menu

Friday 27 January 2012

လွှတ်တော် တတိယပုံမှန်အစည်းအဝေးများတွင် လွှတ်တော်အတွင်းသို့ လက်ကိုင်ဖုန်းနှင့် လက်ပ်တော့ကွန်ပျုတာများ ယူဆောင်ခွင့်ရ

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမနေ့အစီအစဉ်များ ကျင်းပရာ လွှတ်တော်ပရ၀ုဏ် အတွင်းသို့ လက်ကိုင်ဖုန်းများ ယူဆောင်အသုံးပြုခွင့် ရရှိခဲ့သည်။ ထို့ပြင် ရုပ်သံမီဒီယာများအတွက် လက်ပ်တော့ကွန်ပျူတာနှင့် အခြားလိုအပ်သည့်ပစ္စည်းများကိုပါ သယ်ဆောင်ခွင့်ပြုလာကြောင်း သိရှိရသည်။
လွှတ်တော်သို့ လာရောက်သတင်းရယူသည့် ပြည်တွင်းမီဒီယာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက''တတိယ အကြိမ်လွှတ်တော်စတဲ့နေမှာ လွှတ်တော်ကို သတင်းလာယူတဲ့ သတင်းသမားတွေ သတိထားရမယ့် စည်းကမ်းချက်တွေကို ပြန်ကြားရေးက တာဝန်ရှိသူတွေက ပြောပါတယ်။ အရင်တစ်ခေါက်တုန်းက လွှတ်တော်ထဲကို လက်ကိုင်ဖုန်း လုံးဝ ယူလို့မရဘူး။ အခုတစ်ခေါက် ယူခွင့်ပြုတယ်။ ဒါပေမယ့် လွှတ်တော်အစည်းဝေးကို အနှောင့်အယှက် ဖြစ်နိုင်တဲ့ ဖုန်းမြည်သံတွေ မထွက်စေဖို့တော့ သတိပေးထားတယ်''ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက''ရန်ကုန် တိုင်းဒေသကြီးက လွှတ်တော်အစည်းအဝေးတွေမှာလည်း အခုလိုဖြစ်စေချင်ပါတယ်။ ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးမှာတောင် အခုလိုခွင့်ပြုလာပြီ။ ပြီးခဲ့တဲ့အခေါက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ သတင်းထောက်တွေကို အသံဖမ်းစက်တောင် ယူခွင့်မပြုတဲ့ ကန့်သတ်ချက်မျိုးတွေ ဒီတစ်ခေါက်မှာ မရှိသင့်တာ့ပါဘူး''ဟု ပြောကြားခဲ့သည်။
ထို့ပြင် လွှတ်တော်အတွင်းသို့ ရုပ်သေ၊ ရုပ်ရှင်ကင်မရာ၊ အသံဖမ်းစက်၊ သတင်းအတွက်လိုအပ်သည့် စာရွက်စာတမ်းများ ယူဆောင်လာနိုင်ကြောင်း၊ လွှတ်တော်အတွင်း၌ သတင်းပို့နိုင်ရန် ဖက်စ်ဖုန်းများထားရှိ ပေးထားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis