menu

Sunday 12 January 2014

ယမန်နေ့က ဖြစ်ပွားခဲ့သည့် မိတ္ထီလာ လူသတ်မှု ပါဝင်ပတ်သတ်သူ သုံးဦးအား ထိန်းသိမ်းထား

မဇ္ဈိမသတင်းဌာန| တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၂ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။မိတ္ထီလာမြို့တွင် ဇန်နဝါရီလ ၁၁ရက် ညနေက ဖြစ်ပွားခဲ့သော လူသတ်မှုတွင် ပါဝင်သူ ၃ဦးကို မိတ္ထီလာမြို့နယ် ရဲစခန်းက ထိန်းသိမ်းထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၂ရက်တွင် ထုတ်ပြန်လိုက်သည်။

ဇန်နဝါရီ ၁၁ရက် ညနေ ၅နာရီခွဲက မိတ္ထီလာမြို့ ပြည်သာယာတောင်ရပ်ကွက် (၁) ပတ်လမ်းတွင် ဆွေမျိုးချင်း ရန်ဖြစ်ရာမှ ဓားဖြင့် အပြန်အလှန်ထိုးပြီး တစ်ဦးသေဆုံးခဲ့သည်။ သေဆုံးသူ အိမ်ရှင် ဖိုးပြူး(ခေါ်) ဝင်းကိုကိုက ဓားဖြင့် စတင်ထိုးခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဆေးစစ်ချက် မှတ်တမ်းအရ သိရသည်။

အခင်းဖြစ်ပွားသည့် နေရာတွင် ဓားဒဏ်ရာရရှိခဲ့သူ ဖိုးနီကို မိတ္ထီလာ ဆေးရုံတွင် အချုပ်ဖြင့် ဆေးကုသပေးလျက်ရှိပြီး ကျန်နှစ်ဦးကိုမူ မိတ္ထီလာအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

ထိုကဲ့သို့ ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားခြင်း မရှိစေရန်လည်း မိတ္ထီလာမြို့ အနီးတဝိုက်တွင် လုံခြုံရေး စနစ်တကျ ဆောင်ရွက်ထားပြီး အဆိုပါဖြစ်စဉ်သည် လူမျိုးရေး ဘာသာရေးနှင့် သက်ဆိုင်ခြင်း မရှိဘဲ မိသားစုချင်း အချင်းပွားခြင်းသာဖြစ်သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 


Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis