရီးသွားဝင်ရောက်မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာ ၃၁၉ သန်းရရှိ




7187 ရန်ကုန်မြို့ရောက် ခရီးသွားအချို့အား ဇန်န၀ါရီလလယ်ပိုင်းက တွေ့ရစဉ်
မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ၀င်ရောက်မှု၊ လည်ပတ်သုံးစွဲမှုများမှ ရရှိသော ၀င်ငွေသည် ၂၀၁၁ ခုနှစ်တွင် သိသာစွာ တိုးတက်မှုရှိခဲ့ပြီး စုစုပေါင်းဝင်ငွေ အမေရိကန် ဒေါ်လာ ၃၁၉ သန်းရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ရရှိသော အချက်အလက်များ အရ သတင်းရရှိ ပါသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ ၂၀၀၉ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်တို့တွင် ရရှိခဲ့ သော ၀င်ငွေထက် ၂၀၁၁ ခုနှစ်၏ ၀င်ငွေသည် ပိုမိုခဲ့ပြီး ၂၀၀၈ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၁၆၅သန်း၊ ၂၀၀၉ ခုနှစ်တွင် ၁၉၆ သန်း၊ ၂၀၁၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၂၅၄ သန်း အသီးသီးရရှိခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင်ရရှိသော ၀င်ငွေမှာ အမေရိကန် ဒေါ်လာ ၃၁၉ သန်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်မှုများအရ သိရှိရသည်။
၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ သို့ ၀င်ရောက်ခဲ့သော ခရီးသွားဧည့် သည်များသည် တစ်ဦးလျှင် ပျမ်းမျှ နေထိုင်ရက် ရှစ်ရက်ဝန်းကျင်နေထိုင် ခဲ့ကြပြီး တစ်ရက်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၂၀ ၀န်းကျင် သုံးစွဲခဲ့ကြသည်။
၂၀၀၈ ခုနှစ်တွင် ပျမ်းမျှ နေထိုင်ရက် ကိုးရက်နှင့် သုံးစွဲမှု တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၉၅ ဒေါ်လာ၊ ၂၀၀၉ ခုနှစ်တွင် ပျမ်းမျှ နေထိုင်ရက် ရှစ်ရက်ခွဲနှင့် တစ်ရက် သုံးစွဲမှု အမေရိကန်ဒေါ်လာ ၉၅ ဒေါ် လာ၊ ၂၀၁၀ ပြည့်နှစ်တွင် ပျမ်းမျှ နေထိုင်ရက် ရှစ်ရက်နှင့် တစ်ရက် သုံးစွဲမှု အမေရိကန်ဒေါ်လာ ၁၂၀ တို့ဖြစ်ပြီး ၂၀၁၁ ခုနှစ်သည် ခရီး သွားတစ်ဦးချင်း၏ ပျမ်းမျှ နေထိုင် ရက်နည်းပါးသော်လည်း တစ်ရက် သုံးစွဲမှုမှာ အခြားနှစ်များထက် တိုးတက်ခဲ့သည်ဟု သိရှိရသည်။
၂၀၁၁ ခုနှစ်အတွင်း လေဆိပ် ၀င်ပေါက်များမှ ၀င်ရောက်ခဲ့သော ခ ရီးသွားဦးရေ ၃၉၀၀၀၀ ကျော်ရှိခဲ့ရာ တွင် အာရှဒေသမှ ၂၅၉၀၀၀ ကျော်၊ အနောက်ဥရောပမှ ၈၀၈၀၀ ကျော်၊ မြောက်အမေရိကမှ ၂၅၃၀၀ ကျော်၊ ပင်လယ်ပိုင်း ဒေသမှ ၁၁၆၀၀ကျော်၊ အရှေ့ဥရောပမှ ၇၆၀၀ ကျော်၊ အရှေ့အလယ်ပိုင်းမှ ၂၆၀၀ ကျော်၊ အခြား အမေရိကဒေသမှ ၂၃၀၀ ကျော်၊ အာဖရိကမှ ၉၉၀ ကျော်တို့  ၀င်ရောက်ခဲ့သည်ဟု သိရှိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis