menu

Thursday 8 March 2012

အရပ် တစ်ပေ ၁၀ လက်မသာရှိသော နီပေါအဘိုးအို ကမ္ဘာ့အပုဆုံးအဖြစ် စံချိန်တင်နိုင်တော့မည်




အရပ်တစ်ပေ ၁၀ လက်မသာရှိသော နီပေါနိုင်ငံမှ ချန်ဒရာဗဟာ ဒူးဒန်ဂီဆိုသူ အဘိုးအိုသည် ကမ္ဘာ့အရပ်အပုဆုံးပုဂ္ဂိုလ်အဖြစ် စံချိန်တင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အသက် ၇၂ နှစ်ရှိပြီဖြစ်သော ဒန်ဂီကို ဂင်းနစ်ကမ္ဘာ့စံချိန်ပြုစုရေးအဖွဲ့က တိုင်းတာစစ်ဆေးပြီးပါက အတည်ပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။ ဒန်ဂီသည် သူနေထိုင်ရာ နီပေါနိုင်ငံ အနောက်တောင်ပိုင်းမှ မြို့တော်ခတ္တမန္ဒူသို့ လေယာဉ်ပျံဖြင့် လာရောက်ကာ ဂင်းနစ်ကမ္ဘာ့စံချိန် ပြုစုရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။
ဒန်ဂီကသူသည် မည်သည့်အခါ ကမျ ဆေးမသောက်ခဲ့သလိုဆရာဝန် လည်းမပြခဲ့ဖူးဟုဆိုသည်။
မွေးချင်း ရှစ်ယောက်တွင် ခုနစ်ယောက်မြောက်ဖြစ်ပြီး ရွာမှအခြားသို့ ခရီးထွက်မှုမှာ ဒုတိယအကြိမ်ဖြစ်သည်။ မြို့တော်သို့ လာရောက်မှုမှာမူ ပထမဆုံးအကြိမ် ဖြစ်သည်။
လက်ရှိဂင်းနစ်ကမ္ဘာ့စံချိန်အရ အပုဆုံးမှာ ဖိလစ်ပိုင်မှ ဂျူနရီဘာလာဝင်ဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်၌ ၁ ပေ ၁၁ လက်မခွဲရှိသူ ဖြစ်သည်။ ဒန်ခရိုင်ရှိ ဝေးလံခေါင်သီသော ကျေးရွာတစ်ခုတွင်နေထိုင်သော ဒန်ဂီသည် ဖျာနှင့်တောင်းများ ရက်လုပ်ခြင်းဖြင့် အသက်မွေးသူဖြစ်သည်ဟု သိရသည်။

''ဦးလေးက ကျွဲတွေ၊ နွားတွေ လည်း ကျောင်းပေးပါတယ်။ သူတို့ကို အမှီလိုက်ဖို့၊ တိုင်မှာချည်ဖို့တို့ကို မလုပ်နိုင်ပေမဲ့  သွားချင်ရာသွားနေရင် အော်ပြီး ထိန်းကျောင်းပေးနိုင်ပါတယ်''ဟု တူဖြစ်သူ ဒိုလက်ဒန်ဂီက ဆိုသည်။
ဒန်ဂီသည် ကျွဲနို့ကို နှစ်သက်သူဖြစ်ပြီး ဘ၀တစ်လျှောက် အရက်သေ စာလုံးဝသောက်သုံးခြင်း မရှိခဲ့ဟုဆိုသည်။ ကော်ဖီနှင့် လက်ဖက်ရည်လည်း မကြိုက်ဟု ဆိုသည်။ ထမင်းကိုလည်း နှစ်နှစ်ခြိုက်ခြိုက်စားသူ မဟုတ်ဘဲ ချာပါတီနှင့် ပေါင်မုန့်ကိုသာ ကြိုက် နှစ်သက်သည်ဟု ဆိုသည်။ သို့ရာတွင် အလွန်အစားနည်းသူဖြစ်သည်ဟုလည်း တူဖြစ်သူက ပြောပြသည်။    
Ref:AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis