menu

Tuesday 24 January 2012

သာမန်ထက် အဆ ၃၀ ကြီးသည့်ကမ္ဘာ့အကြီးဆုံး ဂိမ်းခလုတ်ကို အင်ဂျင်နီယာ ကျောင်းသားများတီထွင်ခဲ့


သာမန်ထက် ဂိမ်းခလုတ် တစ်ခုထက်အဆ ၃၀ ကြီးသည့် ကမ္ဘာ့အကြီးဆုံး ဗီဒီယိုဂိမ်းခလုတ်ကို လန်ဒန်ရှိ လီဗာပူးလ် St Station တွင် ပြသခဲ့သည်။ အဆိုပါဂိမ်းခလုတ်သည် ဂင်းနက်စ်မှတ်တမ်း၏ Gamer ကဏ္ဍသစ်တွင် ထူးခြားသောပစ္စည်း တစ်ခုအဖြစ် ပွဲထုတ်ပြသခဲ့သည်။

နင်တန်းဒိုးဂိမ်း၏ NES( Nin-tendo Entertainment System)ခလုတ်ပုံစံအတိုင်း အရွယ်အစားကြီးပြီး တီထွင်ခဲ့သည့် အဆိုပါခလုတ်သည် အလျား ၁၂ ပေ၊ အနံ ၅ ပေ ၃ လက်မ၊ အမြင့် ၁ ပေ ၈ လက်မရှိ ပြီး အလေးချိန် ၂၆၅ ပေါင်ခန့်ရှိ သည်။ အဆိုပါ ခလုတ်ကို ဖန်တီးရန်အတွက် အချိန် ငါးလကြာမြင့်ပြီး ပေါင် ၄၀၀၀ ကုန်ကျခဲ့သည်။
နယ်သာလန်ရှိ Delft နည်းပညာတက္ကသိုလ်မှ ကျောင်းသားသုံးဦးပါဝင်သည့် အဖွဲ့က Guiness World Records 2012 Gamer's Edition တွင် ပြသရန်အတွက် တီထွင်ခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ ကြိုးစားပမ်းစားတီထွင်ခဲ့မှုတစ်ခုပါ။ ဂိမ်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အရူးအမူးကို စွဲလန်းကြပါတယ်''ဟု အဆိုပါအဖွဲ့ထဲမှ အသက် ၂၃ နှစ်အရွယ်ရှိ ဗြိတိန်အင်ဂျင်နီယာကျောင်းသား Ben Allen က ပြောကြားခဲ့သည်။
ဂိမ်းခလုတ်၏ အရွယ်အစားကြောင့် အဆိုပါခလုတ်ကို နှိပ်ရန် (သို့မဟုတ်) ခုန်ရန်အတွက် လူနှစ်ဦးထက်မနည်း လိုအပ်မည်ဖြစ်သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis