menu

Wednesday 12 February 2014

သံတွဲမြို့တွင် ဖြစ်ပေါ်ခဲ့သော ဆူပူမှုများနှင့်ပတ်သက်ပြီး မြို့နယ် RNDP ဥက္ကဋ္ဌ အပါအ၀င် ခုနစ်ဦးအပေါ် စွဲဆိုထားသည့် အမှုများအား မှားယွင်းမှုအဖြစ် သတ်မှတ်ပြီး အမှုပိတ်သိမ်း

Photo: သံတွဲမြို့တွင် ဖြစ်ပေါ်ခဲ့သော ဆူပူမှုများနှင့်ပတ်သက်ပြီး မြို့နယ် RNDP ဥက္ကဋ္ဌ အပါအ၀င် ခုနစ်ဦးအပေါ် စွဲဆိုထားသည့် အမှုများအား မှားယွင်းမှုအဖြစ် သတ်မှတ်ပြီး အမှုပိတ်သိမ်း

နှစ်လကျော်ကြာ အချုပ်ထောင်တွင် ကျခံခဲ့ရပြီးနောက် သံတွဲမြို့ RNDP ဥက္ကဋ္ဌအပါအ၀င် ရခိုင်တိုင်းရင်းသား ခုနစ်ဦးအား စွဲဆိုထားသည့် အမှုများအား မှားယွင်းမှုအဖြစ် ဖေဖော်ဝါရီ ၁၁ ရက်က သံတွဲတရားရုံးမှ အမှုပိတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံထားရခြင်းမှ လွတ်မြောက်လာသူများတွင် ရခိုင်လူမှုကွန်ရက်မှ နှစ်ဦး၊ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့မှ လေးဦးနှင့် ရခိုင်တိုးတက်ရေးပါတီ (RNDP)မှ သံတွဲမြို့နယ်ဥက္ကဋ္ဌ ဦးမောင်ပုတို့ ပါဝင်ခဲ့ကြောင်း သိရသည်။ အဆိုပါပုဂ္ဂိုလ်များမှာ သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရသူများဖြစ်ပြီး ရဲစခန်းမှ တာဝန်ရှိသူများအား ၀တ္တရားနှောင့်ယှက်မှု ပြစ်မှုမမြောက်သဖြင့် တရားသေလွှတ်လိုက်ကြောင်း သိရသည်။

သံတွဲ RNDP ဥက္ကဋ္ဌ ဦးမောင်ပု(ခ) ဦးစောလှိုင်အား ပုဒ်မ ၅၀၅ (ဂ)နှင့်ပုဒ်မ ၁၈၆ တို့ဖြင့် စွဲဆိုထားခဲ့ခြင်းဖြစ်ပြီး ပထမစွဲဆိုခံရသော အမှုအမှတ် ၃၃၃/၂၀၁၃ ပြစ်မှုပုဒ်မ ၅၀၅(ဂ)မှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။ ကျန်ရှိသော ပုဒ်မဖြစ်သည့် ၃၃၂/၂၀၁၃ ပြစ်မပုဒ်မ ၁၈၆ ဖြင့် စွဲဆိုခံရသော အမှုများကို မှားယွင်းမှုအဖြစ် အပြီးပြတ်ပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဘင်္ဂါလီလူမျိုး ဦးကျော်ဇံလှက ကိုနိုင်ဦးရဲ့ဆိုင်ကယ်မှာ တပ်ဆင်ထားတဲ့ သာသနာ့အလံကို ညစ်ညမ်းစွာဆဲဆိုမှုအတွက် ဘာပုဒ်မနဲ့ အရေးယူ အမှုဖွင့်ထားသလဲလို့ သံတွဲရဲစခန်းကို ငြိမ်းချမ်းစွာ သွားရောက်မေးမြန်ခဲ့တဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့က ဦးကျော်ကျော်၊ ဦးကျန်ထွန်း၊ ဦးဝင်းနိုင်၊ ဦးဌေးအောင်၊ ရခိုင်လူမှုကွန်ယက်(သံတွဲ)က ဦးသိန်းဝင်း၊ ဦးသိန်းစံ၊ ရခိုင်တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးမောင်ပုတို့ကို တရားစွဲဆိုခဲ့တာ ဖြစ်တယ်။ ဒီနေ့တော့ ဘာမှအပြစ်မရှိဘူး။ စွဲဆိုထားတဲ့ အမှုဟာလည်း မှားယွင်းမှုသာ ဖြစ်တယ်ဆိုပြီး မြို့နယ်ဒုတိယ တရားသူကြီးက ဆုံးဖြတ်လိုက်ပါတယ်” ဟု ရခိုင်လူမှုကွန်ယက်(သံတွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။    

သံတွဲပဋိပက္ခဖြစ်စဉ်တွင် သံသယရှိသူများအား စစ်ဆေးခဲ့သော သံတွဲခရိုင် တရားရုံးအား အောက်တိုဘာလ အတွင်းက တွေ့ရစဉ်

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis