menu

Wednesday 25 January 2012

မုတ္တမ ပင်လယ်ကွေ့ကို မှတ်တမ်းရုပ်ရှင်လာရောက်ရိုက်ကူးရန် BBC ကမ်းလှမ်းထား

4435
မုတ္တမပင်လယ်ကွေ့ အနီးရှိ မြန်မာ့ကမ်းရိုးတန်း တစ်နေရာ
မြန်မာနိုင်ငံတောင်ပိုင်းရှိ မုတ္တမ ပင်လယ်ကွေ့အား မှတ်တမ်းရုပ်ရှင် လာရောက် ရိုက်ကူးနိုင်ရန် BBC က ကမ်းလှမ်းထားကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံတောင်ပိုင်းရှိ မုတ္တမ ပင်လယ်ကွေ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့နှင့် ဆက်စပ်တည်ရှိနေကာ ဆောင်းခိုငှက်များအတွက် အရေးပါသော ရေတိမ်ဒေသဖြစ်သည်။ နှစ်စဉ် ရေငှက်မျိုးစုံ အကောင်ရေ တစ်သိန်းခွဲနှင့် နှစ်သိန်းအထက် ဆောင်းခိုသည့် အရပ်ဖြစ်ပြီး Birdlife International ၏ အရေးကြီးသော ငှက်ဧရိယာ (Important Bird Area- IBA) ဖြစ်သည်ဟု သိရှိရသည်။

“ဒီဒေသကို BBC က Documentary လာရိုက်ချင်တယ်လို့ ကမ်းလှမ်းထားပါတယ်။ လောလောဆယ် ၀န်ကြီးဌာနကို တင်ပြရဦးမှာ ဖြစ်လို့ မသေချာသေးပါဘူး။ လာပြီးရိုက်ကူးချင်တာကတော့ BBC  အပြင် တခြားအဖွဲ့တွေလည်း ရှိပါတယ်။ BBC Wildlife က လာရိုက်ဖြစ်ရင် သူ့အစီအစဉ်ကနေ ပြသသွားမယ်ပေါ့” ဟု BANCA မှ ဥက္ကဋ္ဌဒေါက်တာ ထင်လှက ပြောပါသည်။

Spoonbilled Sandpiper များသည် ရုရှား နိုင်ငံတွင် သားပေါက်ကာ မိုင်ထောင် ချီပျံသန်းလျက် ဆောင်းခိုရာတွင် မြန်မာနိုင်ငံမှ မုတ္တမပင်လယ်ကွေ့သည် အကောင်ရေ အများဆုံး ဆောင်းခိုသော နေရာဖြစ်နေသည်။ ယင်းမှာ မုတ္တမပင်လယ်ကွေ့သည် ငှက်များ အတွက် အစာကြွယ်ဝမှု၊ မပျက်မစီး တည်ရှိနေမှု စသည်တို့ကို ပြဆိုနေသည်…
မုတ္တမပင်လယ်ကွေ့သည် ရေငှက်မျိုးစိတ် ၃၆ မျိုးအထက် ဆောင်းခိုသည့် အရပ်ဒေသဖြစ်ပြီး မျိုးသုဉ်းရန် အန္တရာယ်ရှိနေသော ငှက်မျိုးစိတ်များလည်း ဆောင်းခိုသောဒေသဖြစ်သည်။ ယင်းအနက် မျိုးသုဉ်းရန် အစိုးရိမ်ရဆုံးအခြေအနေသို့ ရောက်ရှိနေသော Spoonbilled Sandpiper များသည် ရုရှား နိုင်ငံတွင် သားပေါက်ကာ မိုင်ထောင် ချီပျံသန်းလျက် ဆောင်းခိုရာတွင် မြန်မာနိုင်ငံမှ မုတ္တမပင်လယ်ကွေ့ သည် အကောင်ရေ အများဆုံးဆောင်းခိုသော နေရာဖြစ်နေသည်။ ယင်းမှာ မုတ္တမပင်လယ်ကွေ့သည် ငှက်များ အတွက် အစာကြွယ်ဝမှု၊ မပျက်မစီး တည်ရှိနေမှု စသည်တို့ကို ပြဆိုနေသည်ဟု လေ့လာသူတို့က သုံးသပ်ပါသည်။
၁၉၇၀ ပြည့်နှစ်တွင် အကောင်ရေ ၄၀၀၀ မှ ၅၅၀၀ ခန့် မှတ်တမ်းတင်ထားခဲ့ရာမှ ၂၀၀၉ ခုနှစ်တွင် အကောင်ရေ ၂၄၀ မှ ၄၅၀ သာ ကျန်ရှိတော့ ကြောင်း၊ ၂၀၀၈ ခုနှစ်မှစတင်ပြီး နိုင်ငံတကာမှ ငှက်ပညာရှင်များသည် မုတ္တမ ကမ်းခြေသို့ တစ်ဖွဲ့၊ စစ်တွေမြို့နံ့သာ ကျွန်းသို့တစ်ဖွဲ့ BANCA နှင့်ပူးပေါင်းလျက် လေ့လာခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအနေဖြင့် ယင်းဒေသအား ကာကွယ်ထိန်းသိမ်းရေး နယ်မြေအဖြစ် ထားရှိသင့်နေကာ ကမ္ဘာ့ရေတိမ်ဒေသ အဖြစ်လည်း သတ်မှတ်ရန် အလားအလာ ရှိနေကြောင်းလည်း သိရှိရသည်။
ယင်းဒေသနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်းမှ ငှက်ပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များသည် ယခုနှစ်များ အတွင်း စိတ်ဝင်စားမှု ပိုမိုလာသည်။
BBC က မှတ်တမ်းရုပ်ရှင် လာရောက်ရိုက်ကူးရန် ကမ်းလှမ်းထားမှုအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန သို့ တင်ပြသွားရန်ရှိကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis