menu

Saturday 14 January 2012

ပြုပြင်ပြောင်းလဲမှုများအတွက်အချိန်သတ်မှတ်ပေးပြီး အကြမ်းဖက်မှုများနှိမ်နင်းသွားမည်ဟု ဆီးရီးယားသမ္မတပြောကြား


ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်က ကတိပေးထားသော ပြုပြင်ပြောင်းလဲမှုများအတွက် အချိန်သတ်မှတ်ပေးခဲ့ပြီး အကြမ်းဖက်မှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်းသွားမည်ဟု ဇန်န၀ါရီလ ၁၀ ရက်နေ့က ပြောကြားခဲ့သော မိန့်ခွန်းတွင် အတည်ပြုပြောကြားခဲ့ရာ အတိုက် အခံတို့က ဝေဖန်ခဲ့ကြသည်။

အာဆတ်မိန့်ခွန်းပြောကြားခဲ့ပြီး နှစ်နာရီအကြာတွင် လတ်တာကီယာဆိပ်ကမ်းမြို့၌ အာဆတ်ထောက်ခံသူများက အာရပ်အဖွဲ့ချုပ်စောင့်ကြည့်သူများ၏ ကားများကို ၀င်ရောက်တိုက်ခိုက်မှုကြောင့် အာရပ်အဖွဲ့ချုပ် တာဝန်ရှိသူ ၁၁ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း အာရပ်အဖွဲ့ချုပ်က ပြောကြားခဲ့သည်။  ''အစိုးရက သင်ခန်းစာမယူနိုင်သေးဘူး''ဟု ဆီးရီးယားအတိုက်အခံ အမျိုးသားကောင်စီဥက္ကဋ္ဌ ဘာဟန်ဂါလီယွန်က ပြောကြားခဲ့သည်။ အကြမ်းဖက်သမားများ၊ လက်နက်မဲ့ တိုက်ခိုက်ရေးသမားများစသည့် အလွယ်တကူနားမလည်နိုင်သော အဓိပ္ပာယ်မဲ့စကားလုံးများစွာ ပြောသွားသည်ဟု အတိုက်အခံ Coordination Committees of Syria (LCC) မှ ပြောခွင့်ရပုဂ္ဂိုလ် ရာဖစ်ဂျိုဂျာတီက ပြောကြားခဲ့သည်။  နှစ်နာရီနီးပါးကြာမြင့်သော မိန့်ခွန်းတွင် အာဆတ်က ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲသွားမည်ဖြစ်ပြီး မူကြမ်းပြီးသည်နှင့် မတ်လအစောပိုင်းတွင် လူထုဆန္ဒခံယူပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မေလတွင် ရွေးကောက်ပွဲများကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆီးရီးယားအကျပ်အတည်းကို ဆွေးနွေးရန်ပြင်ဆင်နေချိန်၌ အာဆတ်က မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။ အာဆတ်အစိုးရထောက်ခံသူများသည် အာရပ်အဖွဲ့ချုပ်စောင့်ကြည့် အဖွဲ့၏လုပ်ရပ်များကို ဆန့်ကျင်ကန့်ကွက်သည့်လှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း၊ စောင့်ကြည့်သူများဒဏ်ရာရခြင်း၊ ပစ္စည်းများဖျက်ဆီးခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းတို့မှာ အာဆတ်ထောက် ခံသူများနှင့် ပါတီများ၏ လက်ချက်များဖြစ်ကြောင်း အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် နာဘီလ်အီလ်အရာဘီက ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
အာဆတ်က အာရပ်အဖွဲ့ချုပ်ကိုလည်း ဝေဖန်ပြောကြားခဲ့ပြီး အဖွဲ့ချုပ်တွင်ပါရှိသော မည်သည့်နိုင်ငံမှ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး ဆီးရီးယားကိုလမ်းညွှန်နိုင်သည့် အစိုးရမဟုတ်ကြောင်း ပြောကြားခဲ့သည်။  ''ဆီးရီးယားမှာ ပထမဆုံးပါလီမန်ကျင်းပခဲ့တာ ၁၉၁၇ ခုနှစ်ကပါ။ အဲဒီတုန်းက သူတို့တွေ ဘယ်မှာလဲ။ သူတို့အခြေအနေက ပါးစပ်မှာ စီးကရက်ခဲရင်း လူနာကို ဆေးလိပ်ဖြတ်ဖို့ ပြောနေတဲ့ ဆရာဝန်လိုပါပဲ''ဟု သူကပြောကြားခဲ့သည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis