menu

Sunday 6 May 2012

ပထမဆုံးအကြိမ်အဖြစ် အမျိုးသားမော်ဒယ် ရွေးချယ်ပွဲကြီးကို မန္တလေးမြို့တွင် ကျင်းပသွားမည်

မန္တလေးမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် အမျိုးသားမော်ဒယ်ပြိုင်ပွဲကြီးကို Myanmar Model Management က ဦးစီးပြီး မေလ ၃၁ ရက်နေ့ မန္တလေး ဟေးလ်ရီဆော့ ဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
"အခုပြိုင်ပွဲကို တခြားပွဲတွေနဲ့မတူဘဲ တစ်မူထူးခြားတဲ့ ပွဲလေးဖြစ်အောင် စီစဉ်တာပါ။ ပြိုင်ပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အနုပညာလောကထဲမှာ မြန်မာပြည်အထက်ပိုင်းရဲ့ စံပြမော်ဒယ်များ မွေးထုတ်ပေးချင်တဲ့ စိတ်နဲ့ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပြိုင်ပွဲမှာ အရည်အချင်းရှိပြီး ခံ့ညားထည်ဝါမှုရှိတဲ့ အမျိုးသားများကို ၀င်ပြိုင်စေချင်ပါတယ်"ဟု Myanmar Model Management မှ ကိုတင်မင်းထွန်းက ပြောသည်။

BB Cake, Studio 125 ,Rain Studio, Meru Studio နဲ့ Casabella (Man Myanmar) တို့တွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် လျှောက်လွှာများကို ၀ယ်ယူနိုင်ပြီဖြစ်ပြီး မတ်လ ၂၅ ရက်နေ့ကို နောက်ဆုံးထား တင်ရမည်ဖြစ်ကာ လျှောက်လွှာများထဲမှ ဆန်ခါတင် ၃၀ ဦးကိုရွေးချယ်မည်ဖြစ်ကြောင်းနှင့် မေလ ၂၆ ရက်မှ ၃၁ ရက်အထိ အထူး မော်ဒယ်သင်တန်းများကိုလည်း တက်ရောက်ရမည် ဖြစ်ကြောင်းသိရသည်။
ဆုချီးမြှင့်ရာတွင် ပထမဆု ငွေကျပ် ဆယ်သိန်း၊ ဒုတိယဆု ငွေကျပ် ငါးသိန်းနှင့် တတိယဆုငွေကျပ်သုံးသိန်း ချီးမြှင့်မည်ဖြစ်သကဲ့သို့ အခြားဆုများကိုလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေတင်ဆက်မှုများလည်းပါဝင်မည်ဖြစ်သည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis