menu

Saturday 15 February 2014

ခပ်မိုက်မိုက်ပုံစံမျိုးတွေ ၀တ်ရတာ ကြိုက်တယ်လို့ဆိုတဲ့ အောင်ရဲလင်း


နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်သလို လက်ရှိအနုပညာလောကရဲ့ နာမည်ရနေတဲ့ မင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ အောင်ရဲလင်းနဲ့ ဆုံတွေ့ခိုက် သူ့ရဲ့ ဖက်ရှင်နဲ့ အပြင်အဆင်အကြောင်းတွေကို မေးမြန်းဖြစ်တဲ့အခါမှာတော့ သူက သူ့ရဲ့ဆံပင်ပုံစံအကြောင်းကို ပထမဆုံး စပြောပါတယ်။ ‘၂၀၁၄ရဲ့ ဆံပင်ပုံစံ အတိုတွေဖြစ်နေတာပေါ့။ အတိုထားတာများတယ်။ ဆံပင်နဲ့ ကာရိုက်တာပိုင်းကို လိုက်ဖက်အောင်ပဲဝတ်တယ်။ ၂၀၁၄မှာ ကျွန်တော်ရဲ့စတိုင်လ်က အရင်က ဖန်စီပုံစံတွေထက် smartဘက်ကို သွားတယ်။ ဆံပင်နည်းနည်း ပြန်ရှည်လာတဲ့အခါ ကျရင်တော့ ပုံစံတစ်မျိုးပြန်ပြောင်းမှာပေါ့။’လို့ သူကပြောပါတယ်။
အဝတ်အစားနဲ့ပတ်သက်ပြီးတော့လည်း သူက ‘ကျွန်တော်က နည်းနည်းမိုက်တဲ့ပုံစံမျိုးတွေ ဝတ်ရတာသဘောကျတယ်။ ကာရိုက်တာနဲ့ ဆိုရင်တော့ ကာရိုက်တာနဲ့လိုက်အောင်လို့ ဝတ်ဆင်ရတာပေါ့။ အခု နောက်ပိုင်းမှာ ရိုက်ရတဲ့ ဇာတ်ကားတွေကလည်း smart ဘက်သွားတာတွေများတယ်ဆိုတော့လေ။ အပြင်သွားလို့ ဝတ်ဖြစ်မယ်ဆိုရင်တော့ နည်းနည်း ခပ်မိုက်မိုက်ပုံစံမျိုးတွေ ဝတ်ရတာကိုကြိုက်တယ်။ လည်သာဂျာကင်တို့၊ ဂျင်းဂျာကင်တို့၊ အပေါက်တွေ၊ အပြဲတွေပါတဲ့ အဲဒီလိုဖက်ရှင်မျိုးတွေ ဝတ်ရတာကို ကြိုက်တယ်။ ဖက်ရှင်ကျဖို့ဆိုတာကတော့ အနုပညာရှင်မှမဟုတ်ပါဘူး။
စကားပုံတောင်ရှိသေးတာပဲ။ တောင်းမှာအကွပ်၊ လူမှာအဝတ်ဆိုတဲ့အတိုင်းပဲ။ ဖက်ရှင်ကတော့ လူတစ်ယောက်အတွက် အရေးကြီးဆုံးပါပဲ။ အရေးကြီးဆုံးထဲမှာပါတာပေါ့။ ဖက်ရှင်နဲ့ ပတ်သက်ပြီး လေ့လာမှုတွေကတော့ ရုပ်ရှင်တွေကြည့်ဖြစ်ပါတယ်။ ပြီးသွားရင်သူတို့ဝတ်တဲ့ပုံစံတွေကို ကြည့်တယ်။ ဖက်ရှင်နဲ့ ပတ်သက်တဲ့အရာတွေ အင်တာနက်တို့မှာလည်း ကြုံရင်ကြုံသလို လေ့လာပါတယ်။ ပြီးရင် ဇာတ်ကားတစ်ကားရိုက်တော့မယ်ဆိုရင် ကျွန်တော်စဉ်းစားတယ်။ ကျွန်တော်လုပ်ရမဲ့ ကာရိုက်တာက ဘာလဲ။ ကျွန်တော်ဘယ်လိုပုံစံ ဝတ်မှာလဲဆိုတာ အမြဲစဉ်းစားတယ်။ တစ်ကားနဲ့ တစ်ကား ပုံစံမတူအောင်တော့ ကျွန်တော်စဉ်းစားတယ်။ တစ်ချို့အရာတွေကျတော့လည်း ဆင်တာလေးတွေတော့ရှိမှာပဲ။ ဒါပေမဲ့ကွဲအောင်တော့ ကြိုးစားထားပါတယ်။ ဖက်ရှင်နဲ့ ပတ်သက်ပြီး အကြံပေးရမယ်ဆိုရင်တော့ အဓိကကတော့ ကိုယ်နဲ့လိုက်ဖို့အရေးကြီးပါတယ်။ လိုက်ဖက်မှုရှိဖို့က အရေးကြီးဆုံးပေါ့နော်။ နောက်တစ်ခုက ကိုယ်သွားမဲ့၊ လာရမဲ့နေရာနဲ့ ကိုယ်ဝတ်တဲ့ အဝတ်အစားနဲ့က လိုက်ဖက်မှုရှိဖို့ပါပဲ’တဲ့။

Trend Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis