menu

Thursday 8 March 2012

ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းတိုက်ခိုက်ခံရကြောင်း ဦးခွန်သာမြင့် အတည်ပြုပြောကြား


ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော ယာဉ်တန်းသည် နေပြည်တော်သို့ ဝင်ရောက်လာစဉ်တွေ့ ရပုံ

ဓာတ်ပုံ- ဥက္ကာကိုကို
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ မန္တလေး-နေပြည်တော် မဲဆွယ်စည်းရုံးရေး ခရီးစဉ် အပြန်လမ်းခရီးတွင် မိုင်တိုင် ၈၅ ၊ ၇ဖာလုံ နှင့် ၈၆မိုင်အကြား ဒညင်းကုန်းကျေးရွာအနီး အရောက်တွင် ခဲနှင့်ပစ်ခတ်ခံရပြီး ယာဉ်တန်းထဲမှ အဆိုတော်လင်းလင်းပါသော စတုတ္တမြောက်ယာဉ်ကိုထိမှန်ကာကား ၏ နောက်ညာဘက်မှန် ကွဲခဲ့ကြောင်း သိရသည်။မတ်လ ၅ရက်နေ့ ည၈နာရီ မိနစ်၂၀အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ကာ ပြည်ထဲရေးဌာနမှ ထိုကဲ့သို့ပစ် ခတ်ခံရခြင်းမှာ ပထမဆုံးမဟုတ်ကြောင်း ယခင်ကလည်း သံရုံးကားနှင့် လူကြီးယာဉ်တန်းများကိုပါ ထိုနေရာတွင် ပစ်ခတ်ခံရဖူးကြောင်း ၊ ယခုအခါ အမှု့မှန်ပေါ်ပေါက်စေရန် သေသေချာချာ သွားရောက်စစ် ဆေးသွားမည်ဟု ပြောဆိုခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးခွန်သာမြင့်က အတည်ပြုပြောကြားသည်။
7DayNew

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis