menu

Wednesday 12 February 2014

ရာဘာခြံ မီးငြိမ်းသတ်စဉ် အမျိုးသား တစ်ဦး မီးလောင် သေဆုံး


ပဲခူးမြို့၊ အမှတ်(၂)ရဲစခန်းအပိုင် လေးအိမ်စု ကျေးရွာအုပ်စု၊ မရမ်းချောကျေးရွာ အရှေ့(၁)မိုင်ခန့်အကွာတွင် (၁၁.၂.၂၀၁၄)နေ့ နေ့လည်(၂း၃၅)အချိန်ခန့် က ရာဘာခြံ မီးလောင်မှု တစ်ခုဖြစ်ပွားရာမှာ မီးဝိုင်းငြိမ်းသတ်ပေးခဲ့သူ တဦး သေဆုံးမှု တခုဖြစ်ခဲ့ကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။

ဖြစ်ပွားပုံမှာ လေးအိမ်စု ကျေးရွာအုပ်စု၊ မရမ်းချော ကျေးရွာအရှေ့(၁)မိုင်ခန့်အကွာရှိ ရာဘာခြံမှ တာဝန်ခံမန်နေဂျာ ဦးမျိုးမင်း တောင်လယ်တော ကျေးရွာ၊ မတ္ထရာမြို့နယ်နေသူမှ အလုပ်သမား(၁၀)ဦးနှင့်အတူ ရာဘာခြံအတွင်း အမှိုက်များ မီးရှို့ရာမှ ရာဘာပင်များ ကူးစက်လောင်ကျွမ်း သွားခဲ့ တယ်လို့ သိရပါတယ်။

အဆိုပါ ရာဘာခြံ အရှေ့ဘက်ခြမ်းရှိ ရာဘာခြံမှ အလုပ်သမားများ ဖြစ်သည့် ဘိုတောက်(ခ)စောကလေစေးနှင့် ဦးသန်းထွန်းတို့မှ ၀ိုင်းဝန်းငြိမ်း သတ်စဉ် ယင်းတို့(၂)ဦးအား မီးကူးစက်လောင်ကျွမ်းပြီး ဘိုတောက်(ခ) စောကလေစေးမှာ မီးလောင်သည့် ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးသွားခဲ့ပါတယ်။

ဦးသန်းထွန်းမှာ ၀ဲ/ယာခြေသလုံး မီးလောင်ဒဏ်ရာများ ရရှိ၍ ပဲခူးဆေးရုံ သို့ အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသမှုခံယူလျှက်ရှိပါတယ်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး ပဲခူးအမှတ်(၂)နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်
၃/၂၀၁၄အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သစ်ထူးလွင်မှ စုံစမ်းသိရှိရပါတယ်။

ကိုသန့် စင်

BY THIT HTOO LWIN

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis