menu

Sunday 6 May 2012

ဦးဝိစာရလမ်းအား ချဲ့ထွင်မည်ဖြစ်သောကြောင့် လမ်းချဲ့မည့်နေရာနှင့် မလွတ်ကင်းသည့် ရေတမာပင်များအား ခုတ်ထွင်

 ''ဦးဝိစာရလမ်းဟာ ရေတမာပင်တွေနဲ့ ပြည့်နေတဲ့ လမ်း၊ ရေတမာပင်အလှနဲ့ လမ်းအလှဟာ ပြိုင်နေတာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလမ်းဟာ ကားတွေ တစ်နေကုန် ပိတ်နေတာ မဟုတ်ပါဘူး။ အခုက လမ်းချဲ့ဖို့ဆိုပြီး မိနစ်ပိုင်းအတွင်း ရေတမာပင်တွေကို အလွယ်တကူ ခုတ်လိုက်တာဟာ မဖြစ်သင့်ပါဘူး''


ဦးဝိစာရလမ်း Blazon ဘက်အခြမ်း လမ်းချဲ့ထွင်မည့်နေရာ လုပ်ငန်းခွင်နှင့် လမ်းချဲ့ထွင်မှုနှင့် မလွတ်ကင်းသော ရေတမာပင်များ ခုတ်ထွင်မှုအပြီး မြင်ကွင်းအား မေလ ၅ ရက်နေ့က တွေ့ရစဉ်

ဦးဝိစာရလမ်းအား မူလလမ်းမှ လမ်းချဲ့ထွင်မည်ဖြစ်သောကြောင့် လမ်းချဲ့ထွင်မည့်နေရာနှင့် မလွတ်ကင်းသော ရေတမာပင်များအား ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။

လမ်းချဲ့ထွင်သည့်နေရာမှာ ဦးဝိစာရလမ်းနှင့် ဓမ္မစေတီလမ်းဆုံ မီးပွိုင့်အနီးနေရာများဖြစ်ပြီး ဦးစိစာရလမ်းမှာ ယာဉ်သွားလာမှုများပြားကာ ယာဉ်ကြောပိတ်မှုကြောင့် လမ်းအားချဲ့ထွင်ခြင်းဖြစ်ကြောင်း သိရသည်။ လမ်းချဲ့ထွင်မှုကြောင့် လမ်းပေါ်ရှိ ရေတမာပင် အရေအတွက် အပင် ၂၀ ခန့် ခုတ်ထွင်ခဲ့ရကြောင်း၊ အဆိုပါ ရေတမာပင်များမှာ သက်တမ်းအား အတော်ကြာနေပြီဖြစ်သည့် အပင်များဖြစ်ကြောင်း စုံစမ်းသိရှိရသည်။


''ဦးစိစာရလမ်းကို ဦးစီစာရလမ်းနဲ့ ဓမ္မစေတီလမ်းဆုံမီးပွိုင့်မှ တစ်ဖက်ကို ပေ ၆၈၀ အကွာအထိ ချဲ့မယ်လို့ ပြောတယ်။ လမ်း ဒီဘက်ခြမ်းမှာဆိုရင် မီးပွိုင့်ကနေ တော်လှန်ရေးပန်းခြံ အ၀င်ဂိတ်ရှေ့လောက်အထိ ပါတယ်။ လမ်း ဟိုဘက်ခြမ်းမှာ ဆိုရင်တော့  Blazon နား မရောက်ခင်အထိ ပါတယ်လို့ သိရတယ်။ လမ်းချဲ့ဖို့အတွက် မလွတ်ကင်းတဲ့အတွက်ကို ရေတမာပင်တွေ ခုတ်သွားတာ ၂၀ လောက် ရှိမယ်။ အဲဒီအပင်ကြီးတွေက သက်တမ်း တော်တော်ရှိနေတဲ့ အပင်ကြီးတွေ၊ အပင်တွေကို နေ့ခင်းပိုင်းမှာ ခုတ်လို့ အဆင်မပြေလို့ ညဘက်မှာ လာခုတ်သွားတာပါ''ဟု လမ်းချဲ့ထွင်သည့် နေရာအနီးနေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။

ထို့ပြင် လမ်းချဲ့မည့်နေရာနှင့် မလွတ်ကင်းသည့်အတွက် ဆက်သွယ်ရေး အထိုင်အိုး ၅ ခုကိုလည်း အောက်သို့ နှိမ့်ချခဲ့ရကြောင်းလည်း သိရသည်။ ''ဦးဝိစာရလမ်းဟာ ရေတမာပင်တွေနဲ့ ပြည့်နေတဲ့ လမ်း၊ ရေတမာပင်အလှနဲ့ လမ်းအလှဟာ ပြိုင်နေတာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလမ်းဟာ ကားတွေ တစ်နေကုန် ပိတ်နေတာ မဟုတ်ပါဘူး။ အခုက လမ်းချဲ့ဖို့ဆိုပြီး မိနစ်ပိုင်းအတွင်း ရေတမာပင်တွေကို အလွယ်တကူ ခုတ်လိုက်တာဟာ မဖြစ်သင့်ပါဘူး''ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်းပါးများရေးသားနေသူ ဦးအောင်မျိုးက ပြောပြခဲ့သည်။

လမ်းချဲ့မည့်ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဦးဝိစာရနှင့် ဓမ္မစေတီလမ်းဆုံ မီးပွိုင့်အနီးမှာ ယာဉ်ရှုပ်ထွေးမှုများကြောင့် လမ်းချဲ့ရန် ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ လမ်းချဲ့မည့် အကျယ်အ၀န်း မည်မျှရှိသည်ကို အတိအကျ မသိရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ လမ်းချဲ့ရန်အတွက် ရေတမာပင်များ ခုတ်ထွင်ခြင်းနှင့်ပတ်သက်၍ သမ္မတရုံး တာဝန်ရှိသူ တစ်ဦးဖြစ်သည့် စာရေးဆရာ မှူးဇော်ကလည်း အချက် ၅ ချက်ပါဝင်သည့် ရှင်းလင်းချက်တစ်ခုကို  ၎င်း၏ Facebook စာမျက်နှာတွင် တင်ထားသည်။ အဆိုပါအချက်များတွင် ရေတမာပင် အကုန်လုံး မခုတ်ပါ။ လမ်းဆုံတွင် မော်တ်ာကားများ ကျပ်လွန်းသဖြင့် ကားများ ၀င်ထွက်ရလွယ်ကူစေရန် လမ်းဆုံရှိ  ၃၊ ၄ ပင်ကိုသာ ခုတ်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြန်လည်တင်ပြလာသည်ဟု ပါရှိပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis