menu

Wednesday 15 August 2012

ရန်ကုန်မြို့တွင်း ယာဉ်လိုင်းအသစ်သုံးခု ထွက်ပေါ်

ရန်ကုန်၊သြဂုတ်၁၅။

ရန်ကုန်မြို့တွင်း သယ်ယူ ပို့ဆောင်ရေးအတွက် နည်းလမ်း အမျိုးမျိုးဖြင့် အကောင်အထည်ဖော်ကြရာ လွန်ခဲ့သည့် တစ်လခန့်က ရန်ကုန်မြို့တွင် သီးသန့် အမည်ဖြင့် ယာဉ်လိုင်းသစ် သုံးခု ထွက်ပေါ်ခဲ့ကြောင်း ရန်ကုန်မြို့တွင်း ခရီး သွားလာနေသူ ခရီးသည် အများစုက ပြောကြားသည်။

အဆိုပါ သီးသန့် ယာဉ်လိုင်းများမှာ တိုင်းဒေသကြီး အစိုးရသို့ ယာဉ်လိုင်း ပြေးဆွဲခွင့် လေ

ျှာက်ထားခဲ့ရာ အထူးလိုင်း မရရှိသဖြင့် သီးသန့်အမည်ဖြင့်ပြေးဆွဲရခြင်း ဖြစ်ကာ ပြည်ပမှ တင်သွင်းလာသော ကားသစ်များဟု မြင်သာစေရန် အတွက် လိုင်းအသစ် ပေးခြင်းဖြစ်ကြောင်း မထသမြို့တွင်းမှ တာဝန်ရှိသူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ သီးသန့် ယာဉ်များမှာ ယာဉ်အို ယာဉ်ဟောင်း အပ်နှံပြီး တင်သွင်းလာသော ကားများ ဖြစ်သောကြောင့် ယခင်ယာဉ်ဟောင်း၏ ယာဉ်စီးခအတိုင်း သတ်မှတ်ခြင်းဖြစ်ကြောင်း မထသ ဗဟိုမှ အတွင်းရေးမှူးကလည်း ဆိုသည်။

အဆိုပါ သီးသန့် ယာဉ်လိုင်းများမှာ ရိုးရိုးယာဉ်လိုင်း များကဲ့သို့ပင် ခရီးစဉ် တစ်ပိုင်းလျှင် ငါးဆယ်ကျပ်ပင် သတ်မှတ်ထားသော်လည်း ခရီးစဉ်တစ်ပိုင်းကို တစ်ရာကျပ် တောင်းယူပြီး အထူးကားနှုန်းထား အတိုင်း တောင်းယူလျှက်ရှိ ကြောင်း ၅၇ သီးသန့်ယာဉ်လိုင်းတွင် စီးနင်းလေ့ ရှိသည့် ခရီးသည်များက တညီတညွတ်တည်း ပြောသည်။

"မိုးလုံလေလုံ စီးရမယ်ဆိုပြီး အထူးကား အတိုင်း ပိုက်ဆံတောင်းတာ ကျွန်မတို့ဘက်မှာအခြေခံ လူတန်းစားများ တော့ ရိုးရိုးကား စီးတာများတယ် ကားပေါ်မှာတော့ ၂၀၀/၃၀၀ လို့ ရေးထားတော့ အထူးကားလို့ပဲ ထင်နေတာ" ဟု အသက်လေးဆယ်ကျော် အရွယ် ခရီးသည် အမျိုးသမီး တစ်ဦးက ဆိုသည်။

အဆိုပါ ၅၇ သီးသန့် ယာဉ်လိုင်းမှ ယာဉ်စီးခ တိုးတောင်းသည်ဟု သတင်းရသဖြင့် စစ်ဆေးသော်လည်း ပုံမှန်တိုင်း တောင်းသည်ကိုသာ တွေ့ရပြီး ၃၁ ယာဉ်လိုင်းမှာ ထိုသို့ ပိုတောင်းခြင်းများ မရှိကြောင်း မထသ ဗဟိုမှ ယာဉ်မှူးစစ် တစ်ဦးကလည်း The Voice Weekly သို့ပြောသည်။

ယခင်က ဒိုင်နာယာဉ်များကို ကားလတ်ဟု လည်းကောင်း၊ ဟိုင်းလပ်ယာဉ်များကို သီးသန့်ဟု လည်းကောင်း သတ်မှတ် ခေါ်ဝေါ်ခဲ့ကာ ယခုလက်ရှိတွင် ၅၇ ယာဉ်လိုင်း၊ ၃၁ ယာဉ်လိုင်းနှင့် သြဂုတ်လ ၁၂ ရက်နေ့က ပြေးဆွဲခဲ့သည့် ၃၆ ယာဉ်လိုင်းတို့ကို သီးသန့် ယာဉ်လိုင်းများအဖြစ် သတ်မှတ်ပြီး မတ်တတ်ရပ်စီး ခရီးသည် ခွင့်မပြုခြင်း၊ ထိုင်ခုံသတ် မှတ်ချက်ရှိခြင်း၊ ယာဉ်စီးခ ၂၀၀ သတ်မှတ်ခြင်း စသည့် အင်္ဂါရပ်များ သတ်မှတ်၍ ၂၀၀၈ ခုနှစ်ခန့်က အထူးယာဉ်လိုင်း ပေါ်ပေါက်ခဲ့ဖူးကြောင်း မထသမြို့တွင်းမှ စုံစမ်း သိရသည်။
Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis