menu

Saturday 14 January 2012

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာမည်

ပြင်သစ် နိုင်ငံခြားရေး ရာနှင့် ဥရောပရေးရာဝန်ကြီး မစ္စတာ ALain juppe` သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်ထိ တရားဝင် ခရီးလာရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ ပြင်သစ် သံရုံးက ယနေ့ သတင်းထုတ်ပြန်သည်။ ထို ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး၏ ခရီးသည် ၁၉၈၈ နောက်ပိုင်း ပထမဆုံးခရီး ဖြစ်သည်။ ထိုခရီးတွင် ပြင်သစ်ဝန်ကြီးသည် မြန်မာနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် အာဏာပိုင်များ ၏ အမျိုးသားပြန်လည်သင့် မြတ်ရေး ၊ လူ့အခွင့်ရေးနှင့် တိုင်းရင်းသားရေး ၊ဒီမိုကရေစီဖော်ဆောင်ရေး အရှိန်မြင့်စွာ ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် အားပေးရန် ဖြစ်ကြောင်း သိရသည်။
French-Foreign-Minister-Alain-Juppe2.jpgပြင်သစ်နိုင်ငံခြားရေး နှင့် ဥရောပရေးရာဝန်ကြီး မစ္စတာ ALain juppe`ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးသည် ဇန်နဝါရီ ၁၅ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ရှိပြီး အတိုက်အခံ ကိုယ်စားလှယ်များနှင့်လည်းတွေ့ဆုံမည်ဟု သိရသည်။  ဇန်နဝါရီ ၁၆ ရက်နေ့တွင် ဝန်ကြီးသည် သမ္မတကြီး  ဦးသိန်းစိန် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်နှင့် ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ဥက0x081ကဌ များနှင့် တွေ့ဆုံရန်ရှိသည်။

ရန်ကုန်တိုင်းမ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis