menu

Tuesday 24 January 2012

ထက်ထက်မိုးဦး ကလေးထိန်းနေသည်

 ပေါ်ပြူလာက မေးတယ်။ ထက်ထက် ဘာလုပ်နေလဲတဲ့။ သမီးလေးကို ပွေ့ချီထား တာမို့ ထက်ထက်ပြောလိုက်တယ်။ “ထက်ထက် ကလေးထိန်းနေသည်” လို့။ ဟုတ် တယ်လေ ထက်ထက်က သမီးကို ကိုယ်တိုင်ပဲ ထိန်းတယ်။ ပြီးတော့ ပေါ်ပြူလာက ထက်ထက်ကို စာမရေးဖြစ်ဘူး လားမေးတယ်။ ထက်ထက်က ဘာရေးရမှာ လဲမေးတော့ လတ်တလော ခံစားနေရတဲ့ အတွေးတွေရေးပေါ့လို့ ပြောလာတယ်။
လတ်တလော ဆိုတော့ ထက်ထက် ပေါင်ပေါ်မှာ အပြစ်ကင်းစွာ အိပ်မောကျနေတဲ့ သမီးလေးကို ကြည့်ဖြစ်တယ်။ မိဘမေတ္တာ၊ ဟုတ်တယ်။ မိဘမေတ္တာ ဆိုတဲ့ဟာက မိဘ မေတ္တာဆိုတဲ့ စကားလေးနဲ့ပဲ ကိုယ့်ဘဝတစ်ခုလုံး ဘယ်အတိုင်းအတာအထိ နက်ရှိုင်းတယ် ဆိုတာကို ပြောမပြတတ်ဘူး။ ဒါပေမဲ့ ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်တွေ့ လာရတဲ့ အခါ မှာ ဘယ်လောက်အထိ နက်ရှိုင်းတယ် ဆိုတာကို ပိုပိုပြီး သိလာတယ်။ ပိုပိုပြီးလေးနက် လာတယ် ဆိုတာကို ခံစားလာရတယ်။    အဲဒီတော့ ဒီသမီးလေးကို ဘယ်လောက် အထိ ချစ်လဲ၊ ပြောမပြ တတ်နိုင်လောက်အောင်ကို ချစ်ပါတယ်။ ကျန်တဲ့ မိဘတွေရဲ့ သားသမီးတွေ ကိုလည်း မိဘရဲ့ မေတ္တာတွေ ကို နားလည်စေချင် တယ်။ တချို့က တအား အလိုလိုက်တော့ မိဘရဲ့မေတ္တာကို ချစ်လို့ပဲ ဆိုးဆိုး၊ နွဲ့ဆိုးပဲဆိုးဆိုး မိဘရဲ့မေတ္တာ ကိုတော့ သိစေချင်တယ်။ ဘယ်လောက် အထိ မိဘ မေတ္တာ နက်ရှိုင်းတယ်၊ သားသမီးအပေါ်မှာ အချိန်တိုင်း အချိန်တိုင်း စိတ်မောနေ ရတယ်ဆို တာကို သိစေချင်တယ်။
အခုထက်ထက် ဆိုလည်း အချိန်တိုင်းမှာ သမီးလေးအတွက် ဘာလုပ် ပေးရမလဲဆိုတဲ့ အရာပဲ ခေါင်းထဲမှာ ရှိတယ်။ ကျန်တာတွေကို နောက်မှပဲ တွေးမိတယ်။ ကိုယ်တိုင် ထိန်းတဲ့ အတွက် တအားပင်ပန်းတယ်။ ငယ်ငယ်တုန်း ကတော့ နို့ပေါ့။  နို့ကနေပြီးမှ ဆန်ပြုတ်၊ ဆန်ပြုတ်ကနေ ထမင်းစားတဲ့ အရွယ်ရောက် လာတဲ့အခါမှာ တအားကို ပင်ပန်းတယ်။ အနုပညာအလုပ်က တစ်ဖက်၊ သမီးလေးက တစ်ဖက် ဆိုတော့ ပင်ပန်းတယ် မဟုတ်ပေမယ့်လည်း သူ့ကို အချိန်တိုင်း လုပ်ပေးချင်နေတာ။ အဲဒါကြောင့် တစ်ခါတလေကျရင် သြော်.. မိဘက ကိုယ့်ရဲ့သားသမီးကို လူတစ်လုံးသူ တစ်လုံးဖြစ်အောင် ဘယ်လောက်အထိ ပင်ပင်ပန်းပန်း ခက်ခက်ခက်ခဲခဲ နဲ့ မွေးဖွားခဲ့ရ တာလဲ ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း သိလာရတယ်။ ဘာလို့လဲဆိုရင် အထိန်းတို့၊ အဘိုး၊ အဘွားတွေနဲ့ ထားတဲ့သူတွေ အတွက် ကတော့ မပြောတတ်ဘူး။ ကိုယ်ကျတော့ တအားကို ချစ်ပြီး၊ တအားကို ပင်ပန်းပါတယ်။ မိဘမေတ္တာက ဘယ်လောက်အထိ နက်ရှိုင်းလေးနက်တယ် ဆိုတာကို ပိုပြီး သိလာရတယ်။
သမီးလေးနဲ့ ကြော်ငြာတွေဘာ တွေရိုက်ရင်တော့ သမီးလေးက ကလေးပဲ ရှိသေးတယ် ဆိုတော့ လူကြီးတွေက ပြုံးလိုက်ပါဦး ဆိုရင် ပြုံးတာပေါ့။ ဒါပေမဲ့ သူ့စိတ် ကြိုက် အရွယ်ရောက်လာရင်တော့ သူပြုံးချင်မှ ပြုံးမှာလေ။ အဲဒီအခါကျရင် သူက ဘာဖြစ်ချင်မယ် ဆိုတာကို  ကိုယ်က မသိနိုင်ဘူးလေ။
တစ်ငါးလုံး ဆုံတဲ့နေ့မှာ မွေးခဲ့တဲ့ သမီးလေးရဲ့(တစ်နှစ်) ပြည့်မှာ ထူးထူးခြားခြား လုပ်ပေးတာ မလုပ်ပေးတာက အဓိက မဟုတ်ပါဘူး။ ထက်ထက် စိတ်ထဲမှာတော့ သိလာရတာက ဘာလဲဆိုရင် သြော်..ကိုယ့်ရဲ့သမီးလေး မနက်ဖြန်ဆို တစ်နှစ်ပြည့်တော့မယ်။ မွေးခါနီး တစ်ရက်အလိုတုန်းက ငါဘယ်လို ခံစားနေတာ။ နေမထိ၊ ထိုင် မ ထိဖြစ်ပြီး အိပ်လို့လည်း မပျော်၊  ဒီအချိန်ဆိုရင် ရေမသောက် ရတော့ဘူး။ ဒီအချိန်ဆို ရင် မနက်ဖြန် ခွဲခန်းသွားဖို့ အတွက် ကို ပြင်ဆင်နေရပြီ ဆိုတဲ့ အကြောင်းတွေ ကို တွေးပြီး သူ့ကို မမွေးခင်က ဘယ်လောက်အထိ ပူနေခဲ့ရတယ် ဆိုတာကို တွေးမိတယ်။ အခုကျတော့လည်း တစ်နှစ်ပြည့်သွားပြီ ဆိုတော့ နောင်နှစ်တွေမှာ လည်း ဒီ့ထက်မက သူ့ကို အများကြီး ကြိုးစား ပြီးတော့ ပံ့ပိုးပေးနိုင်ဖို့ အစစအရာရာ စဉ်စားနေ ရတယ်။ သူကျန်းမာဖို့ အတွက်ပေါ့၊ လူတစ်ယောက်ဟာ ကျန်းမာမှ အလုပ် ကို ကောင်း အောင် လုပ်ဆောင်နိုင်မှာလေ။
အဲဒါကြောင့်မို့လို့ သမီးလေး ကျန်းမာ ဖို့အတွက် အခုအချိန်မှာ ဂရုစိုက်ရတယ်။ နောင်နှစ်တွေမှာ သမီးလေး အသက် ရလာတာနဲ့ အမျှကို ကျန်းမာပြီး စိတ်ရွှင်လန်း တက်ကြွစွာနဲ့ ပညာတွေ အများကြီး သင်နိုင်ပါစေ။ လိမ္မာတဲ့ သမီးတစ်ယောက် ဖြစ်ပါစေ။ ဖြစ်အောင်လို့လည်း ထက်ထက်ကတော့ လမ်းညွှန် ပေးမယ်။ သွန်သင် ဆုံးမပေးမယ်။ ဒါပေမဲ့ သမီးလေးကလည်း တအား လိမ္မာတယ်။ အမေ ဘုရားရှိခိုးရင်လိုက် ပြီးတော့ ရှိခိုးတယ်။ စကားတော့ သိပ်မပြောတတ် သေးပေမယ့် အမူ အရာတွေ လုပ်ပြီး စကားပြောတာထက်ကို တတ်နေပြီ။
   မိဘ ဆိုတာကတော့ သားသမီးကို တစ်ခုခု ခံစားနေရတဲ့ မျက်နှာဖြစ်ဖြစ် စိတ်ရှုပ် ပင်ပန်းနေတာပဲ ဖြစ်ဖြစ် မျက်နှာပြောင်း သွားတယ်ဆိုရင် အရိပ်အခြည် ကို သိတယ်။ မိဘဆိုတာ ကိုယ့်သားသမီး ဒီအရွယ်ထိ ရောက်တာတောင်မှ  သူခံစားနေရတာကို အဝေးကနေ ကြည့်ပြီး သိနေတာပါ။ အဲဒီ လောက်အထိ နက်ရှိုင်းပါတယ်။ အရင်တုန်း ကတော့ မိခင်မဖြစ်ခင် အချိန်အထိကို မိဘ မေတ္တာကို ရေရေရာရာ သေသေချာချာ မသိခဲ့ရဘူး။ မိဘမေတ္တာကို မိဘမေတ္တာလို့ပဲ ထင်တာ။ အခုတော့ လူကြီးတွေ က ပြောသလိုပါပဲ။ ငယ်တဲ့အရွယ်၊ မိခင်မဖြစ်တုန်းက အရွယ်ကလိုမျိုး ပေါ့ပေါ့လေး တော်ရုံနေလို့ မရတော့ဘူး ဆိုတာ သိလာတယ်။ ကိုယ်က လည်း  ကျန်း မာအောင် နေရမယ်။ ကိုယ့်သားသမီး ကိုလည်း ဂရုစိုက်ရမယ်။ ကိုယ်ကလည်း နေတတ်ရမယ်။ ဒါမှလည်း ကိုယ့်ရဲ့ သားသမီး ကို ဆုံးမလို့ရမယ်လို့ လူကြီးတွေက တစ် ဆင့် ကိုယ့်ကို ပြောပြတယ်။ ကိုယ်ကလည်း အနန္တ ဂိုဏ်းဝင်တွေ ဖြစ်လာပြီ ဆိုတော့ အစစအရာရာ ကို ဂရုစိုက်ရတာပေါ့။
ထက်ထက်ရဲ့ လတ်တလော အတွေး ဆိုလို့ အလင်းတန်း ဂျာနယ်မှာပါတဲ့ ဆရာမ ခင်ပန်နှင်း ရေးထားတာ ကိုဖတ်ရပြီး တအားလည်း ဝမ်းသာရတဲ့ အကြောင်း ပြော ချင်တယ်။ အဲဒီဆောင်းပါး ဖတ်ရတဲ့အချိန်မှာ ပရီမီယာက နို့ကြော်ငြာ ရိုက်ပြီးတဲ့ အချိန်မှာရယ်။ ပြီးတော့ ပဒုမ္မာ ဆပ်ပြာ ရိုက်ပြီးသွားတဲ့ အချိန်ရယ်ပါ။ အခု တလောမှာ ကတော့ ကြော်ငြာတွေ ကိုပဲ ဆက်တိုက် ရိုက်ဖြစ်နေတာပါ။ ဇာတ်ကားတွေ ကတော့ သိပ်မရိုက်ဖြစ်သေးဘူး။ ပရိသတ်ကို ပြောချင်တာက ဘာလဲ ဆိုရင် အခုအချိန်မှာ ငယ်ငယ်တုန်းက အတိုင်း  ပြန်ပြီးတော့ ဝိတ်မချ ရသေးလို့ ဝနေတာလေးကို နားလည် ပေးပြီးတော့မှ ခဏလောက်ကြည့် ထားပေးပါ၊ နားလည် ပေးပါလို့။ တဖြည်းဖြည်းတော့ နဂို အတိုင်း ပြန်ဖြစ်အောင် ကြိုးစားသွားမှာပါ။ ဒါပေမဲ့ အသက်အရွယ် အရက  တော့ သူ့ အသက်အရွယ်၊ သူ့ ပုံစံနဲ့ သူ  ဆိုတော့ ငယ်ငယ်တုန်း ကလိုတော့ လှချင်၊နုချင်၊ ငယ်ချင်လို့ ကတော့ မဖြစ်နိုင်ပါဘူး။ သူ့အသက် အရွယ်နဲ့သူ ကြည့်ကောင်းအောင် ကြိုးစားသွားပါမယ်လို့ ပရိသတ်တွေကို ပြောချင်ပါတယ်။ မျိုးဆက်သစ် အနုပညာရှင်တွေက တော့ အားရဖို့ ကောင်းပါတယ်။ ဝတ်မှုံရွှေရည် နဲ့ ဆပ်ပြာကြော်ငြာ ရိုက်တုန်းကလည်း ဝတ်မှုံ ရွှေရည်က တော်ပြီးသားပါ။ ပြီးတော့ သူက လည်း ထက်ထက်ရဲ့ သမီးလေးလို၊ ညီမလေး လိုချစ်ပြီးသားပဲ ဆိုတော့ ဘာမှကို ပြောစရာ မလိုပါဘူး။ သူဘာပဲလုပ်လုပ် ကောင်းပါတယ်။ သူလည်း သူ့ကြိုးစားမှု နဲ့ သူပေါ့။ ဆရာမ ခင်ပန်နှင်းကတော့ အရင်က ထက်ထက် အပေါ် သံယောဇဉ်နဲ့ ကိုယ့်ကြိုးစားမှုကို ဖော်ထုတ်ပြ လိုက်တာ ကိုယ့်ကို အသိအမှတ်ပြု ပေးတဲ့ အတွက်ကို တအားလည်း ကျေးဇူးတင် မိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ်ငယ်ငယ်တုန်းက ဘယ်လောက်ထိ နေပူမိုးရွာထဲမှာ ကြိုးစားခဲ့ ရတယ်ဆိုတဲ့ အသေးစိတ်လေးကို ဒီဆရာမ ကသိတယ်။ အလေးအနက်ထားပြီး ပြောပြတယ် ဆိုတော့ အဲဒီအတွက်ကို ပိုလေးစားပြီး ပိုပြီးကျေးဇူးတင်မိတာပါ။ ဘယ်လောက် အထိ ပင်ပန်း ခဲ့တယ် ဆိုတာကို ပရိသတ်ကို တစ်ဆင့်ထပ်ပြီး အသိပေးခဲ့တဲ့ အတွက် ကျေးဇူး အများကြီးတင်ပါတယ်။ အဲဒီမှာ ထည့်ခွင့်ရတဲ့ အတွက် အလင်းတန်းက ဦးဝင်းငြိမ်း ကို လည်းကျေးဇူး အများကြီးတင်ပါတယ်။
အကယ်ဒမီပွဲက ဖေဖော်ဝါရီ ၇ရက် ဆိုတော့ ထက်ထက် ပရိသတ်ကို ထက်ထက်ရဲ့ အကယ်ဒမီ အစီအစဉ် အတွေးလေးလည်း ရှိတယ်။ အကယ်ဒမီ ကိုတော့ နှစ်တိုင်း တက်ဖြစ် ပေမယ့် မနှစ်ကတော့ ကလေးမွေးနေလို့ မတက်ဖြစ်ခဲ့ဘူး။ ဒီနှစ်တော့ တက်မှာပါ။ မိသားစု လိုက်တော့သွားမယ်။ ဒါပေမဲ့ သမီးလေးကိုတော့ ပွဲခင်းထဲ မခေါ် သွားတော့ဘူး။ ဟိုမှာက အကြာကြီးဆိုတော့ သူနေတတ်မှာ မဟုတ်ဘူး။ အကယ်ဒမီ ပွဲတက်ဖို့ ဝတ်စုံအတွက် မန္တလေးက ကိုတင်မောင်ခိုင်က ချိတ်စပွန်ဆာ ပေးထားပါ တယ်။ အဲဒါ ထက်ထက်ရဲ့ လတ်တလော အတွေးတွေပါပဲ။
ပရိသတ်ရဲ့အချစ်များစွာအတွက်
ထက်ထက်မိုးဦး
ပေါ်ပျူလာဂျာနယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis