menu

Sunday 25 March 2012

တိုကျိုစတော့ အိတ်ချိန်း အကူအညီဖြင့် ရန်ကုန်နှင့် မန္တလေး စတော့အိတ်ချိန်းတို့ကို ၂၀၁၄ခုနှစ်တွင် တည်ထောင်ရန်ပြင်ဆင်




တိုကျိုစတော့ အိပ်ချိန်း၏ အကူအညီဖြင့် မြန်မာစတော့ အိပ်ချိန်းများဖြစ်သော ရန်ကုန်နှင့် မန္တလေး စတော့ချိန်းတို့ကို ၂၀၁၄ ခုနှစ်တွင် တည်ထောင်ရန် ပြင်ဆင်နေကြောင်း မတ်လ ၂၂ ရက်တွင်ပြုလုပ်သော မြန်မာ့အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူး  ဦးကျော်ကျော်က ပြောကြားခဲ့ပါသည်။
“အရင်းအနှီး ဈေးကွက်ဖြစ်ထွန်းဖို့အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ တိုကျိုစတော့အိပ်ချိန်း၊ Dai -wa Institute of Research တို့အကြား MoU ထိုးဖို့ လုပ်ဆောင်နေပါတယ်။ နည်းပညာနဲ့ HR ပိုင်းဖွံ့ဖြိုး ရေးအတွက် အဓိက အကူအညီ ပေးသွားမှာဖြစ်ပြီး အရင်းအနှီးဈေးကွက် တစ်ခုလုံး ဖွံ့ဖြိုးနိုင်ဖို့အတွက် အထောက်အကူ ရယူသွားမှာပါ။ ၂၀၁၄ မှာ စတော့အိပ်ချိန်း စတင်တည်ထောင်မှာ ဖြစ်ပြီး ရန်ကုန်နဲ့မန္တလေးမှာ ဖွင့်လှစ်သွားမှာပါ”ဟု ဦးကျော်ကျော်က ထည့်သွင်း ပြောဆိုခဲ့ပါသည်။


ငွေချေးစာချုပ် ဈေးကွက်ဖြစ်ထွန်းစေရေး အတွက် ငွေချေး သက်သေခံ လက်မှတ် ရောင်းဝယ်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်နေကြောင်း၊ လိုအပ်သည့် အမိန့် ကြော်ငြာစာများနှင့် ညွှန်ကြားချက်များကို ထုတ်ပြန်သွားမည် ဖြစ်ကြောင်း .  .  .
မြန်မာနိုင်ငံတွင် တည်ထောင်မည့် အရင်းအနှီးဈေးကွက်တွင်အစိုးရနှင့် အစိုးရအဖွဲ့အစည်းများ၊ ကာလရှည် ချေးငွေများကို ဆောင်ရွက်ပေးမည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ်များ အပါအ၀င် ဘဏ်များ၊ စည်ပင်သာယာရေး အဖွဲ့အစည်းများ၊ အများပိုင် ကုမ္ပဏီများ ပါဝင်ကြမည်ဖြစ်ပြီး ငွေ ချေးသက်သေခံ လက်မှတ်များ၊ ငွေချေးစာချုပ်များ၊ စတော့ရှယ်ယာများ၊ နိုင်ငံခြားငွေများနှင့်ေ ငွရေးကြေးရေး ရရန်ပိုင်ခွင့်များအပေါ် တာဝန်ခံမှု ကတိစာချုပ်များကို အရောင်းအ၀ယ် ပြုလုပ်ကြမည် ဖြစ်သည်။
ထို့အတူ ငွေချေးစာချုပ်ဈေးကွက် ဖြစ်ထွန်းစေရေးအတွက် ငွေချေး သက်သေခံ လက်မှတ်ရောင်းဝယ်ရေး ဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်နေကြောင်း၊ လိုအပ်သည့် အမိန့်ကြော်ငြာစာများနှင့် ညွှန်ကြားချက်များ ကို ထုတ်ပြန်သွားမည် ဖြစ်ကြောင်းလည်း ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ တာဝန်ရှိသူများထံမှ သိရှိရသည်။
မြန်မာနိုင်ငံတွင် အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးရေးအတွက် ၁၉၉၆ ခုနှစ် ဇွန်လတွင် မြန်မာ့စီးပွားရေး ဘဏ်နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါသုတေသနအဖွဲ့လီမိတက်တို့က မြန်မာငွေချေး သက်သေခံ လက်မှတ်များလဲလှယ် ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်ကို ဖက်စပ်ကုမ္ပဏီအဖြစ် တည်ထောင်ခဲ့ပြီး ငွေချေးသက်သေခံ လက်မှတ်များ ထုတ်ဝေရောင်းချခဲ့ကြောင်း၊ လက်ရှိထုတ်ဝေလျက်ရှိသော ငွေချေးသက်သေခံ လက်မှတ်များ၏ သက်တမ်းမှာ နှစ်နှစ်၊ သုံး နှစ်နှင့်ငါးနှစ် သက်တမ်းများ ဖြစ်ပြီး အမျိုးအစားများမှာ ကျပ်တစ်သောင်းတန်၊ ကျပ်တစ်သိန်းတန်၊ ကျပ်တစ်သန်းတန်၊ ကျပ်ဆယ်သန်းတန် အမျိုးအစားများ ဖြစ်ကြောင်းနှင့် ပုဂ္ဂလိကဘဏ်များက အများဆုံးဝယ်ယူထားကြောင်း သတင်းရရှိပါသည်။
ထို့ပြင် ယခုနှစ်အတွင်း  မြန်မာနိုင်ငံ၏ စတော့အိပ်ချိန်း ထူထောင်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံနှင့် စည်းမျဉ်း စည်းကမ်းများကို ရေးဆွဲသွားမည် ဖြစ်ပြီး ကြားခံ အကျိုးဆောင်အသင်းများ၊ ပြည်တွင်းနှင့် နိုင်ငံခြား Fund Management  ကုမ္ပဏီများ ဖွဲ့စည်းခွင့် ပြုသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။      
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis