အမေရိကန် သမ္မတ ဂျော့ဒဗလျူဘုရှ်၊ ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲ၊
ဒလိုင်းလားမား၊ ဟီလာရီကလင်တန်၊ ဒေါ်အောင်ဆန်းစုကြည် အစရှိသည့်
နာမည်ကျော်ပုဂ္ဂိုလ်များ နှင့် တိုက်ရိုက်တွေ့ဆုံ မေးမြန်းမှုများ
ပြုလုပ်ခဲ့သလို၊ ဂျာနယ်လစ်အဖြစ် ၄၂ နှစ်ကြာ လုပ်ကိုင်ခဲ့သော
အသက်(၆၅)နှစ်အရွယ်ရှိ Nation Multimedia Group ၏ Chairman Mr.Suthichai
Yoon နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြ အပ်ပါသည်။
မေး-ပထမဆုံးအနေနဲ့ The Nation နဲ့ Eleven Media Group တို့အကြား MoU
ရေးထိုးဖို့ ဆုံးဖြတ်ဖြစ်ခဲ့တာ ဘာကြောင့်လဲ သိချင်ပါတယ်။ မြန်မာနိုင်ငံက
ဒါဟာ ပထမဆုံးအကြိမ်လည်း ဖြစ်မယ်ထင်ပါတယ်။
ဖြေ- ကျွန်တော်မြင်တာကတော့ EMG ဟာ မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး
မီဒီယာဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ Chairman ဒေါက်တာသန်းထွဋ်အောင်ပါ။
ကျွန်တော်တို့ စကားပြော ဖြစ်ကြတဲ့အခါ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားအတွက်
ဘယ်လို ကာကွယ်ခဲ့တယ်၊ အကျင့်ပျက်ခြစားမှု အပေါ်မှာ မီဒီယာ ရဲ့သက်ရောက်မှုက
ဘယ်လိုရှိခဲ့တယ်၊ မီဒီယာက မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို ဘယ်လို
ကာကွယ်ပေးတယ် ဆိုတာ သိခွင့်ရပါတယ်။ ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်လလောက်က
ရန်ကုန်မှာ ဆုံခဲ့တဲ့အချိန် စကားပြောရတော့ သူ့ရဲ့ဂျာနယ်လစ် တစ်ယောက်အနေနဲ့
အမြင် သဘောထားတွေက ကျွန်တော့်ကို တော်တော်ပဲ ဆွဲဆောင်မှုရှိပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော် ကိုယ်တိုင်က ဂျာနယ်လစ်အဖြစ် နှစ်ပေါင်း ၄၂
နှစ်လောက် လုပ်လာခဲ့တာပါ။ ကျွန်တော့် မှာ မီဒီယာကုမ္ပဏီ တစ်ခုအနေနဲ့
တိုင်းပြည်ရဲ့ တိုးတက်မှုကို ဘယ်လိုဖော်ဆောင်နိုင်တယ်ဆိုတဲ့ အတွေးတွေ
အများကြီးရှိပါတယ်။ မြန်မာနိုင်ငံဟာ အခုဆိုရင် သမိုင်းဝင်ပြုပြင်
ပြောင်းလဲမှုတွေကို သွားနေတဲ့ကာလ ဖြစ်ပါတယ်။ ကျွန်တော် မြန်မာ့နိုင်ငံရေးကို
လေ့လာခဲ့တာ နှစ်ပေါင်း ၃၀ လောက် ရှိပါတယ်။ ကျွန်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်
ကို ပထမဆုံး တွေ့ဆုံမေးမြန်းခွင့်ရတဲ့ အာဆီယံ ဂျာနယ်လစ်တစ်ဦး
ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်
ခဏပြန်လွတ်လာတဲ့ အချိန်မှာ တွေ့ခွင့်ရခဲ့တာပါ။ အခုအချိန် အထိလည်း
မြန်မာနိုင်ငံက ဒီမိုကရေစီဖွံ့ဖြိုးမှုနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အတွေးအမြင်၊
လုပ်ဆောင်မှုတွေကို လေ့လာနေဆဲ ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်အထွေထွေ
နိုင်ငံရေးကိုလည်း လေ့လာခဲ့တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ
ပြုလုပ်စဉ်ကရယ်၊ ပွင့်လင်းလာတဲ့ အနေအထားတွေရယ်ကို လေ့လာထားပါတယ်။ EMG ရဲ့
Chairman ဒေါက်တာ သန်းထွဋ်အောင်နဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံရဲ့
ပြုပြင်ပြောင်းလဲမှုမှာ မီဒီယာရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်ထိ အရေးပါတယ်ဆိုတာနဲ့
ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ ကျွန်တော်တို့ ဘယ်လို အတူတွဲ
လုပ်ဆောင်နိုင်တယ် ဆိုတာကို သဘောတူညီမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကျွန်တော်တို့သတင်းတွေ ဖလှယ်ကြမယ်၊ ၀န်ထမ်းတွေ ဖလှယ်ကြမယ်၊ ဒါကတော့
မြန်မာပြည်သူတွေ သာမက ထိုင်းက စာဖတ်သူတွေကိုပါ အကျိုးရှိစေမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ထိုင်းစာဖတ်သူတွေကို ပါ Eleven က သတင်းတွေကို တင်ပြပေး
ချင်ပါတယ်။ Nation က အင်္ဂလိပ်ဘာသာ နဲ့ထုတ်ဝေတာ ဖြစ်တဲ့အတွက် အာဆီယံ
နိုင်ငံတွေကိုလည်း ရောက်မယ်၊ website ကနေ လည်း ကမ္ဘာကို ရောက်နိုင်ပါတယ်။
ကျွန်တော်တို့မှာ နေ့စဉ် သတင်းစာ သုံးစောင်ရှိပါတယ်။The Nation လို့ခေါ်တဲ့
အင်္ဂလိပ်နေ့ စဉ်သတင်းစာရယ်၊ ထိုင်းနေ့စဉ် သတင်းစာ နှစ်စောင်ရယ်ပါ။
အာဆီယံရယ်၊ မြန်မာရယ်ကို လွှမ်းခြုံနိုင်တဲ့ မီဒီယာကုမ္ပဏီနှစ်ခုလုံး
ဖွံ့ဖြိုးဖို့ Eleven နဲ့ ကျွန်တော်တို့ အတူလုပ်နိုင်တဲ့ အနေအထားမှာ
ရှိပါတယ်။ ဒါကြောင့် ဒီအချိန်ဟာ MoU ရေးထိုးဖို့ဖြစ်တယ်လို့ ကျွန်တော်တို့
သဘောတူညီခဲ့ကြပါတယ်။ ကျွန်တော်တို့ အပြန်အလှန်အကျိုးရှိအောင်
လုပ်ဆောင်နိုင်ကြမှာပါ။ မြန်မာနဲ့ထိုင်းက စာဖတ်သူ နှစ်ဖက်လုံးအတွက်
အကျိုးရှိတဲ့ တင်ပြမှုတွေ ပြုလုပ်နိုင်မှာပါ။
ကျွန်တော်မြင်တာတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တစ်ဦးကအစိုးရခေါင်းဆောင်၊ တစ်ဦးက အတိုက်အခံ
ခေါင်းဆောင်ဆိုပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ သမ္မတနှစ်ယောက်
အလုပ်လုပ်နေသလိုပါပဲ . . .
|
မေး- EMG ကို မြန်မာနိုင်ငံမှာ ဘာကြောင့် ရွေးချယ်ခဲ့တာ ပါလဲ။
ဖြေ-ကျွန်တော် ဒေါက်တာသန်းထွဋ်အောင်နဲ့ တွေ့ခဲ့တယ်လို့
ပြောပြခဲ့ပြီးပါပြီ။ အရင်ကတော့ ကျွန်တော်က မြန်မာနိုင်ငံကိုလာဖို့
စိုးရိမ်စိတ်တွေ ရှိနေခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို black
listလို့ထင်နေခဲ့လို့ပါ။ ကျွန်တော်က နိုင်ငံရေးသမားလည်း မဟုတ်ပါဘူး။
ဒါပေမယ့် မြန်မာသံရုံးကိုသွားရင် ဗီဇာမရပါဘူး။ ဒါဟာ ပထမဆုံးအကြိမ်
တရားဝင်ဗီဇာ ရလာတာပါ။ မြန်မာ ဂျာနယ်လစ် တစ်ယောက်နဲ့ စကားပြောဖို့ဆိုတာ
အရင်က မလွယ်ခဲ့ဘူးပေါ့။ လွန်ခဲ့တဲ့ သုံးလကတော့ ဒေါ်အောင်ဆန်းစုကြည်
အစည်းအဝေးမှာ Eleven က သတင်းထောက်နဲ့ တွေ့ပါတယ်။ ကိုနေထွန်းနိုင်က
ကျွန်တော်တို့ Nation က သတင်းထောက် ရဲ့မိတ်ဆွေပါ။ သူက CEOက ကျွန်တော်
နဲ့စကားပြောဖို့ ဖိတ်ခေါ်ချင်တယ်လို့ ပြောပြပါတယ်။ ကျွန်တော်တို့
စကားပြောဖြစ်ပါတယ်။ ဒီမှာပဲ ကျွန်တော် တွေ့ချင်တဲ့ ဂျာနယ်လစ်၊ နောက်ပြီး
ဂျာနယ်လစ်တွေရဲ့ အခန်းကဏ္ဍကို သိနားလည်တဲ့ ထုတ်ဝေသူကို တွေ့ရတော့တာပါပဲ။ ဒါဟာ
ကျွန်တော် ဆုံးဖြတ်ရွေးချယ်စေခဲ့တဲ့ အကြောင်းရင်းဖြစ်ပါတယ်။
မေး-EMG နဲ့ ဒီလို MoU ရေးထိုးပြီးတဲ့ နောက်မှာ ဘယ်လိုစတင် လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
ဖြေ-၀န်ထမ်းတွေ အပြန်အလှန် ဖလှယ်ပြီးတော့ ထိုင်းကိုလည်း ခေါ်ယူပြီးတော့
အင်္ဂလိပ်ဘာသာနဲ့ သတင်းရေးသားတာ၊ တည်းဖြတ်တာတွေကို တိုးတက်အောင် သင်ကြားမှုတွေ
ပြုလုပ်မှာပါ။ မြန်မာနဲ့ ထိုင်းက ရုံးတွေမှာ နှစ်ဖက်လုံးစီစဉ်ထားပြီး
ဖြစ်ပါတယ်။ မြန်မာဗျူရိုနဲ့ ဘန်ကောက်ဗျူရို နှစ်ခုလုံး စီစဉ်ထားပါတယ်။
ဒါကတော့ Editorial ပိုင်းပါ။ ပူးပေါင်း ဆောင်ရွက်မှုတွေမှာ ပုံနှိပ်ရေး၊
ဖြန့်ချိရေး၊ ကြော်ငြာပြုလုပ်တာတွေ ပါတယ်။ နောက်ပြီး Eleven က
ထုတ်ဝေတာတွေကို ထိုင်း က မြန်မာလူမျိုးတွေ အတွက် ဖြန့်ချိ တာ ပါဝင်ပါတယ်။
နောက် conference တွေလုပ်ဖို့လည်း ရှိပါတယ်။ ဒီမှာရော ဘန်ကောက်မှာပါ
လုပ်မှာပါ။ သင့်တော်တဲ့ အချိန်ရောက်ရင် နေ့စဉ်သတင်းစာ လုပ်သွားဖို့လည်း
စီစဉ်ထားတာ ရှိပါတယ်။ နေ့စဉ် အင်္ဂလိပ် သတင်းစာပါ။ ဒါကတော့ ဒေါက်တာ
သန်းထွဋ်အောင်က ဘယ်အချိန် သင့်တော်တယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ EMG
ကနေလည်း နိုင်ငံရေး၊ စီးပွားရေး၊ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို
လေ့လာနိုင်တယ်။ နောက်ဆို မြန်မာနိုင်ငံ ပြင်ပမှာလည်း ဖတ်ရှုနိုင်ပါတော့မယ်။
The Nation Group နဲ့ ANN နဲ့ လည်း ချိတ်ဆက်ထားတာ ရှိပါတယ်။ Asia News
Network မှာ အဖွဲ့ဝင်အနေနဲ့ အာရှက ထိပ်တန်းအင်္ဂလိပ် သတင်းစာ ၂၁ စောင်
ရှိပါတယ်။ ကျွန်တော်တို့ သတင်းတွေကို နေ့စဉ် ဖလှယ်ပါတယ်။ Eleven ကို ANN
Website ကနေလည်း အာရှတစ်ခွင်မှာ ဖတ်နိုင်တော့မှာ ဖြစ်ပါတယ်။
မြန်မာသတင်းတွေကို Eleven ကနေ ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေက
ဖတ်ရှုနိုင်တော့မှာပါ။ ဒီအချိန်ဟာ လူ တိုင်းက မြန်မာနိုင်ငံအရေးကို
စိတ်ဝင်စား နေကြပါတယ်။ ဒါကြောင့် ဒီပူးပေါင်း ဆောင်ရွက်မှုကနေ တစ်ဆင့် EMG
ဟာ မြန်မာနိုင်ငံ ရဲ့ ပုံရိပ်ကို ထင်ဟပ်စေတဲ့နေရာမှာ အနာဂတ်အတွက်
အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။
မေး- MoU အားဖြင့် မီဒီယာနှစ်ဖက်စလုံးရဲ့ အကျိုးရှိမှုတွေက ဘာတွေပါလဲ။
ဖြေ-ကျွန်တော့်အမြင်ကတော့ ဒီပူးပေါင်းဆောင်ရွက်မှုကနေ ကောင်းမွန်တဲ့
အကျိုးသက်ရောက်မှုတွေ ရရှိတယ် လို့ မြင်ပါတယ်။ အခုဆိုရင် ကမ္ဘာ က မြန်မာကို
သိနားလည်လာကြတယ်။ နောင်ဆို ဒီထက်ပိုပြီး နားလည်လာနိုင်ပါတယ်။ ဒေါက်တာ
သန်းထွဋ်အောင်နဲ့ ကျွန်တော်ဟာ ဂျာနယ်လစ်တွေ အနေနဲ့ ဒါဟာ ကျွန်တော်တို့ရဲ့
ရည်ရွယ်ချက်လို့ တွေးထားပါတယ်။ နောက်ဆုံးရ inside story awG? qef;ppfrIawG?
background story တွေ၊ မြန်မာနိုင်ငံရဲ့ ပုံရိပ်တွေကို ကမ္ဘာကို
တင်ပြနိုင်မှာပါ။ ကျွန်တော်တို့ ပူးပေါင်းပြီးတော့ လည်း
အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်မယ်၊ ပြင်ပကနေ မြန်မာနိုင်ငံ အပေါ်
အမြင်ဆိုးစေမယ့် အရာတွေ ကို ထပ်ရှိမလာဖို့လည်း တိုက်ဖျက်သွားမှာ ဖြစ်ပါတယ်။
ထိုင်းနဲ့ မြန်မာ က ပုဂ္ဂလိက မီဒီယာဟာ ဘယ်နေရာမှာပဲ ရှိသည်ဖြစ်စေ
အမှန်တရား၊ တရားမျှတမှုတွေအတွက် ဂုဏ်သိက္ခာ ရှိရှိနဲ့တိုက်ဖို့ဖြစ်ပါတယ်။
ဆင်းရဲမွဲတေမှုတွေကို ကူညီပေးဖို့၊ အခွင့်အလမ်းမရှိ ဖြစ်နေတာတွေကို
ကူညီပေးဖို့ဖြစ်ပါတယ်။ အခုအချိန်ဟာ အသင့်တော်ဆုံးအချိန်ပါ။ အထူးသဖြင့်
ပတ်ဝန်းကျင်အသစ် ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ အခြေခံလူ တန်းစား၊လူအားလုံး
အကာအကွယ် ရရှိရမှာပါ။ နိုင်ငံရေးသမားတွေ၊ အတိုက်အခံတွေ၊ စစ်တပ်အပေါ်မှာ
ရာနှုန်းပြည့် ယုံနိုင်မှာ မဟုတ်ပါဘူး။ မီဒီယာဟာ လူထုလူတန်းစား အသီးသီးအတွက်
အကူအညီရစေဖို့ အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ မီဒီယာ၊
တာဝန်အပြည့်အ၀ယူတဲ့ မီဒီယာဟာ ကြားနေရပါမယ်။ တာဝန်ယူရပါမယ်။ EMGနဲ့ the
Nation Group ဟာ တူညီတဲ့ အတွေးတွေ ရှိကြပါတယ်။
မေး- Nation ဟာ အများပိုင်ကုမ္ပဏီလို့ သိရပါတယ်။ လက်ရှိမှာ
လုပ်ငန်းလည်ပတ်မှုတွေ၊ မီဒီယာပိုင်းက ဆောင်ရွက်နေမှုတွေကိုလည်း
ပြောပြပေးပါဦး။
ဖြေ-ကျွန်တော်တို့က အများပိုင် ကုမ္ပဏီဖြစ်ပါတယ်။ စတော့ဈေးကွက်ကို
လုပ်ကိုင်လာခဲ့တာ နှစ်ပေါင်း ၁၅ နှစ်၊ အနှစ် ၂၀ လောက်ရှိပါပြီ။
ကျွန်တော်တို့လို ပရော်ဖက်ရှင်နယ်တွေက ရှယ်ယာတချို့ကို ပိုင်ဆိုင်တယ်။
တခြားရင်းနှီးမြှုပ်နှံသူ တွေလည်းရှိတယ်။ ဒါပေမယ့် ကုမ္ပဏီကို
ပရော်ဖက်ရှင်နယ်ကျကျပဲ လည်ပတ်ပါတယ်။ ကျွန်တော်တို့မှာ တာဝန်ယူမှုရှိတယ်။
ညီမျှမှုရှိတယ်။ လူတွေ ဘာတွေတွေးတယ်ဆိုတာကို ဂရုစိုက်တယ်။ ခြစားမှုတွေကို
တိုက်ဖျက်တယ်။ ကျွန်တော် CEO နဲ့ တွေ့တဲ့ အခါ EMG ဟာလည်းပဲ အများပိုင်
ကုမ္ပဏီတစ်ခုပြုလုပ်ဖို့ ရည်ရွယ်ထားတာကို သိရပါတယ်။ ဒါဟာကောင်းတဲ့
စိတ်ကူးပါ။ ပုဂ္ဂလိကက ရှယ်ယာတွေ ပိုင်ဆိုင်ရင် သူတို့ရဲ့ပါဝင်မှု
ပိုပြီးရှိလာမယ်။ ဒါဟာ အရေးကြီးတဲ့အချက်ပါ။ EMG ဟာ မကြာခင်မှာ အများပိုင်
ကုမ္ပဏီဖြစ်လာမယ်။ ASEAN Economic Community (AEC) ကလည်း လာတော့မယ်။ EMGဟာ
အာဆီယံ ကုမ္ပဏီလည်း ဖြစ်လာနိုင်ပါတယ်။ မြန်မာသာ မကဘူးပေါ့။ အဲဒီလိုပဲ Nation
ဟာလည်း အာဆီယံ ကုမ္ပဏီဖြစ်လာနိုင်ပါတယ်။ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊
မြန်မာစတဲ့ နိုင်ငံတွေက သူတွေအားလုံး ဒီကုမ္ပဏီကို ပိုင်ဆိုင် နိုင်တယ်။
EMG ဟာ ပထမဆုံး ဒေသတွင်း ကုမ္ပဏီတစ်ခုဖြစ်လာမှာ ပါ။ CEO မှာလည်း
မြန်မာသာမကဘူး။ ဒေသတွင်း ကုမ္ပဏီတစ်ခု ဖြစ်လာဖို့ စိတ်ကူးရှိပါတယ်။
အများပိုင် ကုမ္ပဏီဖြစ်လာရင် မန်နေဂျာကလည်း ရှယ်ယာပိုင်ရှင် ဖြစ်လာနိုင်တယ်။
စာဖတ်သူကလည်း ရှယ်ယာပိုင်ရှင် ဖြစ်လာနိုင်တယ်။ စိတ်ဝင်စားသူ ဘယ်သူမဆို
ဖြစ်လာနိုင်တယ်။ ကျွန်တော်တို့ဟာ မီဒီယာ ရဲ့မူဝါဒကိုတော့
ဂရုစိုက်ရလိမ့်မယ်။ နိုင်ငံရေးသမား၊ တပ်မတော်၊ စီးပွားရေး
လုပ်ငန်းရှင်ကြီးတွေဟာ အများပိုင်ကုမ္ပဏီတစ်ခုကို ဖိအားပေးဖို့ ခက်ပါတယ်။
အားလုံးကာကွယ်ကြမယ်။ စာဖတ်သူကိုယ်တိုင်က ရှယ်ယာရှင်ဖြစ်တော့ ကာကွယ်မယ်။
စာနယ်ဇင်း လွတ်လပ်ခွင့်ကိုလည်း ကာကွယ်ရာ ရောက်တယ်။
မေး-မြန်မာနိုင်ငံရဲ့ လက်ရှိမီဒီယာအပေါ်မှာ ရော ဘယ်လိုမြင်ပါသလဲ။
ဖြေ-နှစ်အနည်းငယ် အတွင်းကတော့ အစိုးရရဲ့ ထိန်းချုပ်မှုရှိတယ်။ ဒါပေမယ့်
၂၀၀၅ မှာ EMGက သတင်း ဂျာနယ်စထုတ်တယ်၊ မှန်တယ်နော်။ အဲဒီအချိန်မှာလည်း
အစိုးရ ထိန်းချုပ်မှုရှိနေတယ်။ ကျွန်တော်တို့လည်း နှစ်တွေ အများကြီးကြာအောင်
အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ လုပ်ခဲ့ရတာပါ။ CEO က အားကစားနဲ့
စလုပ်တာပေါ့။ ကျွန်တော်တို့လည်း ကာတွန်းလေးတွေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့
comment ပေးနိုင်ဖို့ စလုပ်ခဲ့ရတာရှိတယ်။ သွယ်ဝိုက်သော နည်းနဲ့ ကော်လံတွေ
ရေးခဲ့ကြတယ်။ EMG ကလည်း သတင်းဂျာနယ် စပြီးတဲ့နောက်မှာ တွန်းအားပေး
နိုင်ခဲ့တယ်။ နည်းနည်းတွန်းအားပေးလိုက် နည်းနည်းရလာလိုက်၊
ထပ်တွန်းအားပေးလိုက် နည်းနည်း ပိုရလာလိုက်ပေါ့။ ဒါလူတွေအတွက်ပဲ။ ဘယ်အချိန်
တွန်းရမယ်၊ ဘယ်အချိန်ရပ်ရမယ် သိရတယ်။ ဒီနည်းနဲ့ ဂျာနယ်လစ်ဟာ
လွတ်လပ်ခွင့်အတွက် တိုက်ရတာပဲ။ EMG က ၂၀၀၅ မှာ စတယ်။ အခု စာနယ်ဇင်း
လွတ်လပ်ခွင့်ဟာ အထိုက်အလျောက်ရလာပြီ။ ဂျာနယ်လစ်ဟာ မှန်တာ၊ မမှန်တာကို
သိရတယ်။ ဂျာနယ်လစ်ဟာ အစိုးရ ရဲ့စက်ပစ္စည်း မဟုတ်ဘူး။ လူထုကိုပဲ
ကိုယ်စားပြုရတယ်။ EMG ဟာ ဂျာနယ်လစ်တွေကို ဒီနည်းနဲ့ဖန်တီးခဲ့တယ်။
ဒီနိုင်ငံထဲမှာလုပ်တဲ့ သတင်းထောက် တစ်ယောက်ကတော့ နေ့တိုင်း
စွန့်စားမှုတွေရှိမှာပဲ။ အချိန်မရွေး ဖမ်းဆီးခံရနိုင်တယ်။ ပြင်ပမှာ
လုပ်တဲ့သူတွေကလည်း အရေးကြီးတဲ့ role မှာရှိပါတယ်။ ဒါပေမယ့် နိုင်ငံထဲက
လူတွေကတော့ နေ့တိုင်း ထိန်းချုပ်မှု၊ ဖိအားတွေအောက်မှာ လုပ်နေရတာပါ။ အခုတော့
ပိုပြီး လွတ်လပ်ခွင့်တွေ ရလာဖို့ဖြစ်လာပါပြီ။။ ဒါပေမယ့် တခြားသော
ပြဿနာတစ်ခုကတော့ လွတ်လပ်ခွင့်ရလာတာနဲ့အမျှ တာဝန်ယူမှုတွေ ရှိရတော့မယ်။
ပရော်ဖက်ရှင်နယ်ကျတာတွေ လိုအပ်လာတော့မယ်။ ဒါ ကြောင့် ဒီအချိန်ဟာ
မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ EMG ရပ်တည်ဖို့ အချိန်ကောင်း
ဖြစ်ပါတယ်။
မေး-မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အနေအထား အပေါ်မှာလည်း သုံးသပ်ပေးပါဦး။
ဖြေ-နိုင်ငံရေး အနေအထားဟာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။
အံ့အားသင့်စရာတွေ ဖြစ်ခဲ့တယ်။ အပြောင်းအလဲတွေ ဖြစ်လာတယ်။ ကောင်းမွန်တဲ့
အနေအထားတွေဟာ လျင်လျင်မြန်မြန် ဖြစ်ပေါ်လာတယ်။ နိုင်ငံတကာက
စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ မကြာမီ ရုပ်သိမ်းသွားမယ်လို့
ကျွန်တော်ယုံကြည် ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ လွှတ်တော်တွေကလည်း
အားကောင်း လာမယ်။ ဒီမိုကရက်တစ် လူ့အဖွဲ့ အစည်းဟာလည်း မကြာမီဖြစ်လာမယ်။
လူငယ်တွေ၊ ကျောင်းသားတွေ ရဲ့ အခန်းကဏ္ဍဟာ နိုင်ငံတည် ဆောက်ရေးမှာ
အရေးကြီးတဲ့နေရာမှာ ရှိလာပါပြီ။ နိုင်ငံပြင်ပမှာ ရှိနေတဲ့
မြန်မာလူငယ်တွေဟာလည်း နိုင်ငံကို ပြန်လာဖို့ အခွင့်အလမ်းတွေ ရှိလာမယ်။
စစ်အစိုးရအဖွဲ့ဟောင်းနဲ့ အတိုက်အခံ ပါတီဟာလည်း ပြုပြင် ပြောင်းလဲမှုအတွက်
ရည်ရွယ်ချက်တူ အလုပ်လုပ်နေကြပြီ။ လွှတ်တော်ကလည်း အဓိက အကြောင်းအရာ တွေ၊
ဥပဒေပြဋ္ဌာန်းတာတွေ၊ လူတွေ ဘာလိုချင်တယ်ဆိုတာ တင်ပြတာ တွေလုပ်နေတယ်။
ကျွန်တော် မြင် တာတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တစ်ဦးက အစိုးရခေါင်းဆောင်၊ တစ်ဦးက
အတိုက်အခံခေါင်းဆောင် ဆိုပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ သမ္မတနှစ်ယောက်
အလုပ်လုပ်နေသလိုပါပဲ။ သူတို့ဟာ အပြန်အလှန် လိုအပ်နေကြပါတယ်။ သူတို့ဟာ
တစ်လှေတည်းမှာပဲ။ ဘက်ညီမှ ဒီလှေ က မနစ်မှာ။ Eleven Media မှာလည်း
သုံးသပ်ဝေဖန်တဲ့ သတင်းတွေ တွေ့ရတယ်။ ကိုယ့်နိုင်ငံအတွက်ဆိုရင်
ဝေဖန်သုံးသပ်မှုရှိရမှာပါပဲ။ မီဒီယာရဲ့ အခန်းကဏ္ဍက မှန်လိုပါ။
ကောင်းတဲ့မှန်တစ်ချပ်ဟာ အမှန် အတိုင်း ထင်ဟပ်တယ်။
မေး-စီးပွားရေး အနေအထားမှာရော မြန်မာ နိုင်ငံမှာ ဘယ်လို အလားအလာများ ရှိနေတယ်လို့ ထင်မြင်ပါသလဲ။
ဖြေ- မြန်မာနိုင်ငံဟာ သဘာဝ အရင်းအမြစ်များတယ်။ ဆန်၊ သစ်တွေရှိ တယ်။
သဘာဝဓာတ်ငွေ့တွေ ရှိတယ်။ အရေးအကြီးဆုံး ဦးစားပေးရမယ့် အချက်ကတော့
လူသားရင်းမြစ်ပါ။ လူသားအရင်းအမြစ်က အကန့်အသတ်နဲ့ပဲ ရှိနေတယ်ဆိုရင်
နည်းပညာတွေ ၀င်လာသော်လည်း ပဲ ကိုယ်က မရယူနိုင်ပါဘူး။ မြန်မာ
နိုင်ငံရဲ့စီးပွားရေးက ကျဆင်းခဲ့ရတယ်ဆိုတာ နိုင်ငံရေးစနစ်ကြောင့်
ဖြစ်ပါတယ်။ နှစ်တွေ အများကြီးကြာ အောင်ပေါ့။ နိုင်ငံရေးပြောင်းလဲသွား
ပြီဆိုရင်တော့ တိုးတက်မှုက မြန် ဆန်လာမှာပဲ။ ပြဿနာတစ်ခုက၊ ပြဿနာဆိုတာက
ကောင်းတဲ့ပြဿ နာပါ။ အခု စီးဝင်လာမယ့် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာပဲ ဖြစ်ပါတယ်။
ဒါတွေအားလုံးကို ဘယ်လိုကိုင်တွယ်မလဲ။ အခုကစီးပွားရေးက တစ်ဟုန်
ထိုးတက်လာဖို့ အဆင်သင့်ဖြစ်နေ ပြီ။ World Bank လာမယ်။EU ၀င်လာမယ်။ ဒါဟာ
ဂရုတစိုက်နဲ့အ သေအချာရွေးချယ် ဆုံးဖြတ်ရမယ့် ကိစ္စရပ်ဖြစ်ပါတယ်။
ဒုတိယဦးစားပေး အချက်ကတော့ စီးပွားရေးစီမံခန့်ခွဲမှုအတွက် အဓိကစိန်ခေါ်မှုလည်း
ဖြစ်ပါတယ်။ ဦးစားပေးတွေချမှတ် မှုမှာ ဒါက ၁၊ ၂၊ ၃၊ ၄၊ ၅ စသည် ဖြင့်ရှိမယ်။
ဦးစားပေးရမှာကို သိရ မယ်။ အပြင်က၀င်လာတဲ့သူကတော့ ဘယ်ဟာက
ဦးစားပေးရမလဲဆိုတာ သိမှာ မဟုတ်ဘူး။ ဒီနေရာမှာ မီဒီ ယာက အရေးကြီးလာပြီ။
ဦးစားပေး ၁၊ ၂၊ ၃၊ ၄ သိထားရမယ်။ နံပါတ် ၈ လောက်ကို ၁ ပေးလို့မရဘူး။ ဥ ပမာ
ကာစီနိုလာလုပ်ချင်ပါတယ် ဆိုရင်ရော။ ဒါမျိုးတော့ ကျွန်တော် တို့
လက်မခံဘူးလို့ ရွေးချယ်နိုင်ရ မယ်။ အခုလွှတ်တော်ရှိတယ်၊ မီဒီ ယာရှိတယ်။
တက်ကြွလှုပ်ရှားသူ တွေရှိတယ်။ လူမှုအဖွဲ့အစည်းတွေရှိ တယ်။ မူဝါဒ ချမှတ်ပြီး
ဦးစားပေး ကို စဉ်းစားရမယ်။ ကိုယ်ဟာ ရွေး ချယ်ဆုံးဖြတ်နိုင်သူဖြစ်ရပါမယ်။
မေး-ထိုင်းနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံမှာ
ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ လာလေ့လာကြတာတွေ များလာတယ်လို့ သိရပါတယ်။
ထိုင်း နိုင်ငံကနေ မြန်မာနိုင်ငံမှာ စီးပွားရေးရင်းနှီး မြှုပ်နှံမှု
အလားအလာကိုရော ဘယ်လိုသုံးသပ်မိပါသလဲ။
ဖြေ-ထိုင်းက စီးပွားရေးလုပ်ငန်း အများကြီးပါပဲ။ လာနေကြတာရော လာဖို့
စိတ်ဝင်စားနေကြတာရော။ နဂိုကတည်းက ဒီမှာ ရှိပြီးသားတွေ လည်း ရှိတယ်။ PTT
တို့၊ SCG တို့၊ နောက် စားသောက်ကုန်တွေ၊ အလှကုန်တွေရှိတယ်။ စီးပွားရေး
လုပ်ငန်းတွေ ၀င်လာတာကတော့ ဆိုးတာလည်း ရှိသလို ကောင်းတာ လည်းရှိမှာပါပဲ။
တချို့က အကျိုး အမြတ်ချည်းပဲ ကြည့်တယ်။ ဈေး ကွက်ဝေစုကိုပဲ ကြည့်တယ်။ အဲဒီ
လိုဆိုးတဲ့ကုမ္ပဏီတွေရှိတယ်။ ဂရုပြု ဖို့လိုတာပေါ့။ မီဒီယာက သူတို့ကို
စုံစမ်းရေးသားတာတွေ လုပ်ရမှာ ပေါ့။ ထိုင်းကုမ္ပဏီက လာအိုနဲ့ ကမ္ဘောဒီးယားမှာ
မကောင်းတဲ့လုပ်ရပ်တွေ လုပ်ခဲ့ဖူးတာရှိတယ်။ လော ဘကြီးတယ်။ ကျင့်ဝတ်မညီဘူး။
မေး-မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုမှာ တရုတ် နိုင်ငံရဲ့ အခန်းကဏ္ဍကိုရော ဘယ်လို မြင်ပါ သလဲ။
ဖြေ-CEO နဲ့ မနေ့ညကတွေ့တော့ အကောင်းဆုံးရှင်းလင်းချက်ပေးပါ တယ်။
သူတို့မှာ ရွေးချယ်စရာမရှိဘူး၊ မှန်တယ်နော်။ ကျွန်တော်တို့ မီဒီယာတွေ
ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်လာတာလည်း ဒါကြောင့်ပဲ။ ဒေသတွင်းမှာ
စူပါပါဝါတွေ၊ ကုမ္ပဏီကြီး တွေ၊ နိုင်ငံကြီးတွေ လွှမ်းမိုးမှုမရှိအောင်ပေါ့။
တရုတ်ပဲဖြစ်ဖြစ်၊ အမေရိကန်ပဲဖြစ်ဖြစ်၊ အီးယူပဲဖြစ်ဖြစ်ပေါ့။
ကျွန်တော်မြင်တာကတော့ အကျင့် ပျက်ခြစားမှုတွေ၊ စားပွဲအောက်က
ငွေပေးငွေယူမှုတွေ ရှိနေတာဟာ တရုတ် တွေဝင်လာဖို့ လွယ်ကူစေတာပဲ။
စီမံကိန်းကြီးတိုင်းမှာ နောက်ကွယ်မှာ လာဘ်ပေးလာဘ်ယူမှုတွေရှိတယ်။ ပိုကြီးလေ
ပိုများလေပဲ။ တရုတ်ဟာ တခြားသော အာဆီယံနိုင်ငံတွေကို လွှမ်းမိုးဖို့
ကြိုးစားလာတာပဲ။ လာ အိုနဲ့ ဗီယက်နမ်မှာလည်း ဒီလိုပဲ။ စင်ကာပူ၊ မလေးရှား၊
အင်ဒိုနီးရှား လည်းရောက်တယ်။
မေး-မြန်မာလူငယ်တွေ အပေါ်မှာရော အကြံပြုချင်တာများ ရှိပါသလား။
ဖြေ-ကျွန်တော့်ရဲ့ အကြံပြုချက်အနေ နဲ့ ပြောရရင် မြန်မာနိုင်ငံကမျိုးဆက်
သစ်အတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်ကို ရောက်နေပါတယ်။
မြန်မြန်စဉ်းစားပါ၊ မြန်မြန် လုပ်ပါ။ ဒီလောက် စိတ်လှုပ်ရှားစ
ရာကောင်းတဲ့အချိန်ဟာ နောက်ထပ် ရှိမှာမဟုတ်တော့ဘူး။ အသက် ၂၀
ကျော်မှာရှိတဲ့သူတွေဟာ စစ်အစိုးရ အုပ်ချုပ်တဲ့ကာလမှာ ကြီးပြင်းလာခဲ့ တယ်။
ဒါပေမယ့် အခု မင်းတို့အတွက် အလင်းရောင် ရှိနေပြီ။ မင်းဟာ အလင်းရောင်ကို
ရယူနိုင်ဖို့ အခွင့်အလမ်းရှိနေပြီ။ အလင်းရောင် ကို ထွန်းညှိပါ၊ ပြေးပါ၊
ပြေးပါ၊ ဒါပေမယ့် ဘယ်ကိုပြေးမှာလဲ။ ဦးစားပေး ရွေးချယ်ရမှာတွေရှိနေပြီ။
ရည်ရွယ်ချက်လည်းရှိနေပြီ။ တတ်နိုင်သလောက် ကြိုးစားလေလေ၊ နည်းပညာပိုင်း
ကျွမ်းကျင်လေလေ အောင်မြင်မှာပဲ။ ရိုးသားပါ၊ မင်းရဲ့ ရည်ရွယ်ချက်အတွက်
တိုင်းပြည်အတွက် ရိုးသားပါ။ နောက်ထပ် အကြံပြုချင်တာကတော့
ကိုယ့်ရဲ့တိုင်းပြည်မှာပဲ ဝေးလံဒေသတွေကို ဖြစ်နိုင်ရင်သွားပါ။ ဒေသခံတွေ၊
အခြေခံ လူတန်းစားတွေ ဘယ်လိုနေထိုင်ရတယ် ဆိုတာတွေ့ရလိမ့်မယ်။ အဲဒီ အသိပညာကို
မင်းရဲ့ရည်ရွယ်ချက် အတွက် ဦးစားပေးကို ရွေးချယ်ရာမှာ အသုံးပြုပါ။
နိုင်ငံတိုင်းဟာ မျိုးဆက်သစ်ပေါ်မှာ မူတည်နေပါ တယ်။
EMG |
No comments:
Post a Comment