menu

Tuesday 24 January 2012

ရေအားလျှပ်စစ်အတွက် အမှန်တစ်ကယ်ပေးဆပ်ရသောတန်ဖိုးများ (မောင်မောင်သန်း)

ကမ္ဘာတ၀ှမ်းမှာ စွမ်းအင်လိုအပ်ချက် တဟုန်ထိုး မြင့်တက် လာနေလျက်ရှိသည်ဖြစ်ရာ၊ ရေအားလျှပ်စစ်ဆည် အသစ်များကို တည်ဆောက်နေလျက် ရှိကြလေသည်။ အကြောင်းမှာ ရေအားလျှပ်စစ် ထုတ်ယူရရှိနိုင်ဖွယ်ရှိသော တိုင်းပြည်များအဖို ဆည်များက အစိမ်းရောင် ရွေးလမ်းကို ပေးထားသောကြောင့်ဖြစ်သည်။ ကောင်းပေ့ဆိုသော အခြေအနေမျိုးတွင် ဆည်များမှနေ၍ စွမ်းအင် မှန်မှန် ရရှိနိုင်သည့်အပြင် ဆည် အနီးအနားနေ လူ့အသိုင်းအ၀ိုင်း အုပ်စုများအဖို့  အလုပ်အကိုင်လည်းရ၊  လူနေမှု အဆင့် အတန်းလည်း မြင့်လာနိုင်ပါသည်။
တကယ်တော့ ဆည်ဆောက်လုပ်ရာ နယ်မြေရှိ ပြည်သူတို့၏ ဘ၀ရပ်တည်ရေးနှင့် လူ့အခွင့်အရေးတို့အပေါ် ရိုက်ခတ်မှုများ၊ ထို့အပြင် ပတ်ဝန်းကျင်ရှိ ဂေဟစနစ်အပေါ် ရိုက်ခတ်မှုများနှင့်ပတ်သက်၍ ဧရာမပြဿနာကြီးများ ပေါ်ပေါက်ခဲ့ဖူးသည်ကလည်း အမှန်ပင်ဖြစ်ပါ၏။
ဆည်ဆောက်လိုက်ပြီဟေ့ဆိုလျှင် တန်ဖိုးမပေးဘဲ မနေရသည်ကတော့ သေချာပါသည်။ မြစ်များ၏ သဘာဝအတိုင်း စီးဆင်းနေမှုကို အဟန့်အတား ပြုလိုက်ခြင်းကြောင့် ဖြစ်ပွားလာသော ရေအရည်အသွေး ကျဆင်းသွားခြင်း၊ မြေဆီလွှာ ဆုတ်ယုတ်ပျက်စီးသွားခြင်း၊ မြေပြင်အနေအထား ပြောင်းလဲသွားခြင်းနှင့် အခြားဆိုးကျိုးများအကြောင်းကို ကန့်ကွက်သူများ၊ သိပ္ပံပညာရှင်များနှင့် ပေါ်လစီ ရေးဆွဲသူများက တစ်သံတည်း ဆွေးနွေးခဲ့ကြသည်။

ဆည်တည်ဆောက်ခြင်းသည် မြစ်ကြေ၊ မြစ်ညာရှိ လူမှုအုပ်စုများ ရိက္ခာချို့တဲ့ရှားပါးမှုနှင့် အကြီးအကျယ် ဆက်စပ်နေသည့်တိုင်၊ ရေအားလျှပ်စစ်နှင့် ရိက္ခာလုံခြုံမှုတို အကြီးအကျယ် ဆက်စပ်နေပုံကို သုတေသနပြု လေ့လာမှုများ အလွန်ရှားပါးလှသည်။ ကုလ သမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO အဓိပ္ပါယ် ဖွင့်ဆိုချက်အရဆိုလျှင် ရိက္ခာလုံခြုံမှုဆိုသည်မှာ ကျန်းမာရှင်သန်သော ဘ၀ရပ်တည်ရေးအတွက် လူတိုင်း အခါခပ်သိမ်းမှာ ရိက္ခာ အလုံအလောက်ရရှိရေး ဟူ၍ဖြစ်သည်။
ဤအဓိပ္ပါယ်ဖွင့်ဆိုချက်သည် ကမ္ဘာနှင့်အ၀ှမ်း ရိက္ခာဈေးနှုန်းများ မြင့်တက်နေခြင်း၊ ရာသီဥတု ပြောင်းလဲခြင်း၊ ဖွံ့ဖြိုးဆဲ တိုင်းပြည်များ တွင် စွမ်းအင်လိုအပ်မှု တိုးများလာမည့် အလားအလာရှိခြင်းတည်းဟူသော လက်ရှိ အခြေအနေနှင့် ပို၍ပင် ဟပ်မိနေသေးတော့ သည်။

တက်သစ်စ တိုင်းပြည်
ကမ္ဘောဒီးယားနိုင်ငံ၏ လူဦးရေနှင့် အမျိုးသားထုတ်လုပ်မှု စုစုပေါင်း ပမာဏ (GDP) သည် တိုးလာနေလျက်ရှိရာ၊ လျှပ်စစ်ဓါတ်အား လိုအပ်မှုသည်လည်း တိုးလာနေလျက်ရှိသည်။ လက်ရှိ အသုံးပြုနေ သော ဆည် () ခုတည်း ရှိရာမှနေ၍ ကမ္ဘောဒီးယားအစိုးရသည် ရေအားလျှပ်စစ်ဆည်သစ်များ ဆောက်လုပ်ရန် စိုင်းပြင်း နေလျက်ရှိ သည်။ အခြားတဘက်၌မူ ကမ္ဘောဒီးယားနိုင်ငံ၏ ထောင်စုနှစ် ဖွံ့ ဖြိုးရေး ရည်မှန်းချက်များပြည့် မြောက်ရေးတွင် မပြည့်မီမှုများ ရှိနေပါသည်။ ၄င်းတိုအနက် အဓိကကျသော မပြည့်မီမှုအချို့ မှာ ကျေးလက်ဒေသ ဆင်းရဲမွဲတေမှုနှုန်းမြင့်ခြင်း၊ ဆင်းရဲချမ်းသာကွာဟမှုများခြင်း၊ ရိက္ခာ ချို့တဲ့ရှားပါးမှုနှုန်း လျှော့ချရာ၌ နှေးကွေးခြင်းတို့ ဖြစ်သည်။ 
 (၂၀၁၁) ခုနှစ်၊ ဧပြီလတွင် ကမ္ဘောဒီးယားနိုင်ငံက ဆေဆန်းမြစ်အောက်ပိုင်းတွင် ယခုနှစ်ကုန်မှာ ဒေါ်လာ သန်း (၇၀၀) တန် ရေအားလျှပ်စစ်ဆည်တခုကို ဗီယက်နမ်နိုင်ငံနှင့် ပူးပေါင်း၍ စတင် တည်ဆောက်သွားမည်ဟု ကြေငြာခဲ့သည်။ ဤဖက်စပ် လုပ်ငန်းကြောင့် လူဦးရေ (, ၀၀၀) ခန့် နေရာ ရွှေ့ ပြောင်းပေးရမည်ဖြစ်သည်။ ထို့ ပြင် လောနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘော ဒီးယားနိုင်ငံတို့ကို ဖြတ်လျက် ဆေဆန်းမြစ်၊ ဆရီပေါ့မြစ်၊ ဆီကုံးမြစ်တို့ စီးဆင်းရာ ဆသုံးလုံး မြစ်များ နယ်မြေရှိ မူလရှိပြီးသား ဆည်များကြောင့် ဖြစ်ပွားသော ရေ အရည်အသွေးညံ့ခြင်း၊ မြစ်စီးဆင်းပုံ မူမမှန်ခြင်း၊ မြစ်တွင်းမှာ ငါးရှားသွားခြင်း ကဲ့သို့ သော ပြဿနာများသည် ယခင်ထက် ပိုဆိုးလာတော့မည်ဟုလည်း စိုးရိမ်မှုများရှိနေပါသည်၊
ဌာနေတိုင်းရင်းသား အုပ်စုအများအပြား (ဂျာရိုင်း၊ တွမ်ပုံ၊ ကရီအန်း၊ ပရော်စသည်တို့ ) တို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ နှင့် ယဉ်ကျေးမှုများသည် မြစ်များ၏ သဘာဝအတိုင်း စီးဆင်းရှင်သန်နေမှုနှင့် အကျွမ်းတ၀င် ဆက်စပ်နေပါသည်။ သည့်ထက်ပို၍ ယေဘုယျကျကျ ဆိုရပါလျှင် ကျေးလက်နေ ကမ္ဘောဒီးယားပြည်သူတို့သည် သဘာဝ အရင်းအမြစ်များအပေါ် အကြီးအကျယ် အမှီသဟဲ ပြုနေရသည်ဖြစ်ရာ၊ ရေအားလျှပ်စစ်ဆည်ကြောင့်ဖြစ်ပွားသော သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှု၏ ဒဏ်ကို အပြင်းအထန် ခံစား ရဖွယ်ရှိပါသည်။ (ကျေးလက်ဒေသနေ ကမ္ဘောဒီးယားပြည်သူ ၁၀ သန်းအနက် ၈. ၅ သန်းကျော်ကျာ်သည် စားဝတ်နေရေးအတွက် အဓိကအားဖြင့် ငါးလုပ်ငန်း၊ စပါးစိုက်ပျိုးခြင်းလုပ်ငန်းတို့ကို လုပ်ကိုင်ခြင်းအားဖြင့် သဘာဝ အရင်း အမြစ်များအပေါ် အမှီသဟဲပြုနေကြရသည်။)   
ဤဌာနေတိုင်းရင်းသား လူမျိုစုအတော်များများသည် ကမ္ဘောဒီးယားနိုင်ငံအရှေ့ မြောက်ပိုင်း၊ ရတနာကီရီ ပြည်နယ်မှာ နေထိုင်ကြ ကုန်သည်။ ဤပြည်နယ်၌ ဆေဆန်းမြစ်သည် (၁၉၉၆) ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ ဆည် () ခု (ယာလီရေတံခွန်ဆည်) ကို တည်ဆောက်ပြီးကတည်းကပင် ဂေဟစနစ်ဆိုင်ရာနှင့် လူမှုစီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုများကို အကြီးအကျယ် ခံစားနေရ လျက်ရှိသည်။
မြစ်ရိုးတလျှာက်မှာ နေထိုင်နေကြသော ကျေးလက်လူမှုအသိုက်အမြုံများသည် တနှစ်မှာ () လမှ () လ အထိ ရိက္ခာ ပြတ်လပ်မှု နှင့် ကြုံတွေ့ နေကျဖြစ်သည်။ ဤသို့ဖြစ်ရသည်မှာ ရေအားလျှပ်စစ် လုပ်ငန်းများကြောင့်ဖြစ်သည်ဟု ဆိုက လွန်ရာကျမည် ဖြစ်သော်လည်း လက်တွေ့ ကွင်းဆင်းလေ့လာတွေ့ ရှိချက်များက ဖေါ်ပြနေသည်ကား ဤရိက္ခာပြတ်လပ်မှုနှင့် ရေအားလျှပ်စစ် လုပ်ငန်းများသည် သိသိသာသာ ဆက်စပ်နေသည်ဟူသော အချက်ပင်ဖြစ်ပါသည်။ ရတနာကီရီနယ်မြေရှိ ကျေးတောနေ အိမ်ထောင်စုများသည် ပြင်ပဘေးများ (ပြင်ပဘေးများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးရခြင်း၏ အဓိကလက်သည် တရားခံဖြစ်ပြီး၊ ရောဂါဘယများ၊ သီးနှံခင်းများဆုံးရှုံးမှု၊ ကျွဲနွားတိရိစ္ဆာန်များသေဆုံးမှုတို့ကိုလည်း ဖြစ် ပွားစေ ပါသည်) ကို အမြဲလိုလို ခံစားနေကြရသည်ဟု  ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) က အစီရင်ခံတင်ပြထားပါသည်။
ဆည်များသည် ဆေဆန်းမြစ်၏ သဘာဝအတိုင်း စီးဆင်းနေမှုကို ပြတ်တောင်းပြတ်တောင်း ဖြစ်စေသည့်အပြင်၊ ရေကြီးခြင်း၊ မမျှော်လင့်ဘဲ မိုးခေါင်ခြင်းတို့ကို ဖြစ်ပွားစေပါသည်။ ထို့ ပြင်၊ ဖြစ်လေ့ ဖြစ်ထရှိသော မိုးခေါင်းမှုများကိုလည်း ပိုဆိုးစေပါသည်။ ရေလှောင်ကန်ကြီးမှနေ၍ ရေလွှတ်လိုက်ခြင်းကြောင့် ရုတ်တရက် ရေထိုးဆင်းလာခြင်းများသည် ညအခါများမှာ ဖြစ်ပွားတတ်သည်။ ဤအတွက်ကြောင့်လည်း နေအိမ်များ၊ လမ်းများပျက်စီးသည့်အပြင် နယ်မြေဈေးကွက်များသို့ သွားလမ်း ပိတ်သွားတတ်သည်။ ဤအရင်းအမြစ်များကို အားထားနေရသော အိမ်ထောင်စုဦးရေ ထက်ဝက်ခန့်က အခြား ရတက်မအေးစရာကိစ္စများ (ငါးများ ရှားသွားခြင်း၊ လယ်ယာသီးနှံအထွက် ဆုတ်ယုတ်ခြင်း၊ သစ်တောထွက်ပစ္စည်းများ အရနည်းသွားခြင်း) ကို  ဖေါ်ပြခဲ့ကြကြောင်း လည်း အခြားသော လေ့လာချက်များအရ သိရှိရပါသည်။
ယာလီရေတံခွန်ဆည်ကြောင့် ဖြစ်ပေါ်လာခဲ့သော အပြောင်းအလဲများအကြာင်းကို ရှင်းပြရာ၌ ကျမတို့  လယ်ကွက်က () ဟက်တာလောက် ရှိတယ်။ ဟိုတလောက ရုတ်တရက် ရေထိုးဆင်းလာပြီးတဲ့ နောက်မှာ ဟက်တာ ၀က်လောက်ဘဲ ကျန်တော့ တယ်၊ ဒီလယ်လောက်နဲ့ မိသားစုအတွက် လုပ်စားဖို့ မလောက်တော့ဘူးပေါ့၊ ဟု ရတနာကီရိပြည်နယ်၊ ဖနွမ်ကောက် ဘုံအဖွဲ့ မှ ကရီအန်းလူမျိုးစု မိန်းမကြီးတဦးက ပြောပြခဲ့ပါသည်။
ငါးတွေ ဘယ်ရောက်သွားပါလိမ့်
ရှေးယခင်ကဆိုလျှင် ရတနာကီရိ ပြည်နယ်ရှိ ကျေးတောနေ အိမ်ထောင်စုအများစုသည် စားလောက်ရုံ စိုက်ပျိုးသော လယ်သမား များဖြစ်သည်။ တနှစ်မှာ စပါးတသီးစိုက်သည်။ ဥယျာဉ်ထဲမှာ ဟင်းသီးဟင်းရွက် စိုက်သည်။ ရံဖန်ရံခါဆိုသလို တောဟင်းသီး ဟင်းရွက်နှင့် သစ်မဟုတ်သော တောထွက်ပစ္စည်းများ (non-timber forest products -NTFP) ရှာဖွေသည်။ ထို့ ပြင် ရှေးရှေး ကတည်းကပင်၊ ရတနာကီရိနယ်သား လယ်သမားများသည် လယ်လုပ်ငန်း မအောင်မြင်လျှင် သက်စောင့်အဖြစ် ငါးလုပ်ငန်းဘက်သို့ ပြောင်းရွှေ့ လုပ်ကိုင်တတ်ကြသည်။
ရေအားလျှပ်စစ်လုပ်ငန်းကြောင့် မြစ်အောက်ပိုင်း ရေအရည်အသွေးမှာ ထိခိုက်သည်ဖြစ်ရာ ငါးနှင့် အခြားသော ရေထွက် အရင်း အမြစ်များ အကြီးအကျယ် ဆုတ်ယုတ်သွားခဲ့သည်။ ဆေဆန်းမြစ်အတွင်းမှာ ဖမ်းယူ ရရှိသော ငါးအရေအတွက် နည်းသွားပြီး၊ ဖမ်းမိသော ငါးများကလည်း အကောင်သေးသည်ဟု ရိက္ခာလုံခြုံမှုအတွက် ငါးလုပ်ငန်းကို အဓိက အားထားနေရသော နယ်မြေ ကျေးရွာသားများက ပြောပြပါသည်။  
 ‘ဟိုတုန်းက ကျမယောက်ျားက စားစရာတွေ ဆေးဝါးတွေဝယ်ဖို့အတွက် ငါးဖမ်းပြီး ၀င်ငွေရှာခဲ့ပါတယ်။ ခုတော့ ငါးတွေ မရှိတော့ ပါဘူး။ မြစ်ကလည်း တော်တော်အန္တရာယ်များပါတယ်။ ဒီတော့ ကျမတိုမှာ ငါးက စားဖိုလည်းမရှိ၊ ရောင်းဖိုလည်း မရှိတော့ဘူး။ ဟု ရတ်တနာကီရိပြည်နယ်မှ တွမ်ပုံ လူမျိုးစု မိန်းမကြီးတယောက်က ပြောပါသည်။
ဆည်မှ ထုတ်လွှတ်လိုက်သော ရေလုံးအင်အားသည် ဆေဆန်းမြစ်တွင်းမှာ ငါးရှားပါးသွားရခြင်း၏ အကြောင်းရင်းတခုဖြစ်သည်။ ဤ ရေလုံးအင်အားကြောင့် မြစ်အောက်ပိုင်းမှာ ကမ်းပြိုမှုများ ဖြစ်ပွားသည်ဟု နယ်မြေဒေသတွင်းမှ လူများ၏ ပြောပြချက်အရ၊ သိရ သည်။ တရားဝင် လေ့လာချက်များက ကမ်းပြိုမှု ပမာဏကို တိုင်းတာတွက်ချက် မပြခဲ့သော်လည်း ရေလုံးကြီး တလုံး ဆင်းလာခဲ့ပြီး နောက်တွင် ဆေဆန်းမြစ်လယ်ရှိ ကျွှန်းများ ပျောက်သွားခြင်းကဲ့သို့သော ဖြစ်ရပ်များကိုတော့မူ ဖေါ်ပြခဲ့သည်။ ရေနက်အိုင်များသည် ငါးကြီးမျိုးစိတ်များအတွက် အရေးကြီးသော နွေရာသီခိုလှုံရာ စခန်းများဖြစ်သည်။ ဤ အရေးကြီး ခိုလှုံခန်း (ရေကျင်း) နေရာများ သည် သဲများ၊ နုန်းများ၊ ကျောက်များဖြင့် ပြည့်နေကာ၊ ပျက်စီးခဲ့လေပြီ။
ဆေဆန်းမြစ်ပေါ်တွင် ပထမဦးဆုံးသော ဆည်ကို မဆောက်လုပ်ခင်က မြစ်ရိုးနေ လူနည်းစုအမျိုးသား ကျေးရွာသားများသည် ပြင်ပဘေးများ (မိုးခေါင်ခြင်း/ ရေကြီးခြင်းများ) ကို ခံနိုင်ရည် အတော်ရှိခဲ့ကြသော်လည်း အကြီးစား ရေအားလျှပ်စစ်ဆည် လုပ်ငန်း များက ၄င်းတို့ ၏ ရှေးရိုးစဉ်လာနည်းများဖြင့် မခုခံနိုင်လောက်အောင်ပင် ဒဏ်သင့်စေခဲ့သည်။
ဆေဆန်းမြစ်အောက်ပိုင်း အမှတ် () ဆည်တည်ဆောက်မည်ကို ဆန်ကျင်ကန်ကွက်ရာ၌ ကျေးရွာသားများက မိမိတို စားဝတ်နေရေးသည် ယာလီရေတံခွန်ဆည် တည်ဆောက်ရာမှနေ၍ ဖြစ်ပေါ်လာခဲ့သော  ငါးရှားပါးမှုကြောင့်ပင် ထိခိုက်လှပြီ ဖြစ်ကြောင်း တင်ပြကာ၊ အစိုးရ၏ အထောက်အပံ့ကို တောင်းဆိုနေလျက်ရှိသည်။
ခြေခံ အရင်းအနှီးပစ္စည်းများနှင့် အလုပ်မျိုးစုံလုပ်ခြင်း
ငါးလုပ်ငန်းသည် ပို၍ပို၍ လုပ်စားရ ခက်လာနေလျက်ရှိရာ၊ တံငါသည်တို့သည် နယ်မြေဒေသတွင်းမှာ လားလားမျှ မရှိခဲ့ဖူးသော လုပ်ငန်းများကို လုပ်ကိုင် စားသောက်ကြရတော့သည်။
ဤနေရာ၌ အလုပ်မျိုးစုံ လုပ်ခြင်း (တဦးချင်းပုဂ္ဂိုလ်များနှင့် အိမ်ထောင်စုများက မိမိတို မူလ ဘ၀ရပ်တည်ရေးနှင့် ၀င်ငွေရှာရေး နည်းလမ်းများမှနေ၍ ပြောင်းလဲ လုပ်ကိုင်သော အခြားနည်းလမ်းများ) သည် လွန်စွာ အရေးကြီးပါသည်၊ အကြောင်းမှာ ဤသို အလုပ်မျိုးစုံ လုပ်ခြင်းအားဖြင့် မိမိတို မလုံလောက်တော့သော အဓိက၀င်ငွေကို ဖြည့်စွက်ပေးနိုင်သည့်ပြင် ၀င်ငွေရ လုပ်ငန်း တခုတည်းအပေါ် အားထားနေရမည့် အခြေအနေမျိုး  နည်းသွားသောကြောင့်ဖြစ်ပါသည်။
အလုပ်မျိုးစုံ လုပ်ခြင်းသည် လယ်လုပ်ငန်းမအောင်မြင်သည့် အခါမျိုးမှာ  ဘ၀ရပ်တည်နိုင်ရေးအတွက် အရေးကြီးပါသည်။ အကြောင်းမှာ ဤသို့ လုပ်ခြင်းသည် အရင်းအနှီးအနည်းငယ်မျှသာ လိုသော ၀င်ငွေရ လုပ်ငန်းများကို အလွယ်တကူ လုပ်ကိုင်နိုင် စေသည့်အပြင်၊ ရိက္ခာလုံခြုံရေး၊ အာဟာရအဆင့် အတန်း ထိမ်းသိမ်းထားရေး၊ တိုးတက်ကောင်းမွန်ရေးတိုအတွက် အလွန် အရေးကြီးသောကြောင့်ဖြစ်သည်။
            ဆိုးသည်မှာ ကမ္ဘောဒီးယားအရှေ မြောက်ပိုင်း၊ ဝေးလံသီခေါင်သော နယ်မြေဒေသများရှိ မြစ်ကမ်းနံဘေး ကျေးရွာများအဖို့ ပြောင်း လဲလုပ်စရာ လုပ်ငန်းများ အလွန်ရှားပါးခြင်းပင်ဖြစ်သည်။ အကြောင်းအမျိုးမျိုး ပေါင်းဆုံမှုကြောင့်၊ အဓိကအားဖြင့်- (၁) အလုပ် အကိုင်သစ်များနှင့် ပတသက်၍ အသိအမြင်နှင့် ကျွမ်းကျင်မှုများ ချို့တဲ့ခြင်း၊ (၂) လုံးဝမွဲပြာကျနေခြင်း/ ၀င်ငွေမရှိခြင်း၊ (၃) အထောက်အပံ့နှင့် အလုပ်အကိုင် အခွင့်အလမ်း အလွန်နည်းပါးခြင်းတို့ ပေါင်းဆုံမှုကြောင့် ဤနယ်မြေဒေသအတွင်းမှာ အလုပ် အကိုင် အပြောင်းအလဲ လုပ်စရာဟူ၍ တောင်ပေါ်ဒေသများသို့  ယာယီအားဖြင့် ပြောင်းရွှေ့ သွားရန်နှင့် အခြားရွာများတွင် ကျပမ်း အလုပ် လုပ်ရန်သာရှိသည်။
လယ်ယာလုပ်ငန်း မအောင်မြင်သော နှစ်များမှာဖြစ်စေ၊ ၀မ်းစာစပါး ကုန်ခမ်းသွားသော အခါမှာဖြစ်စေ (အများအားဖြင့် မိုးရာသီမှာ ဖြစ်သည်) အိမ်ထောင်စုတိုင်း ကျင့်သုံးလေ့ရှိသော နည်းလမ်းကား တောင်ပေါ်ဒေသသို့ အိမ်လုံးကျွတ်ပြောင်းရွှေ့ သွားပြီး၊ သစ် မဟုတ်သော တောထွက်ပစ္စည်းများ (non-timber forest products -NTFP) ရှာကြခြင်းပင်ဖြစ်သည်။ အပို ၀င်ငွေရရေးအတွက် တနှစ်ပတ်လုံးမှာ  ယောက်ျားသားများက ကျပမ်းအလုပ်ကိုလည်း (ကြိုးစားရှာပြီး) လုပ်ကြသည်။
ဤနည်းလမ်းများထဲက မည်သည့်နည်းလမ်းမျှ ဘ၀ရပ်တည်ရေးအတွက် ဟန်ကျသည်တော့ မဟုတ်ချေ။ ယာယီပြောင်းရွှေ့ လုပ်ကိုင်စားရာ၌ အခက်အခဲပေါင်း သောင်းခြောက်ထောင်ရှိသည်။ ကျန်းမာရေးထိခိုက်ခြင်းမှအစ၊ ကလေးများ ကျောင်းထွက်နှုန်း မြင့်ခြင်းအထိဖြစ်သည်။ စွဲစွဲမြဲမြဲလုပ်၍ရသော အလုပ်မျိုးကိုလည်း မရရှိနိုင်ချေ၊ ပညာနည်းနည်း ပိုတတ်ပြီး၊ လုပ်ငန်းကျွမ်းကျင်မှု လည်း နည်းနည်းပိုရှိသူများအဖို့ ဆောက်လုပ်ရေးလုပ်ငန်းများ (သို့မဟုတ်) စက်ရုံအလုပ်ရုံများမှာ အလုပ်ရနိုင်သော်လည်း ကျေးရွာ သား အများစုကမူ နိုင်ငံခြားသားများ (သို့မဟုတ်) တိုင်းရင်းသား ချမ်းသာသော လယ်သမားများ၏ ပဲစိုက်ခင်း၊ ပလောပီနံစိုက်ခင်း၊ ရာဘာစိုက်ခင်းများတွင် အလုပ်လုပ်ကြသည်။ ဤအလုပ်များသည် လုပ်ခအလွန်နည်း (တနေ့လျှင် အမေရိကန်ဒေါ်လာ ၂ ဒေါ်လာ ပြား ၅၀ မှ ၃ ဒေါ်လာ ပြား ၅၀) သည့်အပြင်၊ အလုပ်ရှာရလည်းခက်၊ အလုပ်လည်း မမြဲတတ်ချေ။
 ‘လယ်တောထဲကနေ အပြင်ထွက်ပြီး အလုပ်လုပ်ရတာ ရေရှည် အဆင်ပြေတဲ့နည်းတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရတဲ့ပိုက်ဆံက မိသားစုအတွက် ဆန်နည်းနည်းပါးပါး ၀ယ်ဖိုပဲလောက်တယ်။ သွားလာစရိတ်အတွက်တောင် မလောက်ဘူး။ စားစရာ သိပ်ချို့ တဲ့နေတဲ့ အချိန်မှာတော့ မိသားစုအဖို အသက်ရှူပေါက် ရတာပေါ့၊ ဒါကြောင့် ခုလို အပြင်ထွက် အလုပ်လုပ်နေရတာ။ ဟု ကချွန်ကရိုအမ် ကျေးရွာမှ တွမ်ပုံ အမျိုးသားတဦးက ပြောပါသည်။
သို့ဖြစ်ရာ၊ အလုပ်ပြောင်းလုပ်ရေးကိစ္စတွင် စာတတ်မြောက်ရေးနှင့် ပညာရေးအစီအစဉ်အရ၄င်း၊ လမ်းပန်းဆက်သွယ်မှု တိုးတက် ကောင်းမွန်ရေးအရလည်းကောင်း၊ နယ်မြေဒေသနှင့် သက်ဆိုင်သော လက်မှုနှင့် လုပ်ငန်းအတတ်ပညာ သင်ကြားရေးအရ လည်းကောင်း အစိုးရအကူအညီ၊ နိုင်ငံတကာအကူအညီတို့ လိုအပ်မည်ဟု ဆိုရပေလိမ့်မည်။
ဖွံ့ ဖြိုးရေးအတွက် မည်သည့်တန်ဖိုးများ ပေးရပါသနည်း
ရတနာကီရိနယ်မြေနှင့် ကမ္ဘောဒီးယား၏ အခြားနယ်မြေများတွင် ဖြစ်ပွားနေသည်တို့သည် အထီးတည်းဖြစ်နေသော ကိစ္စ မဟုတ် ချေ။ ဘရာဇီးအစိုးရက အငြင်းပွားစရာ ဘယ်လိုမွန်တီဆည် (Belo Monte Dam) အတွက် ဆောက်လုပ်ခွင့်ကို မကြာသေးမီ ကပင် ချပေးခဲ့သည်။ တရုတ်အစိုးရကလည်း နဂိုကတည်းက ကြီးမားလှသော ရေအားလျှပ်စစ်လုပ်ငန်းကြီးကို ဆက်လက်တိုးချဲ့ရန် အစီအစဉ် ချထားသည်။ ကမ္ဘာတ၀ှမ်းရှိ လူမှုအသိုက်အမြုံများစွာတို့သည် ရုတ်တရက် ရေအလုံးလိုက် အရင်းလိုက် ထိုးဆင်းခြင်း၊ မိုးရာသီအတွင်း မိုးခေါင်ခြင်း၊ ငါး ရှားသွားခြင်း၊ ကျန်းမာရေး ပြဿနာများဖြစ်ပွားခြင်း၊ လယ်နှင့် လယ်လုပ်ကရိယာများ ဆုံးရှုံးခြင်း၊ ရေအရည်အသွေး ကျဆင်းသွားခြင်းနှင့် ရေအားလျှပ်စစ်ဆည်၏ အခြားသော ဆိုးကျိုးများကို အလူးအလဲ ခံစားနေရလျက်ရှိသည်။
သိုရာတွင် တန်ဖိုးအသင့်အတင့် ပေးလျက်၊ ထို့အပြင် ဖန်လုံအိမ်ဓါတ်ငွေလည်း ထုတ်လွှတ်ရခြင်းမရှိဘဲ အားထောက်စရာ လျှပ်စစ် ဓါတ်အားကို ရရှိစေနိုင်ခြင်းအားဖြင့် ရေအားလျှပ်စစ်လုပ်ငန်းသည် စီးပွားရေးဖွံဖြိုးတိုးတက်မှုကို များစွာအကျိုးပြုနိုင်ပါသည်။ အဓိက ပြဿနာကြီးကား ဤသို့သော စီမံကိန်းလုပ်ငန်းများ ကောင်းကျိုး၊ ဆိုးကျိုးများကို ပကတိ သဘာဝကျကျ တိုင်းတာပြရန်နှင့် ဒဏ်သင့်ခံရမည့်သူအားလုံးအား ဆုံးဖြတ်ချက်ချခြင်းကိစ္စတွင် တန်းတူရည်တူ ပြောဆိုခွင့်ပေးရန်ပင်ဖြစ်ပါသည်။ တွင် ရေအား လျှပ်စစ်ဆည်ဆိုင်ရာ ရိုက်ခတ်မှု အကဲဖြတ်ချက် မှန်သမျှတွင် ရိက္ခာလုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားရမည်ဟူသော အချက်လည်း အပါအ၀င်ဖြစ်သည်။
ဖွံ့ ဖြိုးတိုးတက်သည်ထက် ပို၍တိုးတက်အောင် ကြိုးပမ်းသွားရန် လိုအပ်ကြောင်းကိုတော့ လူတိုင်းသိပါသည်။ (သို့ရာတွင် ဖွံ့ဖြိုးမှု နှင့်အတူ (လုံးဝ မသိကျိုးကျွံပြုရန် မဆိုထားဘိ) ငြင်းပယ်ရန်ပင် မဖြစ်နိုင်သော တန်ဖိုးပေးဆပ်၊ ပေးချေရမှုများ တပါတည်း လိုက်ပါလာကြောင်းကိုလည်း ကျွန်ုပ်တို့အားလုံး သိထားရန် လိုပါသည်။)
သတင်းဇစ်မြစ်နေရာ အမျိုးမျိုးမှ ရနိုင်သမျှ သတင်းအချက်အလက် အတော်များများကို အသုံးပြုကာ အစိုးရများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဆည်ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်နေသော အခြားပုဂ္ဂိုလ်များကို အသိပေးလိမ့်မည်ဟုသာ မျှော်လင့် နိုင်ပါသည်။ အဆိုးရွားဆုံး ထိခိုက်ခံရစရာရှိသော လူမှုအသိုက်အမြုံများမှာ မလိုအပ်သော တန်ဖိုးပေးရမှုများ၊ ရည်ရွယ်ထားခြင်း မရှိသော ထိခိုက်မှုများ မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းသည် ဖွံ့ ဖြိုးရေးလုပ်ငန်းတွင် အဓိက ထည့်သွင်းစဉ်းစားစရာ အချက်ဖြစ်သင့်သည်ဟု ဆိုနိုင်သည်မဟုတ်ပါလား။
မောက္ခ ပညာရေးမဂ္ဂဇင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis