menu

Saturday 15 February 2014

အမေရိကန် ပြည်ထောင်စု ကင်တပ်ကီ ပြည်နယ်ရှိ Corvette ပြတိုက်အတွင်း ဂလိုင်ပေါက်ကြီး ဖြစ်ကာ ကားရှစ်စီး ကျွံကျ

Photo: အမေရိကန် ပြည်ထောင်စု ကင်တပ်ကီ ပြည်နယ်ရှိ Corvette ပြတိုက်အတွင်း ဂလိုင်ပေါက်ကြီး ဖြစ်ကာ ကားရှစ်စီး ကျွံကျ

အမေရိကန် ပြည်ထောင်စု ကင်တပ်ကီ ပြည်နယ်ရှိ Corvette အမျိုးသား ပြတိုက် အတွင်း၌ ဖေဖော်ဝါရီ ၁၂ ရက်က ရုတ်တရက် ကြီးမားသော ဂလိုင်ပေါက်ကြီး ဖြစ်ပွား ခဲ့ပြီးနောက် ၎င်းဂလိုင်ပေါက် အတွင်းသို့ မော်တော်ယာဉ် ရှစ်စီးကျွံကျ သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဂလိုင် ပေါက်ကြီးသည် Corvette အမျိုးသား ပြတိုက်အတွင်း ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၅ နာရီ ၄၄ မိနစ်က ရုတ်တရက် ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်ကြောင်း ပြတိုက် တာဝန်ခံ များက အစီရင်ခံစာ တစ်စောင်တွင် ပြောကြားခဲ့သည်။ ယင်းဂလိုင်ပေါက် ကြီး၏ အနက်မှာ ၂၅ပေမှ ပေ ၃ဝ အထိ ရှိနိုင်ပြီး အကျယ်မှာ ပေ ၄ဝ ရှိနိုင်ကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရောက်ရှိ လာကြသော Bowling Green မီးသတ် ဌာနမှ ခန့်မှန်းပြောကြား ထားသည်ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis