menu

Friday 27 January 2012

စက္ကန့်ထပ်တိုးမှုစနစ်ကို ပယ်ဖျယ်ရေးညှိနှိုင်းမှု မအောင်မြင်





ကမ္ဘာလည်ပတ်မှုအရ အမှန်တကယ်ရှိသည့် အချိန်နှင့် နာရီများတွင်ပြသသည့် အချိန်ကိုက်ညီစေရေး အခါအားလျော်စွာ နာရီတွင် တစက္ကန့်ပေါင်းထည့်သည့်စနစ်ကို ပယ်ဖျက်ရေး ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့တွင် ပညာရှင်များ ညှိနှိုင်းခဲ့ကြသော်လည်း အောင်မြင်မှုမရခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးသမဂ္ဂက အနှစ် ၄၀ ကြာမြင့်ပြီဖြစ်သည့် ယင်းစက္ကန့်ထပ်ပေါင်းစနစ်ကို ပယ်ဖျက်ရန် သင့် မသင့်ဆွေးနွေးမှုအား ဆက်လက်လေ့လာရန် ရှိသေးသောကြောင့်ဟုဆိုကာ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ လိုအပ်သလို တစ်စက္ကန့်စီ ထပ်ပေါင်းသည့်စနစ်အရ အနှစ် ၄၀ အတွင်း ၂၄ စက္ကန့် ထပ်ပေါင်းပေးခဲ့ပြီဖြစ်သည်။ ယင်းစနစ်သည် အချိန်မှန်စေရေး အထောက်အကူပြုသော်လည်း ကမ္ဘာတစ်ဝန်းရှိ ချိတ်ဆက်သုံးရသော ကွန်ပျူတာများရှိ နာရီများကို တစက္ကန့်လိုက်ရွှေ့ပေးရခြင်းကြောင့် အခက်အခဲနှင့် အမှားအယွင်းများ ဖြစ်ပေါ်လေ့ရှိသည်။ အမေရိကန်၊ ပြင်သစ်၊ ဂျပန်တို့က ဦးဆောင်ပြီး ယင်းစနစ်ကို ဖယ်ရှားရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။  
Ref: AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis