menu

Wednesday 25 January 2012

ပြင်သစ်သမ္မတရွေးကောက်ပွဲ မြင်းလေးကောင်ပြိုင်သည့်ပြိုင်ပွဲ အသွင်ဖြစ်ပေါ်လာ


ကျင်းပရန် သုံးလသာလိုတော့သည့်အချိန်တွင် ပြင်သစ်သမ္မတရွေးကောက်ပွဲ၌ အဓိကပြိုင်ဘက်များ ဖြစ်သည့် လက်ရှိသမ္မတဆာကော်ဇီနှင့် ဆိုရှယ်လစ်ဝါဒီ ဖရွန်ဆွာဟော်လန်ဒေးတို့အပြင် လက်ယာစွန်းနှင့် ဗဟိုဝါဒီတို့ ပါဝင်လာခဲ့သည်။ ယခုရွေးကောက်ပွဲမှာ ၁၉၆၅ ခုမှ၂၀၀၇ ခုနှစ်ကာလအတွင်းမှာကဲ့သို့ သမ္မတလောင်းသုံးဦးသာ ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲမဟုတ်ဘဲ ပထမဆုံးအကြိမ် လေးဦးထိ ယှဉ်ပြိုင်မည့်ပွဲဖြစ်ကြောင်း လက်ဝဲယိမ်း Liberation သတင်းစာက မကြာသေးမီက ၎င်း၏ အယ်ဒီတာအာဘော်တွင် ဖော်ပြခဲ့သည်။

ရွှေ့ပြောင်းအခြေချသူများကို ဆန့်ကျင်သည့် လက်ယာစွန်း National Front  ပါတီမှ မာရင်းလီပင်းနှင့် Democratic Movement ပါတီမှ ဖရွန်ဆွာဘေရူးတို့လည်း ခြေလှမ်းကျဲကျဲ လှမ်းနေကြကြောင်း စစ်တမ်းများ၌ တွေ့ရှိရသည်။
စစ်တမ်းများအရ ဟော်လန်ဒေးမှာ ပြိုင်ဘက်အားလုံးရှေ့တွင်ဦး ဆောင်နေပြီး ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ ပထမအကျော့၌ မဲအားလုံး၏ ၂၈ မှ ၃၀ ရာခိုင်နှုန်းအထိ ရရှိနိုင်ဖွယ်ရှိသည်။ သမ္မတဆာကော်ဇီက ၂၃ နှင့် ၂၄ ရာခိုင်နှုန်းဝန်းကျင်၊ လီပင်းက ၁၈ နှင့် ၂၀ ရာခိုင်နှုန်းကြား၊ ဘေရူးကမူ ၁၂ နှင့် ၁၄ ရာခိုင်နှုန်းခန့် ရရှိနိုင်ကြောင်း ဖော်ပြထားသည်။  သို့သော်လည်း ဟော်လန်ဒေး၏ လူကြိုက်များမှုမှာ တဖြည်းလျော့နည်းဖွယ်ရှိနေပြီး ဆာကော်ဇီကိုလည်း မဲဆန္ဒရှင် ၆၃ ရာခိုင်နှုန်းက မနှစ်သက်ပေ။ လီပင်းနှင့် ဘေရူးတို့အပေါ် လူကြိုက်များမှု တိုးလာဖွယ် ရှိနေသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis