menu

Thursday 29 November 2012

Samsung Galaxy S3 က ကမ္ဘာ့အကြမ်းခံဖုန်းတစ်လုံး ဖြစ်ကြောင်း သက်သေပြ

Samsung Galaxy S3 က ကမ္ဘာ့အကြမ်းခံဖုန်းတစ်လုံး ဖြစ်ကြောင်း သက်သေပြသွား

Samsung Galax S3 ကို iPhone 5 နဲ့ ယှဉ်ပြီး အကြမ်းခံမှုမှာ လိုက်မမှီဘူး လို့ ဝိုင်းဝန်းပြောဆိုခဲ့ကြပါတယ်။ ယခုတော့ ယင်းပြောဆိုချက်ကို ပယ်ဖျက် လို့ Samsung တို့ သက်သေပြလိုက်ပြီ ဖြစ်ပါတယ်။ 

အပြင်းဆုံး အကြမ်းခံ စမ်းသပ်မှုလို့ခေါ်တဲ့ (Extreme Test) ကို Samsung Galaxy S3 နဲ့ လုပ်ပြသွားပါတယ်။ ပလပ်စတစ် ကိုယ်ထည်နဲ့ ပြုလုပ်ထားပေ မ့ယ် ဘယ်လောက်ထိ အကြမ်းခံတယ်ဆိုတာကို ဗီဒီယိုထဲမှာ မြင်တွေ့ရ မှာ ဖြစ်ပါတယ်။ 

သာမန် ၁၀၀ ဂရမ်လောက် လူလက်နဲ့ ဖိတဲ့ Buttom ကို ၁၀၀၀ ဂရမ် Pressure နဲ့ အကြိမ် ၂ထောင် ဖိပြပါတယ်။ ပြောင်းဖူးကြိတ်စက်တည်း ထည့်ပြပါတယ်။ ရေစက်ပေါင်း သန်းနဲ့ချီပြီး Screen ပေါ်ကျစေပါတယ်။ မိုးပေါက်များအောက် ထားပြပါတယ်။ Connection ဘယ်လောက်ခံတယ် ဆိုတာကို ပြသပါတယ်။ ဘယ်လောက် ကွေးဆန့်နိုင်မှု ဒဏ်အား ခံနိုင်တယ် ဆိုတာကို ပြသပါတယ်။ ဖိအား ဘယ်လောက်ပေးပေ မယ့် ကွေးမသွားပဲ သူ့နဂိုအတိုင်း ရှိတယ်ဆိုတာကို ပြသပါတယ်။ အပေါ်ကနေ ပစ်ချပြပါတယ်။ Samsung Galaxy S3 တစ်လုံးတည်းနဲ့တင် မဟုတ်ပဲ အလုံးပေါင်းများစွာနဲ့ သက်သေပြထားတဲ့ Samsung ရဲ့  ဗီဒီယို ကို အံ့သြသွားကြပါတယ်။ 

ဒါကြောင့် iPhone 5 ကိုကျော်လွန်ပြီး ကမ္ဘာ့ရောင်းအားအကောင်းဆုံး စမတ်ဖုန်းအဖြစ် စံချိန် တင်နိုင်ခဲ့ခြင်းဟာ အကြောင်းမဲ့ မဟုတ်ဘူး ဆိုတာကို အောက်ပါ ဗီဒီယိုနဲ့ သက်သေပြသွားခဲ့ကြောင်း သိရပါတယ်။ 
--
http://youtu.be/dc9c5YFyovU

Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/samsung-galaxy-s3.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis