menu

Sunday 25 March 2012

သဲလွန်စ(ချစ်နိုင် (စိတ်ပညာ))

 

နိဒါန်း
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလထဲတွင် ကျွန်တော်တို့သည် ရှမ်းပြည်နယ်အရှေ့ ပိုင်းရှိနယ်စပ်မြို့တစ်မြို့သို့စာပေဟောပြော  ပွဲဟောပြောဖို့သွားရောက်ခဲ့ကြပါသည်။ ကျွန်တော်တို့ဆိုသည်မှာ စာရေးဆရာ အကြည်တော်နှင့် ကိုရိုးကျန့်ရယ်ကျွန်တော်  ချစ်နိုင် (စိတ်ပညာ) ရယ်။ နယ်စပ်မြို့ဆို သည်မှာ တာချီလိတ်မြို့ (ရှမ်းဘာသာ စကားတာချီလိတ်သည်မြန်မာအဓိပ္ပာယ် “မယ်ဇလီဆိပ်” ဟုဆိုလိုကြောင်း သိရပါ သည်)ဖြစ်၏။
စာပေဟောပြောပွဲ
ကျိုင်းတုံလိုခရိုင်မြို့မှာ ပင်စာပေဟော  ပြောပွဲဖြစ်မြောက်အောင်မဆောင်ရွက် နိုင်သော်လည်း တာချီလိတ်မြို့နှင့် မိုင်း ဆက်မြို့များတွင် စာပေဟောပြောပွဲထ မြောက်အောင်မြင်အောင်စွမ်းဆောင်နိုင် ခြင်းမှာ ထူးခြားသည်။ ဘာကြောင့်ပါလဲ။ လေ့လာကြည့်သောအခါစာပေနှင့် စာနယ်  ဇင်းအဖွဲ့ချင်း၏ စည်းလုံးမှုနှင့် စည်းရုံးရေး စွမ်းအားပေါ်မူတည်၍ကွာခြားခြင်းဖြစ် ကြောင်း တွေ့ရသည်။
စာပေဟောပြောပွဲ ဖြစ်မြောက်အောင်  ဆောင်ရွက်နိုင်ခြင်းမရှိသောမြို့များကို အပြစ်မဆိုသင့်ပေ။ စာပေဟောပြောပွဲ ထမြောက်ရန်ဆိုသည်မှာခက်ခဲသောလုပ် ငန်းတစ်ရပ်ဖြစ်၏။ အဘက်ဘက်ကလို အပ်ချက်တွေကိုထောင့်စုံဘက်စုံမှဖြည့် ဆည်းရ၏။ ဒေသဆိုင်ရာအာဏာပိုင်၏ ကူညီမှု၊ အားပေးမင၊ အမြော်အမြင်ရှိမှု၊ စေတနာပါမှုလည်းလိုအပ်သည်။ စာနယ် ဇင်းအဖွဲ့ဝင်များအချင်းချင်းချစ်ခင်ညီညွတ် မှုနှင့် တာဝန်ယူနိုင်စွမ်းရှိမှုတို့က အခြေခံ လိုအပ်ချက်ဖြစ်လေသည်။

စာနယ်ဇင်းအဖွဲ့
ထိုင်းနိုင်ငံမယ်ဆိုင်မြို့နယ်နှင့် နမ့် ဆိုင်ချောင်းလေးသာခြားသောနယ်စပ်မြို့ တာချီလိတ်ရှိမြို့နယ်စာပေနှင့် စာနယ်ဇင်း  အဖွဲ့အလုပ်အမှုဆောင်များမှာ အချင်း ချင်းချစ်ခင်ရင်းနှီးမှုလည်းရှိသည်။ ခရိုင် ဥပဒေအရာရှိ၊ မြို့နယ်ပြန်ကြားရေးအရာ ရှိ၊ ဆရာဝန်၊ ရှေ့နေ၊ ဟိုတယ်မန်နေဂျာ ရဲတပ်ဖွဲ့မှ ရဲအုပ်အစရှိသောစာပေရေး ရာတွင်သာမက အဘက်ဘက်မှပညာရေး၊ စီးပွားရေး၊ လူမှုရေးတို့မှာ ဂုဏ်သိက္ခာမြင့် မားကြသော ပုဂ်္ဂိုလ်များချည်းစုစည်းပါဝင်  သည်။
အာဏာပိုင်အဖွဲ့အစည်းနှင့် ထိတွေ့ မှုအားကောင်းပြီး စတုတ္ထမဏ္ဍိုင် “စာပေ နှင့် စာနယ်ဇင်းသမား” အနေနှင့် လေးစား  ယုံကြည်မှုကိုကောင်းစွာတည်ဆောက်နိုင် သည်။ ဒေသအာဏာပိုင်နှင့် ဖြစ်စေ၊ ဌာနဆိုင်ရာများနှင့်ဖြစ်စေချစ်ခင်စည်းလုံး ကြသဖြင့် အားပေးကူညီမှုကိုလည်းကောင်း  စွာရလေသည်။
မေတ္တာပါမှ အဆင်ပြေ
အချို့သော မြို့ရှိသတင်းသမား၊ စာပေသမားအနည်းငယ်သည်အုပ်ချုပ် ရေးပိုင်းမှ ပုဂ်္ဂိုလ်များ၊ ဌာနဆိုင်ရာအရာ ရှိများအားထိတွေ့ခြင်းမရှိ၊ ချဉ်းကပ်ရန် ဝေးစွာ၊ ခင်မင်ဆက်ဆံလိုခြင်းမရှိ၊ အဖြစ်ရှာမည်၊ ဟာကွက်ကြည့်မည်၊ အမှားစောင့်ပြီးရေးသားမည်၊ အပုတ်ချ မည်၊ မမှန်တာလုပ်လျှင်ဖော်ထုတ်မည်။ Watching Dog စောင့်ကြည့် ခွေးအလုပ် ကိုငါတို့လုပ်ရမည်ဟုသာမှတ်ယူနေသည်။
မိတ်ဆွေလိုသဘောမထား။ မေတ္တာ ခေါင်းပါး၏။ ရန်သူပမာသုန်သုန်မှုန်မှုန် ဆက်ဆံနေ၏။ တာဝန်ရှိသူများလည်း အကျိုးမရှိ၊ မိမိလည်းအကျိုးမရှိ၊ စာဖတ် သူပြည်သူလည်းအကျိုးမရှိ။
စာပေတာဝန်
မဟုတ်တာကိုပေါင်းလုပ်ပါ။ မမှန် တာကိုတွဲလုပ်ပါ။ မသမာတာလာဘ်စား တာကိုဝေစုယူပြီး ပါးစပ်ပိတ်နေပါဟုဆို လိုခြင်းမဟုတ်ပါ။ အမှန်တရားဘက်ကပဲ နေပါ။
စာပေသမား၊ သတင်းသမား၊ မီဒီယာ   သမားဆိုသည်မှာ ကောင်းလျှင်ကောင်း တာကိုထုတ်ဖော်ရမည်။ ဆိုးလျှင်ဆိုးတာ ကိုဖော်ပြရမည်။ သစ္စာဟူသောမှန်ကန် ခြင်းနှင့် ဓမ္မဟူသောတရားမျှတခြင်းကို မဏ္ဍိုင်အဖြစ်ခိုင်ခိုင်မာမာလက်စွဲပြုရမည်။ သမာသမက်စိတ်ဓာတ်ရှိရပါမည်။
ဌာနဆိုင်ရာ၏လုပ်ဆောင်ချက်ကောင်း တာကိုရေးလျှင်ပဲ ဖောက်ပြန်သူလိုလို၊ ပြည်သူလူထုကောင်းကျိုးဆောင်ရွက်သဖြင့်  အောင်မြင်ခြင်းကို ဖော်ပြလျှင်ပဲ ဂျာနယ် အယ်ဒီတာချုပ်ကကြိုက်မှာမဟုတ်ဘူးလို လို၊ အတိုက်အခံဆန့်ကျင်ဘက်ရေးပေး မှ သူရဲကောင်းဟုထင်သလိုလိုအမြင်မှောက်  နေသော သတင်းသမားအချို့လည်းတွေ့ ရဖူးသည်။
စာရေးဆရာမှာလည်း သစ္စာနှင့် ဓမ္မ အခြေခံရပါသည်။ သတင်းသမား၊ ဂျာနယ်  သမားသည်လည်း မှန်ကန်ခြင်းနှင့် တရား  မျှတခြင်းဘက်ကသာအမြဲတစေနေရမည်။ ရပ်တည်ရပါမည်။
ပါတီဟူသမျှ အဖွဲ့အစည်းမှန်သမျှ ကောင်းတာလည်းရှိမည်၊ မကောင်းတာ လည်းရှိမည်။ အဖြူပါတီ၏အားနည်းချက်  တွေကိုတော့ ဟားတိုက်လှောင်လိုက်မည်။ အနီပါတီ၏ချွတ်ယွင်းချက်တွေကိုမူလုံးဝ မရေး၊ လက်ရှောင်သည်။ အပြာပါတီ အကြောင်းကိုကားအဆိုးအကောင်းဘာ ဆိုဘာမှမရေး။ စာရင်းထဲ မထည့်၊ ဤ ကဲ့သို့ “အဓမ္မ” မမျှတ၊ မတရားရေးသား ဖော်ပြသောသတင်းသမားအချို့၊ ဂျာနယ် သမားအချို့ကိုပြည်သူလူထုကတွေ့မြင် နေကြရသည်။ စတုတ္ထမဏ္ဍိုင်သည်အာ ဏာရပါတီ၏လက်ကိုင်ထုတ်မဖြစ်စေရ။ ထို့ထက်မကကျယ်ဝန်းပါသေးသည်။ အတိုက်အခံဘက်၏ လက်ကိုင်တုတ်လည်း  မဖြစ်စေရ။ မဏ္ဍိုင်သည်မယိုင်စေရ၊ မလဲ စေရ။
စတုတ္ထမဏ္ဍိုင်
ဥပဒေပြုအာဏ၊ အုပ်ချုပ်ရေးအာဏာ  နှင့် တရားစီရင်ရေးအာဏာသည်နိုင်ငံ တော်၏အချုပ်အခြာအာဏာသုံးရပ်ဖြစ် ပါသည်။ ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်သူများပါဝင်သည့်လွှတ်တော်  ကတာဝန်ပေးသူများကတာဝန်ခံဆောင် ရွက်နေကြသည်။
ထိုမဏ္ဍိုင်သုံးရပ်ကို မှန်ကန်တည့် မတ်စွာဖြင့် ရှင်သန်အောင်မြင်စေရန် စတုတ္ထမဏ္ဍိုင်ရှိနေရပါသည်။ စာပေနှင့် စာနယ်ဇင်းဟူသော မီဒီယာမဏ္ဍိုင်ဖြစ်၏။ မဏ္ဍိုင်သုံးရပ်ခိုင်မာအောင်မိမိတို့က ကူညီ  ရမည်။ စာရေးဆရာများ၊ သတင်းစာဆရာ  များ၊ အယ်ဒီတာနှင့် ဂျာနယ်လစ်များ ပခုံး  ပေါ်မှာ ဤတာဝန်ရှိနေသည်။
တာဝန်သည် မိမိစိတ်ဆန္ဒပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေကျေပြွန်စွာထမ်း ဆောင်ရမည့်လုပ်ငန်းပင်ဖြစ်လေသည်။ အချို့ဂျာနယ်လစ်များက ကိုယ်ကြိုက်လျှင် ကြိုက်သလို သက်လိုက်ဖော်ပြနေကြပြီး မကြိုက်လျှင် မကြိုက်သလိုတိုက်ခိုက်ပုတ် ခတ်ရှုံ့ချနေကြကြောင်း ပြည်သူတွေက  မြင်တွေ့နေရသည်။ စတုတ္ထမဏ္ဍိုင်သည် ဒီမိုကရေစီနိုင်ငံတော်သစ်မှာ မယိမ်းမယိုင်  မားမားမတ်မတ်ကြံ့ခိုင်ပါမှ ပြည်သူလူထု ကောင်းကျိုးရကြပေလိမ့်မည်။
စာပေတာဝန်၏ အခန်းကဏ္ဍကို တင်ပြခြင်းပါ။
မိမိကိုယ်ကိုဆုံးမခြင်း
သူများအပြစ်ကို မပြောပါနှင့် ““ကိုယ့်  အပြစ်ကိုသာရှုပါ။ ပြုပြင်ပါ။ မိမိကိုယ်ကို ဆုံးမခြင်းက သာ၍ကောင်းသည်။ မိမိ ကိုယ်ကိုနေ့စဉ်စစ်ဆေးမှကြီးပွားနိုင်သည်”” ဟူ၍ တိပိဋကဓရ မင်းကွန်းဆရာတော် ကြီးအရှင်ဝိစိတ္တသာရမိန့်ကြားတော်မူဖူး သည်။
မည်သူ့ကိုမှ အပြစ်ဆိုခြင်းမဟုတ်ပါ။ မိမိတို့စာပေနယ်သားအချင်းချင်းကြီးပွား တိုးတက်သူနှင့် လူရာမ၀င်၊ နေရာမရ၊ ကုပ်ချိချိဖြစ်နေရသူတို့ကိုနှိုင်းယှဉ်သုံးသပ် မိခြင်းမျှသာဖြစ်ပါ၏။ ပြုပြင်ကြရမည်။
အရာရာမှာ မေတ္တာပါရမည်။
အရာရာမှာ ကျွမ်းကျင်တတ်မြောက်  မှု၊ ထူးချွန်ထက်မြက်မှုရှိရမည်။ သို့မှသာ စွမ်းဆောင်နိုင်လေသည်။
အမုန်း၊ ဒေါသ၊ အာဃာတာကို ရင် ၀ယ်ပိုက်ကာဝေလေလေမျှနှင့် ဘ၀တစ်ခု  အောင်မြင်မှုမရနိုင်ပါပေ။ စေတနာကောင်း  မှ ကံကောင်းသည်။
ဗဟုသုတ
တာချီလိတ်မြို့နယ်စာပေနှင့် စာနယ် ဇင်းအဖွဲ့က အလုပ်အမှုဆောင်အဖွဲ့ဝင် များ၏ တက်ကြွမှု၊ စည်းလုံးမှုနှင့် စိတ် ကောင်းစေတနာပြည့်ဝမှုများမှာကားအတု ယူစရာများစွာတွေ့မြင်ခဲ့ရပါသည်။ ကြိုး ပမ်းမှုနှင့် ဆောင်ရွက်ချက်များကလေးစား  စရာကောင်းသည်။
သူတို့ဆီက မှတ်သားစရာဗဟုသုတ တွေလည်း အများကြီးရပါသည်။ ဥပမာ သာဓကမြို့နယ်စာနယ်ဇင်းအဖွဲ့အလုပ်  အမှုဆောင်၊ ဘဏ္ဍာရေးမှူးမောင်ဖိုးစံ (ဒူးယား)ကလောင်အမည်၊ ဗိုလ်လုံစံသိန်း ကလောင်အမည်များဖြင့်ရေးသားနေသူ ရဲအုပ်စံသိန်းလက်ဖက်ရည်ဝိုင်းမှာပြောပြ သောဖြစ်ရပ်နှစ်ခုကိုတင်ပြလိုပါသည်။
ခိုးမှု
မင်္ဂလာဒုံမြို့နယ်ထဲတွင် နေထိုင်သော  အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦး၏အိမ်မှာ ဖောက်ထွင်းခိုးယူခြင်းခံရသည်။ လွန်ခဲ့ သော အနှစ်နှစ်ဆယ်ကျော်ကာလဆီက ဖြစ်ပါသည်။ ဗိုလ်မှူးကြီးတို့အိမ်မှာ မိသားစု  နည်းသည်။ အငြိမ်းစားဗိုလ်မှူးကြီးက အသက်ရ၀ကျော်၊ ဇနီးကလည်းအသက် ရ၀ကျော်၊ အိမ်ဖော်တပည့်လင်မယား အသက် ၃၀ အရွယ်များ။
လေးယောက်နေထိုင်သော လုံးချင်း အိမ်။
ညအချိန်ဖောက်ထွင်းခိုးယူခြင်းခံရ သည်။
အခိုးခံရသောညမှာ ဗိုလ်မှူးကြီးနှင့် ဇနီးက ကျိုက်ထီးရိုးဘုရားဖူးသွားနေကြ သဖြင့်မရှိ။ နောက်တစ်နေ့ပြန်ရောက်မှ သိကြခြင်း။ နောက်ဖေးတန်းလျားလေး မှာနေကြသော အဖော်အစောင့် (ရဲဘော်  ဟောင်း)လင်မယားမှာ လူကြီးတွေပြန် လာမှ အိမ်မကြီးအပေါ်ထပ်ကပစ္စည်းတွေ အခိုးခံရကြောင်း သိကြခြင်းဖြစ်၏။
ဒုရဲအုပ်စခန်းမှူးနှင့် ရဲတပ်ကြပ်ကြီး များအိမ်အပေါ်ထပ်၊ အောက်ထပ်၊ ခြံဝင်း အတွင်း၊ နောက်ဖေးတန်းလျား၊ စသည် များကိုလိုက်ခံစစ်ဆေးသည်။ ၀င်လမ်းထွက်  လမ်းတွေကိုခြေရာခံမိသည်။ သူခိုးနှစ် ယောက်။
စားပွဲပေါ်တွင် ထမင်းစားသွားသော  လက်ရာစစ်ဆေးတွေ့ရှိရသည်။ ထမင်းအိုး  ထဲက ထမင်းများခူးခပ်စားသွားသည်။ သူခိုးဆာပုံရသည်။ ဘယ်မျှအချိန်ကြာ အောင်အစာမစားဘဲစောင့်နေခဲ့ကြရသလဲ မသိ။ ချဉ်ဟင်း၊ အစိမ်းကြော်၊ ခရမ်းချဉ် သီးငါးပိချက်အတော်များများစားသွား၏။
တစ်ခုထူးခြားနေ၏။
သုံးထပ်သားဝက်သားနီချက်။ မြင် လိုက်တာနှင့် စားချင်စရာကောင်းသော ၀က်သားဟင်းအိုးကိုကားလုံးဝမထိ။ စား မသွား။ ထမင်းကိုငါးပိချက်၊ အစိမ်းကြော် တို့နှင့် သာနှစ်ယောက်စာသူခိုးနှစ်ယောက်  ၀င်စားသွားသည်။ ၀က်သားဟင်းကိုလုံး ၀ရှောင်သည်။
သဲလွန်စရပြီ။
ထုတ်ယူဆင်ခြင်ခြင်း
ဖောက်တတ်ထွင်းတတ်သော၊ ၀က် သားမစားသည့်ဘာသာဝင်ထဲက လူနှစ် ယောက် သော့ဖျက်ကျွမ်းကျင်သူ။
ရဲတပ်ဖွဲ့ဝင်များက မီးဖိုထဲအထိဝင် ပြီးစူးစမ်းမေးမြန်းရှာဖွေသောအခါအငြိမ်း စားဗိုလ်မှူးကြီး၏မျက်နှာမှာစိတ်ပျက်ပုံ ပေါ်သည်။ ယုန်တောင်ပြေး၊ ခွေးမြောက်  လိုက်ဆိုသကဲ့သို့ဖြစ်နေပြီ။ အိမ်အပေါ် ထပ်က လက်ဝတ်လက်စား၊ ရွှေငွေ၊ ပစ္စည်း   တွေကိုအသေးစိတ်မမေးလှဘဲဘာဟင်း ချက်သလဲ၊ ဒီပန်းကန်ကညထဲကမဆေး ဘဲကျန်နေတာလား၊ ဒီဇွန်းက ဒီနေရာ လား။ စသည်-
မဆီမဆိုင်တွေကို ရှည်လျားထွေပြား နေကြသည့်ရဲစုံထောက်တွေပဲကွာဟုစိတ် ပျက်ပုံရလေသည်။
သို့သော် ထမင်းဝင်စားသွားသော သဲလွန်စမှတဆင့်သူခိုးကုလားနှစ်ကောင် ကိုခိုးရာပါပစ္စည်းများနှင့် တကွသုံးရက် အတွင်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါပြီ။ ပစ္စည်း တွေဘာမှ မထုခွဲရသေးဘဲ အားလုံးပြန် ရ၏။ ငွေအချို့သာသုံးရဖြုန်းရသေး၏။
သင်ခန်းစာရသည်။ သိပ်ပြီးငတ်ကြီး မကျနှင့် စားမိသမျှ မှားခဲ့ရပြီဟုနောင်တ ရရလိမ့်မည်။ နောက်ဖြစ်ရပ်တစ်ခုကြား သိရသေးသည်။
ဓားပြတိုက်မှု
မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးအစပ်  ရှိဧရာဝတီမြစ်အနောက်ခြမ်းကျေးရွာပိုင်း မှာဖြစ်သည်။ မြို့ကဈေးဝယ်ပြီးပြန်လာ သော လှည်းလေးစီးကို ဓားပြလေးယောက်  က နေ၀င်ရိုးရီမှောင်စပြုချိန်မှာတောအုပ် ထဲမှ ဆီးကြိုပြီးဓားပြတိုက်လုယက်ခြင်း  ဖြစ်သည်။ ဒေသထွက်အသီးအနှံများကို ရောင်းချပြီးငွေလေးကြေးလေးရခဲ့သမျှ ဓားပြလက်သို့အားလုံးပါသွားပြီ။ အပိုင် နယ်မြေရဲစခန်းသို့ညချင်းလာတိုင်ကြသည်။ လက်နှိပ်ဓာတ်မီးထိုး၍ အခင်းဖြစ်ပွားရာ သို့ရဲစခန်းမှူးနှင့် ရဲသားအချို့လိုက်သွား ကြသည်။
အတိုက်ခံရပြီးပါသောပစ္စည်း၊ ငွေ ကြေးစသည်တို့ကိုလှည်းလေးစီးပါလူများ ထံမှစာရင်းယူသည်။
ရဲကဓားပြစောင့်ပြီးနေခဲ့သောနေရာ ကိုစစ်ဆေးကြသည်။ ဓားပြကလည်း လှည်း  နဲ့လာခဲ့တာပဲ။ လှည်းခြေရာကို ခြေရာခံ မိသည်။ အတိုက်ခံရသူတွေက ဓားပြလေး  ယောက်ကိုသာမြင်လိုက်ရသော်လည်း ဓားပြလှည်းမှာအစောင့်တစ်ယောက်ပါ သေးကြောင်းခြေရာတွေ့ရပြန်သည်။
စစ်ဆေးသော်လည်း
စစ်တာဆေးတာနှင့် တစ်ညတာမိုး လင်းသွားတော့သည်။ ဓားပြအတိုက်ခံရ သူတွေထံမှ သဲလွန်စဘာမှတိတိကျကျမ ရ။ ဓားပြလေးယောက်က ပုဆိုးတွေမျက် နှာဖုံးအုပ်ထားခြင်း၊ ညမှောင်ခြင်း၊ သစ်ပင်   အုပ်ဆိုင်းခြင်းထို့ကြောင့် ရေရေရာရာ ဘာမှမမြင်၊ ကြောက်လန့်သဖြင့်ခေါင်း မော်မကြည့်ရဲ့။ ဓားတွေသေနတ်တွေပါပုံ ရသည်။ ဒါလောက်ပဲသိရသည်။ ရွာသား တွေက ဖျင်းအကြပါသည်။ အမျိုးသမီး တွေဆိုဘာမှမေးလို့မရ။ ထိတ်လန့်ပြီး အသတ်ခံရမှာကြောက်နေခဲ့ကြသည်။ သက်သေခံအထောက်အထားရအောင် ဘာမှဖော်ထုတ်လို့မရ။
စခန်းမှူးရဲအရာရှိကို ရဲတပ်သားလေး  တစ်ယောက်ကအနားလာပြီးစကားတစ် ခွန်းပြောသည်။
“ဗိုလ်ကြီး၊ ဓားပြစီးပြီးယူလာတဲ့လှည်း ကဘယ်ဘက်နွားဟာ နွားမဗျ။ နွားမကို လှည်းတပ်လာခဲ့တာ”
“ဟေ့ကောင် ဝေးရာသွားစမ်း၊ မဆိုင်  တာတွေငါ့ကိုလာပြောမနေနဲ့” အော်ဟစ် မောင်းထုတ်လိုက်၏။
တစ်ညလုံး၊ တစ်နေ့လုံး၊ ဖြစ်ရပ်ကို မေးမြန်းခြင်း၊ မြေပြင်ထောက်လှမ်းခြင်း၊ သဲလွန်စရှာဖွေခြင်း၊ သက်သေခံရှာခြင်းများ  စခန်းမှူးရဲအရာရှိကြိုးစား၍ ပြုလုပ်သော် လည်း အဖြေရှာမရ။ ရေရေရာရာဘာမှ မတွေ့ရ။
သတင်း
ဓားပြတရားခံဘယ်လိုရှာဖွေရမလဲ။ မသိ။ မိမိအပိုင်နယ်မြေထဲဓားပြတိုက်ခံရ ခြင်းကားရှက်ဖွယ်ကောင်းလှသည်။ မမိ လျှင် သိက္ခာကျတော့မည်။ ဓားပြနှင့် ပေါင်းစားနေသလား။ ပြည်သူလူထုက အထင်သေးကြပေတော့မည်။ ခေါင်းပူလှ ပြီ။ စိတ်အိုက်၍ စိတ်တိုနေသည်။
““ဗိုလ်ကြီး ကျွန်တော်တစ်ခုသတင်း ပို့ချင်တယ်””
““အေး ဘာလဲ ပြော””
အချက်အလက်
““ဓားပြတွေယူလာတဲ့လှည်းက နားထီး  တစ်ကောင်နဲ့ နားမတစ်ကောင်ခင်ဗျ””
““အဲဒါ မင်းမြင်လိုက်လို့လား””
““မမြင်ပေမယ့် သေချာပေါက်သိတယ်  ဗိုလ်ကြီး””
““ဘာဖြစ်လို့သေချာတာလဲ””
““နွားဆိုတာ လှည်းနဲ့ သွားနေရာက ရပ်နားလိုက်ရင်သေးပေါက်လေ့ရှိတယ် ခင်ဗျ။ ကြာကြာရပ်ထားရင်ချေးပါချတယ်  ဗျ။ ဓားပြရဲ့တောထဲမှာလှည်းရပ်ထားတဲ့ နေရာကို ကျွန်တော်သေသေချာချာကြည့်  ခဲ့ပါတယ်။ နွားထီးရဲ့ ချေးနဲ့သေးက တစ်ထောင်ခန့်ကွာတယ်။ နွားမတံပိုးတပ်  တဲ့ဘက်ကနွားချေးပုံနဲ့ သေးကတစ်ထပ် တည်းကျတယ်။ အဲဒါဟာနွားထီးနဲ့နွားမ ရဲ့ လိင်အရသဘာဝကွဲပြားချက်ဖြစ်ပါ တယ်””
ကောက်ချက်
ဟေ ဒါဆိုမင်းပြောသလိုအတိုင် ဘက်ကနွားထီး၊ အလှည့်ဘက်က နွားမ ဟုတ်သလား။
““ဟုတ်ပါတယ်ဗိုလ်ကြီး၊ လှည်းတံပိုး သယ်ဘက်မှာ နွားမတပ်တဲ့လှည်းကို ရှာ ဖွေစုံစမ်းလိုက်ရင်ဓားပြတိုက်သွားတဲ့လူ ဆိုးတွေကို မိအောင်ဖမ်းနိုင်ပါပြီ””
စခန်းမှူးသဲလွန်စကောင်းစွာရပေပြီ။ ရဲများဖြန့်ခွဲပြီးနီးရာရွာများမှ သူကြီးနှင့် လူကြီးများထံ နွားမတပ်သောလှည်းကို စုံစမ်းသည်။ တွေ့ပါပြီ။ ကကြီးရွာကဘကြီး  ဦးညှိ ဦးညှိအိမ်ကို အရပ်ဝတ်ဖြင့်ဝင်ပြီး မေးသည်။ မသင်္ကာစရာဘာမှမတွေ့ရ။ ဦးညှိက နှီးဖျာနေသည်။
အေးအေးဆေးဆေးပင်။ ရဲကမေး သည်-
““လှည်းနှင့် နွားရှိသလား””
““ရှိပါတယ်””
““အထီးတစ်ဘက်၊ အစ်မတစ်ဘက် တပ်ပြီး လှည်းသုံးတယ်ဟုတ်သလား””
““ဟုတ်ပါတယ်””
““လှည်း၊ နွား မတွေ့ပါလား၊ ဘယ် မှာလဲ””
““သြော် ခကွေးရွာက မောင်နီနဲ့ မောင်နက်ညီအစ်ကိုက အနောက်ဘက် တောကို တက်ပြီးဝါးခုတ်ကြမှာမို့လှည်းသုံး  ရက်ငှားသွားတယ်။ ၀ါးတိုက်ဖို့တဲ့”” လှည်း ပင်ပြန်လာမအပ်ကြသေး။
ကွင်းဆက်
ဆက်လက်ထောက်လှမ်းသည်။
သတင်းကွင်းဆက်ရလေပြီ။ ခကွေး ရွာသို့လျှို့ဝှက်စုံစမ်းသည်။ မောင်နီ၊ မောင်  နက်တို့ ညီအစ်ကိုဘယ်အချိန်ဘယ်မှာရှိ သည်ကို သတင်းတိတိကျကျရလေသည်။ ရဲတပ်ဖွဲ့ချီတက်သွားသည်။
ထန်းတောကတဲတစ်တဲမှာတိုက်ရာ ပစ္စည်းများအားဝေစုခွဲရင်းသောက်ပွဲစား ပွဲနှင့် အောင်ပွဲခံနေသောဓားပြငါးယောက်  ကိုလက်ပူးလက်ကြပ်ရဲ အဖွဲ့ကဖမ်းမိ၏။
အရပ်သားလှည်းလေးစီးကိုဓားပြငါး ယောက်က ဓားပြတိုက်မှု သုံးရက်အတွင်း  ရဲကဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့၏။ ရဲအုပ်စံသိန်း  ပြေပြချက်အကျဉ်းချုပ်ဖြစ်၏။
ဘ၀အတွေ့အကြုံ
အေးဗျာ၊ စခန်းမှူးတော့ အဲဒီနယ် မှာ နာမည်ကောင်းရသွားတာပေါ့။
““ဟုတ်ပါတယ် ဆရာ””
““သဲလွန်စရအောင်စူးစမ်းဖော်ထုတ် ပေးခဲ့တာကတော့ ရဲတပ်သားလေးဗျနော်””
““ဟုတ်ပါတယ် ဆရာ””
““စခန်းမှူးဟာ ဒီဓားပြမှုကို ချက်ချင်း  ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့လို့ရာထူးတွေဘာ တွေလည်းတက်သွားမှာပေါ့နော်””
““ဟုတ်ပါတယ် ဆရာ””
““သူက ရဲတပ်သားလေးကို ဆုမပေး ဘူးလား””
““သူရဲ့ စခန်းမှူး၊ ဒုရဲအုပ်လစာ၊ တစ်နှစ်စာတိတိအဲဒီရဲတပ်သားလေးကို ဆုအနေနဲ့ ပေးခဲ့ပါတယ်””။
““သြော် စခန်းမှူးလည်းလူကောင်းပဲ နော်။ နေပါဦး အဲဒီရဲတပ်သားက နွား အကြောင်းသေသေချာချာကျွမ်းကျင်တာ ပဲဗျ၊နော်””
စာဖတ်ခြင်း၏ကျေးဇူး
““ဟုတ်ပါတယ် ဆရာ၊ အဲဒီ ရဲတပ် သားလေးဟာ အဲဒီအချိန်ကတပ်သား သစ်ရဲသင်တန်းမှ ဆင်းစ၊ ၆လပဲရှိပါသေး တယ်။ ဒါပေမဲ့ စာဖတ်တယ်။ စူးစမ်းလို စိတ်ရှိတယ်။ သူကတောရွာကျေးလက်နွား  ကျောင်းသားဘ၀မှလာခဲ့သူပါ။ အခုတော့ အရာရှိငယ်တစ်ယောက်ဖြစ်ချင်လည်းဖြစ် နေမှာပေါ့ဆရာ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာပြီလေ””
““အေးဗျာ၊ စာများများဖတ်တဲ့ လူက တော့ သာမန်လူထက်အတွေးအမြင်ထက်  မြက်တာပဲ။ နွားသေးကွက်နဲ့ နွားချေးပုံ ကြည့်ပြီးစားပြမှုပေါ်အောင်ဖော်နိုင်တာ နော်””။
နိဂုံး
““သဲလွန်စဆိုတာရှာတတ်ရင်တွေ့တယ် ဆရာ လူဆိုးသူခိုးဓားပြရန်ဘေးတို့မှ ကင်း ဝေးကြပါစေ””။
 Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis