menu

Tuesday 24 January 2012

မှတ်တမ်းကားများနှင့် ဇာတ်လမ်းတိုများ ရိုက်ကူးခြင်းကိုစိတ်ဝင်စားသူပိုများလာ

လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်၌ ဆုရရှိခဲ့သော ဇာတ်လမ်းတို
မှတ်တမ်းဇာတ်လမ်းများနှင့် ဇာတ်လမ်းတိုများ ရိုက်ကူးခြင်းအပေါ် စိတ်ဝင်စားသူပိုများလာကြောင်း အနုပညာအသိုင်းအ၀ိုင်းမှ သိရှိရပါသည်။
''အခုနောက်ပိုင်း မှတ်တမ်းကား ဆိုတာကို မြန်မာပရိသတ်က ပိုပြီးရင်းနှီးလာတယ်။ အဲဒီလိုပဲ အနုပညာရှင်တွေ အထူးသဖြင့် ဒါရိုက်တာပိုင်းမှာ မှတ်တမ်းဇာတ်လမ်းတွေနဲ့ ဇာတ်လမ်းတိုတွေရိုက်ကူးဖို့ စိတ်ဝင်စားတဲ့ သူတွေလည်း များလာတယ်။ ဒါပေမယ့် မြန်မာပရိသတ်အတွက် လောလောဆယ် မှတ်တမ်းကားဆိုတာထက် ဇာတ်လမ်းတွေက ပိုပြီးရင်းနှီးမှုရှိမယ်လို့ ထင်တယ်''ဟု ဒါရိုက်တာဝိုင်းက ဆိုပါသည်။


မြန်မာနိုင်ငံတွင် မှတ်တမ်းကားများကိုလွန်ခဲ့သည့် သုံးနှစ်လောက်တွင်မှ အနုပညာသမားအချို့ စိတ်ဝင်စားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ''မှတ်တမ်းကားဆိုတာက နိုင်ငံတကာမှာ ရှိနေတာကြာပါပြီ။ မြန်မာနိုင်ငံ မှာတော့ ခေတ်စားတာသိပ်မ ကြာသေးဘူး။ မှတ်တမ်းကားနဲ့ ပတ်သတ်ပြီး နိုင်ငံတကာပွဲတွေမှာ မင်းထင်ကိုကိုကြီးတို့၊ ကြည်ဖြူသျှင်တို့တွေ ဆုရခဲ့ကြတယ်။ အဲဒီတော့ နိုင်ငံတကာကို ထိုးဖောက်ဖို့ဆိုရင် ဇာတ်ကားတွေ ထက် မှတ်တမ်းကားတွေက ပိုလွယ်မယ်လို့ ယူဆလာကြ တယ်။ အဲဒီလိုလည်း မြင်လာကြတယ်။ ဒါကြောင့် မှတ်တမ်းကားရိုက်တဲ့သူ ပိုများလာတယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းတိုတွေက မြန်မာပရိသတ် လက်ခံပြီးသား ပါ။ ဆက်မလုပ်ကြလို့သာ ဈေးကွက်မှိန်နေတာမျိုးပါ။ ဒါကြောင့် မှတ်တမ်းကားနဲ့ ဇာတ်လမ်းတိုတွေရိုက်တဲ့သူ ပိုများလာသလို အဲဒါတွေက ဈေးကွက်တစ်ခုလည်း ဖြစ်လာဖို့ အလားအလာရှိနေပါတယ်'' ဟု ဒါရိုက်တာမောင်မျိုးမင်းက ဆိုပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis