menu

Wednesday 15 August 2012

ရန်ကုန်-ပုသိမ်ကားလမ်း ယာယီပိတ်

ရန်ကုန်၊ သြဂုတ် - ၁၅
ပုသိမ်-ရန်ကုန် ကားလမ်းမအား ယနေ့(သြဂုတ် ၁၅ရက်) နေ့လယ် ၁၁ နာရီမှစ၍ ယာယီပိတ်လိုက်ကြောင်း သတင်းရရှိသည်။
"တိုင်းဝန်ကြီးချုပ်က ပိတ်ခိုင်းတယ်ဆိုပြီး ယာဉ်ပိုင်ရှင်များအသင်းက အကြောင်းကြားလာတာပါ" ဟု အောင်မင်းစိန်ယာဉ်လိုင်းမှ ပိုင်ရှင် ကိုအောင်အောင်ကပြောသည်။

သို့သော် နရ၀တ်၊ နီလာဝင်းနှင့် မြင့် ခရီးသည်တင်ကားများမှာ ပြေးဆွဲပေးနေပြီး ရေကြီးသောနေရာတွင် လှေများဖြင့် ကူးပေးကြောင်း န၀ရတ်ကားဂိတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပုသိမ်မြို့မှ မိုင်တိုင် ၂၀ မှ ၂၇ မိုင်ကြားတွင် ရေကြီးပြီး ရေကျော်နေသဖြင့် သြဂုတ်လ ၁၄ရက်မှစ၍ ည ၈နာရီမှ နံနက် ၅နာရီအတွင်း ကားသွားလာခွင့် တားမြစ်ထားသည်။


ပုသိမ်မြို့တွင် ရေကြီးနေသဖြင့် မြို့ပေါ်ရပ်ကွက်ရှစ်ခုတွင် ရေဘေးဒုက္ခသည် ၅၀၀၀ ခန့်ရှိနေကြောင်း ပုသိမ်ဒေသခံ ၈၈ ကျောင်းသားအဖွဲ့မှ ကိုဝေလုကပြောသည်။ ဧရာဝတီတိုင်းအတွင်း ရေကြီးနေသဖြင့် မြို့နယ် ၁၅မြို့နယ်မှ စာသင်ကျောင်းပေါင်း ၄၁၁ ကျောင်း ပိတ်ထားပြီး၊ ပုသိမ်မြို့ တစ်မြို့တည်းတွင် ကျောင်းပေါင်း ၄၈ ကျောင်း ပိတ်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူကလည်းပြောသည်။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis