menu

Saturday 15 February 2014

နွေရာသီရောက်တော့မယ်ဆိုရင်တော့ သင်္ကြန်ကိုပဲ စိတ်ကူးယဉ်မိပါတယ်လို့ ဆိုတဲ့အဆိုတော်အိမ့်ချစ်


အသက်ငယ်ပေမယ့် အဆိုပညာမှာ ဆရာကျလှတဲ့ အိမ့်ချစ်နဲ့ တွေ့ဆုံခိုက် သူမရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုအကြောင်း မေးကြည့်တဲ့အခါ ‘အိမ့်ချစ်လတ်တလောမှာတော့ ခရီးတွေ ဆက်တိုက်ထွက်ဖြစ်နေပါတယ်။ ပြည်တွင်းရော၊ ပြည်ပရောသွားဖြစ်နေပါတယ်။ မတ်လ ၁၃ ရက်နေ့မှာ စင်ကာပူ ခရီးစဉ်သွားဖို့ရှိပါတယ်။ နောက်ပြီး ကိုရီးယားခရီးစဉ်သွားဖို့ ရှိပါသေးတယ်။ နောက်ပြီး ဧပြီလမှာ စင်ကာပူ သင်္ကြန်ထပ်ရှိတယ်။ Emperor နဲ့သွားရမှာပါ။ နောက် အိမ့်ချစ်ရဲ့ အချစ်ရေး VCD ရိုက်နေပါတယ်။ အချစ်ရေးတစ်ပုဒ်တော့ ရိုက်ပြီးသွားပြီ။ တစ်လကို နှစ်ပုဒ်ရိုက်သွားဖို့တော့ စဉ်းစားထားပါတယ်။ ၆လလောက်တော့ ကြာပါဦးမယ်။’လို့ သူက ပြောပြပါတယ်။
ဖက်ရှင်နဲ့ ပတ်သက်ပြီးတော့လည်း သူက ‘အများကြီးလေ့လာဖြစ်ပါတယ်။ MTVတွေကြည့်တယ်။ မဂ္ဂဇင်းတွေဖတ်တယ်။ အခုဘာတွေဝတ်နေလဲ။ ဘယ်လိုအရောင်တွေခေတ်စားနေလဲ။ အဲဒီမှာမှ ကိုယ်နဲ့လိုက်ဖက်မဲ့အရာတွေ ရွေးချယ်ပြီးတော့ ပြန်ဝတ်ပါတယ်။ မလိုက်ဖက်မဲ့အရာတွေတော့ မဝတ်ဘူးပေါ့။ အရမ်းမိန်းမဆန်တဲ့ အဝတ်အစားမျိုးဝတ်ရတာကို မကြိုက်ဘူး။ ဒါပေမဲ့ တစ်ခါတစ်လေမဖြစ်မနေ ဝတ်ရမဲ့နေရာမျိုးရင်တော့ ဆိုဝတ်ဖြစ်ပါတယ်။ ဖြစ်နိုင်လို့ လွတ်လွတ်လပ်လပ်ဝတ်ရမဲ့ နေရာမျိုးဆိုရင်တော့ ယောင်္ကျားဆန်တဲ့ပုံစံမျိုးပဲ ပိုပြီးဝတ်ဖြစ်ပါတယ်။
အကြိုက်ဆုံးဖက်ရှင်ကတော့ ဂျင်းပါပဲ။ ဂျင်းဝတ်ရတာကို အရမ်းကြိုက်တယ်။ ဂျင်းနဲ့လက်ပြတ်အင်္ကျင်္ီနဲ့ ခါးပတ်ကလေးတွေ ပတ်ပြီးဝတ်ရတာကို အရမ်းသဘောကျတယ်။ ငယ်ငယ်ကတည်းက ကြိုက်တဲ့ဖက်ရှင်ပါ။ အခုချိန်ထိလည်း ကြိုက်နေတုန်းပါပဲ။ အိမ့်ချစ်ကတော့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့အမြင်ကို ပြောရမယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ်ပိုပြီးတော့ Confidence ရှိစေတဲ့ အဝတ်အစားမျိုးတွေ ဝတ်ရတာ ပိုကြိုက်တယ်။ Confidence ရှိတဲ့ ရဲရင့်တဲ့ပုံစံမျိုးတွေကို သဘောကျတယ်။  သူတို့ကတောင်မှ ကိုယ့်ကိုပြန်သင်ပေးနေတာပါ။ ကိုယ်က အပြင်က ပရိသတ်တွေကိုကြည့်ပြီး ပြန်ဝတ်နေရတာပါ။ ဒါပေမဲ့လို့ ကိုယ့်အဝတ်အစားနဲ့ကိုယ် လူပြောမခံရဖို့ကတော့ အရေးကြီးဆုံးပဲပေါ့။ ကိုယ်ကိုယ်တိုင်လည်း သတိထားရသလို သူများတွေကိုလည်း သတိထားစေချင်တာပါ။ အိမ့်ချစ်ရဲ့အမြင်ကတော့ ဖက်ရှင်ဆိုတာ အနုပညာရှင်တွေ အတွက်တော့ ၅၀ရာခိုင်နှုန်းလောက်ပဲ အရေးကြီးတယ်လို့မြင်ပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ကိုယ့်ရဲ့အသံသည် အရင်ဆုံး Perfectဖြစ်နေဖို့သာ လိုပါတယ်။ အဓိကကိုယ့်ရဲ့ဖျော်ဖြေမှုကို ပရိသတ်ကြိုက်အောင်လို့ လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ အဲဒီနောက်ပိုင်းမှာ မှအဝတ်အစားဆိုတာ အရေးပါတာပါ။ ခု နွေရာသီရောက်တော့မယ်ဆိုတော့ အိမ့်ချစ် ချည်လက်ရှည် အင်္ကျင်္ီလေးတွေပဲ ဝတ်တာများပါတယ်။ အဲဒါမှ အသားအရေကို လုံခြုံအောင်လို့ပေါ့။ နေပူထဲသွားရင် Sunscreen ကိုအဓိကလိမ်းဖြစ်ပါတယ်’တဲ့။
နွေရာသီနဲ့ပတ်သက်ပြီးတော့လည်း ‘စိတ်ခံစားချက်ပြောရမယ်ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ အရမ်းပူရင်တော့မကြိုက်ဘူး။ နွေရာသီနဲ့ ပတ်သက်လို့ စိတ်ခံစားချက်ပြောရမယ်ဆိုရင် သင်္ကြန်အမြဲတမ်း ရောက်ချင်တယ်။ နွေရာသီရောက်တော့မယ်ဆိုရင်တော့ သင်္ကြန်ကိုပဲစိတ်ကူး ယဉ်နေတာပေါ့။ ဒီနှစ်သင်္ကြန်မှာ မန္တလေးမြို့တော်ဝန်မှာပဲ ရှိပါမယ်။ နှစ်တိုင်းနှစ်တိုင်း သင်္ကြန်မှာ သီချင်းဆိုနေရတာပဲ များပါတယ်’လို့ သူက ပြောပါတယ်။  

Trend Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis