menu

Friday 27 January 2012

အပြောင်းအလဲတွေ အရှိန်အဟုန် မြှင့်နိုင်ရေး ကုလအကြီးအကဲ တိုက်တွန်း


မြန်မာနိုင်ငံက လတ်တလော ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေ အရှိန်အဟုန် မြှင့်နိုင်အောင် မြန်မာအစိုးရ အနေနဲ့ ပုဂ္ဂလိကနဲ့ အစိုးရဌာနတွေအားလုံး လက်တွဲ ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ကုလသမဂ္ဂ အာရှပစ္စဖိတ်ဒေသဆိုင်ရာ အကြီးအကဲက မနေ့က တိုက်တွန်းလိုက်ပါတယ်။
ESCAP
အာရှပစ္စဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးအေဂျင်စီ ESCAP အကြီးအကဲ မစ္စစ် Noeleen Heyzer ၂၀၀၈ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော ၆၄ ကြိမ်မြောက် ESCAP ညီလာခံတွင် မိန့်ခွန်းပြောကြားစဉ်။

မြန်မာနိုင်ငံရဲ့ အစပျိုးနေတဲ့ တိုးတက်မှုတွေဟာ မြန်မာနိုင်ငံ လူဦးရေအများစု ဖြစ်တဲ့ ဆင်းရဲသားတွေ အတွက်လည်း မျှော်လင့်ချက်အပြည့်နဲ့ အနာဂတ် တစ်ခုဆီကို ဦးတည်နေပါတယ်လို့ ကုလသမဂ္ဂရဲ့ အာရှပစ္စဖိတ် ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးအေဂျင်စီ ESCAP အကြီးအကဲ မစ္စစ် Noeleen Heyzer က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်က ပြောဆိုခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲမှုတွေ အားကောင်းမောင်းသန် ဖြစ်ဖို့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကဏ္ဍကလည်း အလွန် အရေးကြီးကြောင်း၊ အားလုံးကို လက်ကမ်းကြိုဆိုဖို့ နယ်ပယ် အသီးသီးမှာ တံခါးဖွင့်ပေးဖို့ လိုအပ်မှာ ဖြစ်ကြောင်း မစ္စစ်နိုလင်းန်က တိုက်တွန်းခဲ့ပါတယ်။ ဒီအတောအတွင်း သမ္မတဦးသိန်းစိန်နဲ့ မိသားစုဟာ စင်္ကာပူနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မကြာခင် သွားရောက်မယ်လို့ သိရပါတယ်။ ရက်အတိအကျ ကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။
RFA

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis