menu

Thursday 29 November 2012

အမြန်လမ်းမတွင် ကားမှောက်၍ တရုတ်-မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလုပ်ငန်းမှ တရုတ်နိုင်ငံသား သုံးဦး သေ၊နှစ်ဦး ဒဏ်ရာရ


ရန်ကုန်မှ မန္တလေးမြို့သို့ အမြန်လမ်းအတိုင်း မောင်းနှင်လာသောပါဂျဲရိုးယာဉ်တစ်စီးသည် နိုဝင်ဘာ(၂၆)ရက် ညနေ(၄)နာရီကျော်တွင် ကားဘီးပေါက်၍ အရှိန်လွန်ကာ တိမ်းမှောက်သဖြင့် ယာဉ်ပေါ်ပါတရုတ်-မြန်မာ ရေနံနှင့်သဘာဝဓါတ်ငွေ့ ပိုက်လိုင်းလုပ်ငန်းမှ တရုတ်နိုင်ငံသား(၃)ဦးပွဲချင

်းပြီးသေဆုံးခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံသား ငါးဦး စီးနင်းလိုက်ပါလာသည့် ၅ဂ/……..ခဲရောင် ပါဂျဲရိုးယာဉ်တစ်စီးသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၁၈/၂ အနီးတွင်(နွားထိုးကြီးမြို့နယ်အတွင်း) ကားဘီးပေါက်၍ အရှိန်လွန် ကာ တဖက်ယာဉ်ကြောတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြ ထားသည်။
ပွဲချင်းပြီးသေဆုံးသွားသူ သုံးဦးမှာ မစ္စတာလာဒကီ(၄၂)နှစ်၊မစ္စတာချိုင်ဂျော့လှိုင်(၃၇)နှစ်နှင့် မစ္စတာမာဖူး (၅၈) နှစ်တို့ဖြစ်သည်။မစ္စတာယောင်ရှားတောင်(၃၅)နှစ်နှင့် ယာဉ်မောင်းဇောင်မင်းချန် (၃၈)နှစ်တို့မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တင်ပို့ထားရပြီး ၄င်းတို့မှာ တရုတ်-မြန်မာရေနံ နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းမှ ဖြစ်ကြောင်း ရန်ကုန်-မန္တလေးအမြန်လမ်းရဲတပ်ဖွဲ့ကွပ်ကဲရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကားတိမ်းမှောက်ရာသို့ နွားထိုးကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး၊ပြင်စည်ရဲစခန်းမှူးနှင့် တာဝန်ရှိသူများလာရောက်ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ယာဉ်တိမ်းမှောက်မှူကို ပြင်စည်ရဲစခန်းက အမှူဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
7Day News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis