menu

Thursday 29 November 2012

ရေဒီယို၊ဓာတ်ရောင်ခြည်ကာကွယ်ပေးမည့် ဖုန်း စတစ်ကာ RadiSafe

အိန္ဒိယ ထုတ်ပစ္စည်း ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၀ ကျော် မှာ အောင်အောင် မြင်မြင် ဖြန့်ချိနေတဲ့ ပစ္စည်းလည်း ဖြစ်ပါတယ်။ ဓာတ်ရောင်ခြည်၊ ရေဒီယိုလိုင်း ထုတ်လွတ်မှုကို လျော့ချပေးမယ့် စတစ်ကာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဟန်းဖုန်း၊ တီဗီ၊ ရေခဲသတ္တာ၊ ရေဒီယို၊ လပ်(ပ်)တော့၊ လိုင်းဖုန်း အစရှိသဖြင့်တို့မှာ ကပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်း တစ်မျိုးတည်း ရယ်လို့ မဟုတ်ပါဘူး။ 

ဖုန်းမှာကပ်ထားရင် ဖုန်းရဲ့  အပူထုတ်လွတ်မှု ၈၀ ရာခိုင်နှုန်း လျော့ချ ပေးပါ တယ်။ ဒါကြောင့် ဖုန်းဘက်ထရီ သက်တမ်းလည်း တိုးမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းမှ ထွက်လာတဲ့ radiation တွေကို နား၊ ဦးနှောက် နဲ့ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများဆီ ပျံ့ လွင့်မသွားအောင်လည်း ထိန်းပေးပါ တယ်။ သူ့ရဲ့  ရေဒီယိုလိုင်း တားဆီးပေးမှုက ၉၉.၅ ရာခိုင်နှန်းရှိတဲ့ အတွက် မိုဘိုင်းဖုန်းကြောင့် ဖြစ်နိုင်ချေရှိတဲ့ ဦးနှောက်ကင်ဆာနဲ့ အခြားဆက် စပ် ရောဂါများကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ အသုံးပြုဖို့လည်း လွယ်ကူ ပါတယ်။ ဖုန်းမှာ ကပ်မယ်ဆိုရင်လည်း ဖုန်းရဲ့ နောက်ကျော သို့မဟုတ် အင်တာနာ တိုင်နဲ့နီးတဲ့နေရာမှာ ကပ်ထားရုံပဲ ဖြစ်ပါတယ်။ 

အမေရိကန် ဆေးပညာရှင်များရဲ့  လေ့လာချက်များအရ ယနေ့ခေတ် ဦးနှောက်ကင်ဆာ ဖြစ်ပွားမှုရဲ့  ၃၀ ရာခိုင်နှုန်းဟာ လျှပ်စစ်သံလိုင်းစက်ကွင်း များနဲ့ ထိတွေ့နေရမှုများကြောင့်လို့ ဆိုပါတယ်။ EMF, EMR အစရှိသဖြင့် ဓာတ်ရောင်ခြည်အားလုံးကို ယနေ့ခေတ်လူသားများဟာ အမြဲတမ်း ထိတွေ့နေရပါတယ်။ မိုဘိုင်းဖုန်း အသုံးပြုမှုက အဓိကအခန်းကဏ္ဍ ကနေ ပါဝင်နေတာ ဖြစ်ပါတယ်။ 

ဒါကြောင့် သူ့နည်းသူ့ဟန်နဲ့ ယင်း Radiation များကို လျော့ချနိုင်ဖို့အတွက် ကုန်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်လာကြပါတယ်။ သို့ပေမယ့် မြန်မာပြည် အရောက်နည်းပါတယ်။ ယခုတော့ ရှားရှားပါးပါး RadiSafe က မြန်မာပြည်မှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။ 

ဈေးနှန်းနဲ့ အသေးစိတ်အချက်အလက်များကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု မှာယူ နိုင်ပါတယ်။ 

http://www.ads.com.mm/my/for-sale/anything-else/hand-phone-bio-scalar-energy-ion-sticker-6011.html
https://www.facebook.com/ads.com.mm
----
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/radisafe.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis