menu

Wednesday 25 January 2012

အခမဲ့ကြည့်ရှု နိုင်မည့်ရေပန်းရုပ်ရှင် တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

4439
ပြည်သူ့ဥယျာဉ် အပန်းဖြေက စားကွင်းအတွင်းမှ ရေပန်းရုပ်ရှင် တည်ဆောက်ပြီးစီးမှု အခြေအနေကို တွေ့ရစဉ်
ပြည်သူ့ဥယျာဉ် အပန်းဖြေ ကစားကွင်းတွင် ရေပန်းရုပ်ရှင် တည်ဆောက်မှုမှာ ၈၀ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ကာ ဖေဖော်ဝါရီလ တတိယပတ်လောက်မှ စ၍ အများပြည်သူတို့ အခမဲ့ လေ့လာကြည့်ရှုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
“ရေပန်းရုပ်ရှင်ကိုတော့ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်လောက်ကစပြီး တည်ဆောက်ခဲ့တာပါ။ အခုဆိုရင်တော့ တည်ဆောက်မှုက ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ။ ပြီးတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွှေတိဂုံစေတီတော် မြတ်ကြီးရဲ့ နှစ် ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အမီ ဖွင့်လှစ်နိုင်ဖို့တော့ မျှော်မှန်းထားပါတယ်”ဟု Natural World Co. Ltd မှတာဝန်ရှိသူတစ်ဦး က ပြောခဲ့သည်။

ရေပန်းရုပ်ရှင်ရုံတွင် ရေပန်းအက၊ ရေပန်းအလှ၊ ဗီဒီယိုဇာတ်ကား များ၊ ကာတွန်းကားများ၊ သီချင်းများ၊ သီချင်းတောင်းခြင်း အစီအစဉ်များ နှင့် ဗဟုသုတ ရရှိစေနိုင်မည့် ထူးခြားသော အစီအစဉ်များကို ပြသသွားမည် ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ကြော်ငြာများ ထည့်သွင်းနိုင်မည် ဖြစ်ကြောင်းနှင့် ညဈေး ရောင်းရန် ပေ ၂၀ ပတ်လည်ရှိ ဆိုင်ခန်းများလည်း ငှားရမ်းနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ ရုပ်ရှင်ဇာတ်ကားများကို ညနေ ၅ နာရီမှ ၈ နာ ရီခန့်အထိ ပြသသွားမည်ဖြစ်ပြီး လူ ဦးရေ ၂၀၀၀ ခန့်ကြည့်ရှုနိုင်မည့် ရုပ်ရှင်ကြည့်စင်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့ဥယျာဉ်ကို ၂၀၁၀ ပြည့်နှစ်၊ ဇွန်လမှစ၍ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ Natural World Co. Ltd မှ လွှဲပြောင်းယူခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့ဥယျာဉ် အပန်းဖြေ ကစားကွင်းဝင်ကြေးကို ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ လ ၅ ရက်နေ့မှစ၍ လူတစ်ဦးလျှင် ယခင် ကျပ်၂၀၀ မှ ကျပ် ၃၀၀ သို့ တိုးမြှင့်ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis