menu

Friday 27 January 2012

အကောက်ခွန်မဲ့ကုန်စည်များကြောင့် လုပ်ငန်းရှင်များထိခိုက်



အိမ်နီးချင်း နိုင်ငံအချို့မှ ပြည်တွင်းသို့ တရားမ၀င်အခွန်မဆောင်ဘဲ ၀င်ရောက် လာသည့် စားသောက်ကုန်ပစ္စည်းများကြောင့် ပြည်တွင်းလုပ်ငန်းရှင်များကို များစွာထိခိုက်နေကြောင်း ယခုလ ၂၃ ရက်က ကျင်းပသည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များက ပြောကြားသည်။
"တရားမ၀င်အခွန်မဆောင်ဘဲ ၀င်လာတဲ့ကုန်စည်တွေကို ထိုက်တန်တဲ့ အရေးယူမှုတွေရှိပေမယ့် ကျသွားတယ် မရှိပါဘူး။ တိုးလာတာပဲ ရှိပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်ပမှ တရားမ၀င်အခွန်မဆောင် ဘဲဝင်လာသည့် ကုန်ပစ္စည်းများတွင် အသင့်ဖျော်သောက် ကော်ဖီများ၊ အသင့်စားခေါက်ဆွဲ ခြောက်များ၊ ဟင်းချိုမှုန့်၊ ဘီယာ၊ ဆေးဝါးနှင့် အခြားစားသောက် ကုန်ပစ္စည်းများ အဓိကပါဝင်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ဖမ်းဆီးရမိမှုမှာ အမှန်တကယ်ဝင် ရောက်နေသည့် မှောင်ခိုကုန်ပစ္စည်းများ ၏ တစ်ရာခိုင်နှုန်းခန့်သာ ရှိနိုင်သဖြင့် အန္တရာယ်အတိုင်း အဆကို ခန့်မှန်းနိုင်ကြောင်း ၎င်းတာဝန်ရှိသူကပြောသည်။
"ဖမ်းဆီးတဲ့ နည်းလမ်းသာမက ဘယ် လို ဖြေလျှော့ပေးမလဲဆိုတာလည်း စဉ်းစားဖို့လိုပါတယ်။ ဆေးဝါးနဲ့ စား သောက်ကုန်တွေ၊ အချို့မှုန့်တွေကို ဈေး တွေထဲမှာ ဆာလာအိတ်နဲ့ ထည့်ရောင်း နေတာတွေဟာ တိုင်းပြည်အတွက် အင်မတန်အန္တရာယ်များပါတယ်" ဟု ၎င်းက ဖြည့်စွက်ပြောသည်။
"အဲဒီလိုမှောင်ခိုကုန်ပစ္စည်းတွေ မ၀င် နိုင်အောင်က အားလုံးညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်လုပ်ရပါမယ်" ဟု အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန (အက်ဖ်ဒီအေ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မှောင်ခိုစားသောက်ကုန်များ၊ ဆေး ၀ါးများသည် အက်ဖ်ဒီအေ၏ စစ်ဆေး ချက်မပါရှိသဖြင့် အရည်အသွေးပိုင်း၊ ရက်လွန်ကုန်ပစ္စည်း ဟုတ်၊ မဟုတ် မသေ ချာကြောင်း ၎င်းက ပြောသည်။
"အိမ်နီးချင်းနိုင်ငံတချို့က ရက်လွန် စားသောက်ကုန်တွေ၊ ရက်လွန်ခါနီး စား သောက်ကုန်တွေကို ပြည်တွင်းကို သွင်း နေတယ်လို့ လည်း ကြားသိရပါတယ်" ဟု အမည်မဖော်လိုသူ ပြည်တွင်းစား သောက်ကုန်လုပ်ငန်းရှင်ကပြောသည်။
မှောင်ခိုပစ္စည်းများသည် အခွန်ပေး ဆောင်ရခြင်းမရှိသဖြင့် ဈေးနှုန်းအားဖြင့် ပြည်တွင်း ထုတ်ကုန်ပစ္စည်းများကို ဈေး နှုန်းအရ ယှဉ်ပြိုင်နိုင်ပြီး အစိုးရကို တရားဝင်အခွန်ဆောင်၍ လုပ်ဆောင် နေသည့် ပြည်တွင်းလုပ်ငန်းရှင်များမှာ များစွာ နစ်နာနေသည်ဟု ဆိုသည်။
ပြည်တွင်းအိမ်သုံးဆေးဈေးကွက် တွင်လည်း ပြည်ပမှမှောင်ခိုဝင်ရောက် လာသည့်ဆေးဝါးများကို ယှဉ်ပြိုင်နေရကြောင်း၊ တရားဝင် တင်သွင်းလာသည့် ဆေးဝါးများတွင် အင်္ဂလိပ်စာတန်း အဓိကပါရှိပြီး မှောင်ခိုဆေးဝါးများတွင် အခြား ထိုင်း၊ အိန္ဒိယစာများကို ရေးသား ထားကြောင်း ရန်ကုန်အခြေစိုက်ဆေးဝါး ဖြန့်ချိရေး မန်နေဂျာတစ်ဦးက ပြော သည်။
"မှောင်ခိုပျောက်ဖို့ဆိုရင် တရားဝင် ကုန်သွယ်ရေးမှာ ထိန်းချုပ်မှုတွေ လျှော့ချ ရပါမယ်။ Too much regulations (စည်းမျဉ်းတွေ တအားများနေတာ) တွေက အန္တရာယ်များပါတယ်။"ဟု အငြိမ်းစား ဒုတိယပါမောက္ခချုပ် ဦးကျော်မင်းထွန်းက ပြောသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis