menu

Thursday 13 February 2014

လူခြောက်သန်းကို လျှပ်စစ်ပေးမည့်စက်ရုံ မန္တလေးတွင် အမေရိကန်ဆောက်မည်


အောင်မင်း|ဖေဖော်ဝါရီ ၁၃ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်။

လျှပ်စစ်ဓာတ်အား ၁၀၀ မဂ္ဂ၀ပ်ထုတ်ပေးနိုင်မည့် ဓာတ်အားပေးစက်ရုံတစ်ရုံ မြန်မာနိုင်ငံ၌ တည်ဆောက် ခွင့်ရရှိခဲ့ပြီဟု အမေရိကန်နိုင်ငံအခြေစိုက် စွမ်းအင်ကုမ်ဏီ APR Energy PLC မှကြေညာခဲ့သည်ဟု Wall Street သတင်းတစ်ရပ်၌ ဖေဖေါ်ဝါရီ ၁၂ ရက်က ဖော်ပြထားသည်။

“ဒါဟာ အလွန်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ” ဟု APR ၏ အာရှပစိဖိတ်ဒေသ စီးပွားရေးလုပ်ငန်း တိုး မြှင့်ရေး အကြီးအကဲ ကလစ်တာတန်က ပြောသည်။ သို့သော် သဘာဝဓာတ်ငွေသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံအတွက် မည်မျှရင်းနှီးမြှုပ်နှံမည်ဆိုသည်ကိုမူ အသေးစိတ် ထုတ်ဖော်ပြောဆိုသွားရန် ငြင်းဆန် ခဲ့သည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သော APR Energy PLC ၏ ကြေငြာချက်၌ ကုမ္ပဏီ၏ ရင်းနှီးမြှုပ် နှံမှုမှာ မြန်မာနိုင်ငံတွင်းရှိ အကြီးဆုံးသော အမေရိကန်ရင်းနှီးမြှုပ်နှံမှုများအတွက် တစ်ခုအပါအ၀င် ဖြစ် သည်ဟု ဖော်ပြထားသည်။


၂၀၁၃ ခုနှစ်မှစတင်ကာ အာရှဒေသအတွင်း ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ခဲ့သည့် APR အနေဖြင့် မြန်မာ နိုင်ငံတစ်လွှား၌ အလားတူအခွင့်အလမ်းများကို ရှာဖွေသွားမည်ဟုလည်း မစ္စတာ တာတန်က ဆိုသည်။

ARP စွမ်းအင်လုပ်ငန်းအနေဖြင့် “မြန်မာနိုင်ငံကို အစောပိုင်းကတည်းက အာရုံစိုက်နေတာပါ”ဟုလည်း မစ္စတာ တာတန်က ဆိုသည်။ အာရှဒေသအတွင်း လျပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု အနိမ့်ဆုံးဖြစ်သည့်အ တွက်ကြောင့် ဖြစ်သည်ဟုလည်း ထည့်သွင်း ပြောဆိုသွားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် ARP ၏ သဘာဝဓာတ်ငွေသုံး ဓာတ်အားပေးစက်ရုံမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ လူခြောက်သန်းသို့ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။ လိုအပ်သောကုန်ကြမ်းအား ရွှေသဘာဝဓာတ်ငွေပိုက်လိုင်းမှ ရယူသွားမည်ဖြစ်သည်။

စက်ရုံတည်ဆောက်ခွင့်အား မြန်မာ့လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ စီစစ်သည့် အိတ်ဖွင့်တင်ဒါ ခေါ်ဆိုမှုမှ တစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်သည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis