menu

Sunday 25 March 2012

မီးလောင်မှုဖြစ်ပွားနိုင်သည့် PC ၁၆၀,၀၀၀ ကို Lenovo ပြန်လည်သိမ်းဆည်းခဲ့



Power supply ရှိ အတွင်းပိုင်းစက်ပစ္စည်း အစိတ်အပိုင်းတစ်ခု၏ ချို့ယွင်းမှုကြောင့် အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားနိုင်သည့် Thinkcentre M70z နှင့် M90z all-in-one desktop PC နှစ်မျိုးအား ၂၀၁၀ ခုနှစ် မေလမှ ၂၀၁၂ ဇန်န၀ါရီလအတွင်း ကမ္ဘာတစ်ဝန်းမှ အလုံးရေ ၁၆၀,၀၀၀ ခန့် ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

Lenovo အနေဖြင့် all-in-one PC များရှိ power supply ချို့ယွင်းချက်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ၎င်းချို့ယွင်းချက်ကြောင့် အပူလွန်ကဲမှုများဖြစ်ပွားပြီး မီးလောင်မှုဖြစ်ပေါ်စေနိုင်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားသောကြောင့် ပျက်စီးသွားသည့် PC နှစ်လုံးနှင့်ပတ်သက်သည့် သုံးစွဲသူထံမှ တင်ပြချက်များကိုလည်း လက်ခံရရှိခဲ့ကြောင်း Lenovo ၏ ယူကေမီဒီယာဆက်ဆံရေးဌာနမှ အကြီးအကဲဖြစ်သူ Charlotte Westက Inquirer သတင်းဌာနသို့ပြောကြားခဲ့သည်။
ထို့အပြင် ချို့ယွင်းမှုဖြစ်ပွားသည့် all-in-one desktop PC များအတွက် power supply များကိုလည်း အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ၎င်းဖြစ်ရပ်များအတွက် Lenovo အနေဖြင့်တောင်းပန်ပါကြောင်း သူမက ဆက်လက် ပြောကြားခဲ့သည်။ အထက်ပါ desktop PC များကိုသုံးစွဲသူများအနေဖြင့် ၎င်းတို့ကွန်ပျူတာရှိ serial number များကိုစစ်ဆေးသင့်ကြောင်းနှင့် ပြန်လည်သိမ်းဆည်းသည့် စာရင်းအသေးစိတ်ကို Lenovo support ၀က်ဘ်ဆိုက်တွင် ဖော်ပြထားကြောင်းသိရသည်။

ရေးသားသူ -နောင်နောင်
Ref: The Inquirer
Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis