menu

Wednesday 15 August 2012

ဦးသန့်နေထိုင်ခဲ့သည့် ၀င်ဒါမီယာရှိ အဆောက်အအုံကို ပြတိုက်ငယ်အဖြစ် မွမ်းမံပြင်ဆင်မည်


ဦးသန့်နေထိုင်ခဲ့သည့် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ၀င်ဒါမီယာထဲမှ အမှတ်(၃၁)နေအိမ်။
ဓာတ်ပုံ-ဒေါက်တာသန့်မြင့်ဦး

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်ဦးသန့် ရန်ကုန်မြို့မှာ နေထိုင် သွားခဲ့တဲ့ နေအိမ်ကို ပြန်လည်ပြင်ဆင်ပြီး အဆောက်အအုံရဲ့ တစ်စိတ် တစ်ပိုင်းကို ဦးသန့်ရဲ့ဘ၀နဲ့အလုပ်ကို ထင်ဟပ် ပုံဖော်မယ့် ပြခန်းငယ် အဖြစ် ပြင်ဆင် သွားမယ်လို့ Yangon Heritage Trust ကို တည်ထောင် သူက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ဦးသန့် နေထိုင်သွားခဲ့တဲ့ နှစ်ထပ် အဆောက်အအုံမှာ ဗဟန်းမြို့နယ်ရှိ အမှတ် ၃၁၊ ၀င်ဒါမီယာမှာ တည်ရှိ တာဖြစ်ပါတယ်။
"၁၉၅၀ ၀န်းကျင်မှာ ဦးသန့်က ၀န်ကြီး ချုပ်ဦးနုရဲ့ အတွင်းရေးမှူးအဖြစ် ဆောင် ရွက်နေစဉ် အဲဒီအိမ်မှာ နေထိုင်ခဲ့ပါ တယ်။ ဒီအဆောက်အအုံ ဟောင်းတစ်ခု လုံးကို လာမည့်လတွေမှာ အပြီးပြင်ဆင် မှာ ဖြစ်ပါတယ်" လို့ ဦးသန့်ရဲ့မြေးဖြစ် တဲ့ Yangon Heritage Trust တည်ထောင်သူ ဒေါက်တာသန့်မြင့်ဦးက ပြောပါတယ်။
ပြခန်းငယ်အပြင် အဆောက်အအုံရဲ့ တစ်စိတ်တစ်ပိုင်းနဲ့ ဥယျာဉ်နေရာတွေ ကိုတော့ ဦးသန့်ဝါသနာပါတဲ့ ပညာရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ ဟောပြော ပွဲတွေနဲ့ နှီးနှောဖလှယ်ပွဲတွေ ပြုလုပ် ကျင်းပဖို့အတွက် မွမ်းမံပြင်ဆင်သွားမှာ ဖြစ်ပါတယ်။

"ကျွန်တော်တို့မိသားစုကတော့ အခု လိုပြခန်းအဖြစ် ပြင်ဆင်တာဟာ ဦးသန့် ရဲ့လုပ်ဆောင်ချက်တွေကို ဂုဏ်ပြုရာ ရောက်သလို သူ့ကိုလည်း အောက်မေ့ သတိရဖွယ်ရာရောက်တယ်လို့ မျှော်လင့် ကြပါတယ်"လို့ ဒေါက်တာသန့်မြင့်ဦးက အီးမေးလ်ကတစ်ဆင့် မြန်မာတိုင်း(မ်) ကို ပြောပါတယ်။
အဆောက်အအုံ မွမ်းမံပြုပြင်ဖို့ အတွက် Yangon Heritage Trust က ကူညီမှာဖြစ်ပြီး ကုန်ကျစရိတ်ကိုတော့ ပုဂ္ဂလိကအလှူရှင်တွေ ဆီက ရှာဖွေသွား မှာ ဖြစ်ပါတယ်။ အဆောက်အအုံဟာ ခိုင်ခံ့မှုရှိနေ သေးပေမယ့် ပစ်ထားတာကြာပြီဖြစ်တာ ကြောင့် ပြင်ဆင်မှုတော်တော်များများ ပြုလုပ်ဖို့ လိုအပ်တယ်လို့ ဦးသန့်မြင့်ဦး က ဆိုပါတယ်။
"ဗိသုကာပညာရှင်တွေနဲ့ အင်ဂျင်နီ ယာတွေဟာ ပြီးခဲ့တဲ့တစ်ပတ်က အဆောက်အအုံကို လေ့လာခဲ့ကြပြီးပါ ပြီ။ အဆောက်အအုံကို ဆောက်လုပ်ရေး ၀န်ကြီးဌာနက ၀န်ထမ်းတွေ နေထိုင်ခွင့် ပေးပြီး နောက်ပိုင်းမှာ ပြုပြင်မှုမရှိခဲ့ပါဘူး"လို့ သူက ပြောပါတယ်။
ဦးသန့်နေထိုင်ခဲ့တဲ့ အဆောက်အအုံ ကို မွမ်းမံပြင်ဆင်လိုက်ခြင်းဟာ တခြား လျစ်လျူရှုပစ်ထားတဲ့ အမွေအနှစ် အဆောက်အအုံတွေ အတွက် စံနမူနာ ဖြစ်စေပြီး သမိုင်းမှာအရေးပါတဲ့ ဒီ အဆောက်အအုံတွေကို ပြုပြင်ထိန်း သိမ်းလာဖို့ တွန်းအားဖြစ်စေမယ်လို့ မျှော်လင့်တယ်လို့လည်း ဦးသန့်မြင့်ဦးက ဆိုပါတယ်။
ဦးသန့်ဟာ ၀င်ဒါမီယာရှိ နေအိမ်ကို ၁၉၅၇၊ ဩဂုတ်လ ၅ ရက်နေ့မှာ ပြောင်းရွှေ့ခဲ့ပြီး နောက်ပိုင်းမှာ မြန်မာအစိုးရရဲ့ အတွင်းရေး လက်ထောက် ဦးရွှေမရနဲ့ မိသားစုက ဆက်လက်နေထိုင်ခဲ့ပါ တယ်။
"၀န်ကြီးချုပ်ဟောင်းဦးနုနဲ့ ၀န်ကြီးတွေဟာ ဦးသန့်အိမ်နားမှာ နေထိုင်ကြတာပါ။ ဦးနုနဲ့ ဦးသန့်တို့ဟာ ၀င်ဒါမီယာ ထဲမှာ မကြာခဏ လမ်းလျှောက်ထွက်ကြပါတယ်"လို့ ဒေါက်တာသန့်မြင့်ဦးက ပြောပြပါတယ်။
သူနဲ့ သူ့မိသားစုကလည်း ဦးသန့် နေထိုင်ခဲ့တဲ့ အစိုးရပိုင်အဆောက်အအုံ ကို ပြတိုက်ဖွင့်လှစ်ဖို့အတွက် မွမ်းမံ ပြင်ဆင် ခွင့်ပေးတဲ့ သမ္မတကြီး ဦးသိန်းစိန် ကို ကျေးဇူးတင်ပါတယ်လို့လည်း သူက ဆိုပါတယ်။
ဦးသန့်ဟာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၁ ကနေ ၇၁ ခုနှစ်အထိ ၁၀ နှစ်တာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis