ဆေးရွက်ကြီးပါဝင်သည့် ကွမ်းစားသုံးမှု အများဆုံးနိုင်ငံများတွင်
မြန်မာနိုင်ငံသည် ပထမနေရာ၌ ရပ်တည်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ
ကောက်ယူထားသည့် စစ်တမ်းများအရ သိရသည်။
ကွမ်းစားသုံးမှုနှုန်း မြင့်မားသည့် နိုင်ငံများဖြစ်သည့် အိန္ဒိယ၊
ဘင်္ဂလားဒေ့ရှ်၊ နီပေါ စသည့် နိုင်ငံများထက် မြန်မာနိုင်ငံ၏
ကွမ်းစားသုံးမှုနှုန်းမှာ ပိုမိုမြင့်မားနေကြောင်းနှင့် အမျိုးသားများ သာမက
အမျိုးသမီးများတွင်လည်း စားသုံးမှုနှုန်း များလာကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် ရရှိထားသည့် စာရင်းများအရမှ ကွမ်းစားသုံးမှု
အများဆုံးဖြစ်သည့် နိုင်ငံ ခြောက်နိုင်ငံတွင် မြန်မာအမျိုးသားများ၏
ကွမ်းစားသုံးမှုနှုန်းမှာ ၅၁ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ပထမနေရာ တွင်ရှိနေပြီး
အိန္ဒိယအမျိုးသားများတွင် စားသုံးမှုနှုန်းမှာ ၃၂ ဒသမ ၉ ရာခိုင်နှုန်း၊
နီပေါအမျိုးသားများတွင် ၃၁ ဒသမ ၂ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်
အမျိုးသားများတွင် ၂၆ ဒသမ ၄ရာခိုင်နှုန်း၊ ဆရီလင်္ကာ အမျိုးသားများတွင် ၂၄ဒသမ၉
ရာခိုင်နှုန်းနှင့် ထိုင်းအမျိုးသားများတွင် ၁ ဒသမ၃ ရာခိုင်နှုန်းတို့
အသီးသီးရှိကြောင်း သိရသည်။
စစ်တမ်းကောက်ယူခဲ့ရာ အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ အမျိုးသားများတွင်
နေ့စဉ်စားသုံးမှုမှာ ၃၇ ဒသမ ၇ ရာခိုင်နှုန်း၊ တစ်ခါတစ်ရံ စားသုံးမှုမှာ ၁၃ ဒသမ
၇ ရာခိုင်နှုန်းနှင့် လုံးဝစားသုံးမှုမရှိသူမှာ ၄၈ ဒသမ ၆ ရာခိုင်နှုန်းတို့
ဖြစ်ကြောင်း၊ အမျိုးသမီးများတွင် ဆေးရွက်ကြီးပါသည့် ကွမ်းနေ့စဉ်
စားသုံးမှုနှုန်းမှာ ၁၂ ဒသမ ၂ ရာခိုင်နှုန်း . . .
|
မြန်မာနိုင်ငံတွင် ဆေးရွက်ကြီး ပါဝင်သည့် ကွမ်းစားသုံးမှုနှုန်းမှာ ၈၃ ဒသမ
၃ ရာခိုင်နှုန်း၊ ထုံးဖြူသီး သန့်ပါဝင်သည့် ကွမ်းစားသုံးမှုနှုန်း မှာ ၂ ဒသမ ၂
ရာခိုင်နှုန်း၊ အိန္ဒိယ နိုင်ငံထုတ် ဆေးပေါင်းများ ပါဝင်သည့်
ကွမ်းစားသုံးမှုနှုန်းမှာ ၈ ဒသမ ၀ ရာ ခိုင်နှုန်း၊ အခြားစားသုံးမှုနှုန်းမှာ ၆ဒ
သမ၅ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။
“ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အခု နောက်ဆုံးထွက်တဲ့ စစ်တမ်းအရ မြန်မာနိုင်ငံက
အမျိုးသားတွေမှာ ဆေးရွက်ကြီးပါတဲ့ ကွမ်းယာစားတဲ့နှုန်းက တစ်ကမ္ဘာလုံးမှာ
အများဆုံး ဖြစ်နေပါတယ်။ လူနှစ်ယောက်မှာ တစ်ယောက်နှုန်း သုံးစွဲနေကြတယ်။ အခု
နောက်ပိုင်း စားသုံးမှုပိုလာတာက အလေ့အကျင့်တစ်ခုကို အစားထိုးတဲ့
နေရာမှာကွမ်းကို အစားထိုးလာတယ်။ ဥပမာ-ဆေးလိပ်ဖြတ်တဲ့သူက ကွမ်းနဲ့
အစားထိုးလာတယ်။ အဲဒီအခါ ဆေးလိပ်လည်း မပြတ်သလို ကွမ်းလည်းစွဲသွားကြတယ်။
နောက်တစ် ခုက အိန္ဒိယဘက်ကထုတ်တဲ့ ကွမ်းထဲမှာထည့်စားရတဲ့ ဆေးပေါင်းတွေ က
မှောင်ခိုဈေးကွက်တွေက တစ်ဆင့် နည်းမျိုးစုံနဲ့ ၀င်နေတယ်။ အဓိက
ဒါတွေကိုစားသုံးနေတဲ့သူတွေက ဆေးလိပ်လောက် ပြဿနာမရှိဘူးလို့ ထင်ကြတယ်။
ကွမ်းစားသုံးမှုက ဥပဒေထဲမှာလည်း မထည့်ခဲ့ရတော့ တားမြစ်ဖို့ကလည်း ခက်ခဲတယ်။
အခု အိန္ဒိယဘက်က ၀င်တဲ့ဆေးပေါင်း တွေ အများစုက တရားဝင်တင်သွင်းခွင့်ပြုထားတာ
မဟုတ်ပါဘူး”ဟု အရှေ့တောင်အာရှ ဒေသ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရုံးချုပ်၊
ဆေးလိပ်ကင်းဝေးရေး ဒေသဆိုင်ရာ အကြံပေးအရာရှိ ဒေါက်တာညိုညိုကြိုင်က
ပြောပြခဲ့သည်။
“ဆေးရွက်ကြီးကို ဆေးလိပ်သောက်တဲ့ပုံစံနဲ့ သုံးစွဲတာမျိုးရှိသလို
ကွမ်းစားတဲ့ပုံစံနဲ့ သုံးစွဲတာရှိတယ်။ ဆေးရွက်ကြီး သုံးစွဲမှုပုံစံတွေနဲ့
ပတ်သက်ပြီးနိုင်ငံအလိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို သုံးစွဲမှုနှုန်းစာရင်းပေး
ရတာမျိုးရှိတယ်။ အဲဒီမှာ အရင်က ကွမ်းစားသုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံတွေ
ဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့လို နိုင်ငံတွေထက် မြန်မာနိုင်ငံရဲ့
စားသုံးမှုနှုန်းက ပိုများနေတာကို တွေ့လာရတယ်။ မြန်မာနိုင်ငံမှာက ဆေးလိပ်
နဲ့ပတ်သက်ပြီး ၂၀၀၆ခုနှစ် နောက်ပိုင်း စည်းကမ်းပိုင်း ပိုမိုတင်းကျပ်လာတယ်။
ဆေးလိပ်သောက်သုံးမှုကို ထိန်းချုပ်လိုက်တော့ ကွမ်းဘက်ကို သုံးစွဲတဲ့
အလေ့အကျင့် ပုံစံပြောင်းလာတယ်။ တားမြစ်ထားတဲ့ နေရာတွေ များလာတော့
ဆေးလိပ်သောက်သုံးမှု နေရာမှာတချို့က ကွမ်းကိုအစားထိုးလာတယ်။ တချို့
ဆေးလိပ်ဖြတ်တယ်ဆိုပြီး ကွမ်းကို အစားထိုးအနေနဲ့ သုံးတယ်။
ဆေးလိပ်ကိုဖြတ်ချင်လို့ ကွမ်းနဲ့ဖြတ်တဲ့အခါ တချို့ဆေးလိပ်ပြတ်ပြီး
ကွမ်းစွဲသွားတာမျိုးရှိသလို ဆေးလိပ်လည်း မပြတ်တဲ့အပြင် နှစ်မျိုးလုံး
စွဲသွားတာမျိုးတွေ ဖြစ်လာတယ်”ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (မြန်မာ)မှ National
Professional Officer ဒေါက်တာမျိုးပိုင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ အမျိုးသားနှင့် အမျိုးသမီးများတွင် ဆေးရွက်ကြီးပါသည့်
ကွမ်းစားသုံးမှုနှုန်းကို စစ်တမ်း ကောက်ယူခဲ့ရာ အသက်၁၅နှစ်မှ၆၄
နှစ်အတွင်းရှိအမျိုးသားများတွင် နေ့ စဉ်စားသုံးမှုမှာ ၃၇ ဒသမ ၇ ရာခိုင်
နှုန်း၊ တစ်ခါတစ်ရံစားသုံးမှုမှာ ၁၃ ဒသမ ၇ ရာခိုင်နှုန်းနှင့် လုံးဝစားသုံး
မှုမရှိသူမှာ ၄၈ ဒသမ ၆ ရာခိုင်နှုန်း တို့ဖြစ်ကြောင်း၊ အမျိုးသမီးများတွင်
ဆေးရွက်ကြီးပါသည့် ကွမ်းနေ့စဉ် စားသုံးမှုနှုန်းမှာ ၁၂ ဒသမ ၂ ရာ ခိုင်နှုန်း၊
တစ်ခါတစ်ရံ စားသုံးမှုမှာ ၃ ဒသမ ၉ ရာခိုင်နှုန်းနှင့်
လုံးဝစားသုံးမှုမရှိသူမှာ ၈၃ ဒသမ ၉ ရာခိုင်နှုန်းတို့ အသီးသီးရှိကြောင်း
သိရသည်။
“မြန်မာနိုင်ငံမှာ အခုအမျိုးသားရော အမျိုးသမီးရော ကွမ်းစားတဲ့နှုန်းကတော့
အရမ်းတက်နေပါတယ်။ ဥပမာတစ်ရက်ကို ကျပ်တစ်ထောင်ဝင်တယ် ဆိုပါစို့။
ဆေးလိပ်လည်း သောက်မယ် ကွမ်းလည်းစားမယ်ဆိုရင် တစ်နေ့ကို ကျပ် ၃၅၀ လောက်
ကုန်တယ်။ ၀င်ငွေရဲ့ ၃၅ ရာခိုင်နှုန်းလောက်က ဒီလိုနေရာတွေမှာအသုံး
ပြုနေတဲ့အတွက် သူ့မိသားစုရဲ့ စားဝတ်နေရေးမှာ ထိခိုက်သွားပြီး ကျန်တဲ့ပညာရေး
ကျန်းမာရေးမှာလည်း မသုံးနိုင်တော့ဘူး။ ဒါ့အပြင်
ကွမ်းစားသုံးတဲ့အတွက်ကြောင့် ဖြစ်တဲ့ ရောဂါတွေလည်း ပြန်ကုသရတယ်။
ကွမ်းစားတော့ ကွမ်းထဲမှာပါတဲ့ ထုံးက ကျောက်တည်တာ၊ ခံတွင်း ကင်ဆာဖြစ်တာ၊
နှလုံးသွေးကြောကျဉ်း ရောဂါတွေလည်း ဖြစ်လာတယ်။ မိသားစုတစ်ခုရဲ့
ပညာရေးကျန်းမာရေးအတွက် သုံးတဲ့ အသုံးစရိတ်ထက် ဒီနေရာမှာသုံးတာက
အဆပေါင်းများစွာ ပိုများနေပါတယ်”ဟု ဒေါက်တာညိုညိုကြိုင်က ဆက်လက်
ပြောပြခဲ့ပါသည်။
EMG |
No comments:
Post a Comment